Saturday 6 December 2014

၄၂ လမ်း ခုံးကျော်တံတားတွင် ဆိုင်ကယ်ဖြတ်သန်းမှု ခွင့်ပြုရန်မရှိ

Photo: ၄၂ လမ်း ခုံးကျော်တံတားတွင် ဆိုင်ကယ်ဖြတ်သန်းမှု ခွင့်ပြုရန်မရှိ
Saturday, December 6, 2014

မန္တလေးမြို့ရှိ ၄၂ လမ်း ခုံးကျော်တံတားကို ဆိုင်ကယ် များ ပြန်လည်ဖြတ်သန်းအသုံးပြု ခွင့်ပြုတော့မည်မဟုတ်ကြောင်း သတင်းရရှိသည်။

ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းရန် စက်ဘီး၊ ဆိုင်ကယ် များဖြတ်သန်းခွင့်ပိတ်ပင်ထား သည့် ၄၂ လမ်းခုံးကျော်တံတား အား ပြန်လည်အသုံးပြုခွင့်ပေးရန် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီဝင်များက တင်ပြခဲ့သော်လည်း ပြန်လည်ဖွင့် ပေးရန်အစီအစဉ်မရှိဟု မန္တလေး တိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီးဌာန ၀န်ကြီး ဦးအောင် မောင်းကပြောကြားခဲ့သည်။

နိုဝင်ဘာ ၃ ရက်က မန္တလေး တိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် တစ် ဦး၏ ၄၂ လမ်း သံလမ်းခုံးကျော် တံတားပေါ် ပြန်လည်ဖြတ်သန်း ခွင့်ပြုနိုင်ရေးမေးခွန်း ဖြေကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

၇၈ လမ်းနှင့် လမ်း ၈၀ ကိုဆက်သွယ်ထားသည့် မဟာ အောင်မြေမြို့နယ် ၄၂ လမ်း သံလမ်းခုံးကျော်တံတား၏ အကျယ် မှာ ကား နှစ်စီးဘယ်ညာ ဖြတ်သွားရန်သာ လုံလောက်သော အကျယ်ရှိသည်။ မော်တော်ယာဉ်သွား လာမှုများ ယခင်ထက်များပြားလျက်ရှိသဖြင့် ကျဉ်းမြောင်းသောလမ်းများတွင် ဆိုင်ကယ်များနှင့် အန္တရာယ်ရှိနိုင်ပြီး ယာဉ်ကြောကျပ်တည်းမှုလည်းဖြစ်နိုင်၍ ၄၂ လမ်းသံလမ်းခုံးကျော်တံတားကို ဆိုင်ကယ်များဖြတ်သန်းခွင့်ပြန် လည်ဖွင့်ပေးရန် အစီအစဉ်မရှိကြောင်း ၀န်ကြီးက ဖြေကြားခဲ့သည်။

7Day DAILY

စက်ဘီး၊ဆိုင်ကယ်ဖြတ်သန်းခွင့် မပေးသော ၄၂လမ်း သံလမ်းခုံးကျော် တံတားကို တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်)

စက်ဘီး၊ဆိုင်ကယ်ဖြတ်သန်းခွင့် မပေးသော ၄၂လမ်း သံလမ်းခုံးကျော် တံတားကို တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်)

မန္တလေးမြို့ရှိ ၄၂ လမ်း ခုံးကျော်တံတားကို ဆိုင်ကယ်များ ပြန်လည်ဖြတ်သန်းအသုံးပြု ခွင့်ပြုတော့ မည်မဟုတ်ကြောင်း သတင်းရရှိသည်။

ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းရန် စက်ဘီး၊ ဆိုင်ကယ် များဖြတ်သန်းခွင့်ပိတ်ပင်ထား သည့် ၄၂ လမ်းခုံး ကျော်တံတား အား ပြန်လည်အသုံးပြုခွင့်ပေးရန် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ ၀င်များက တင်ပြခဲ့သော်လည်း ပြန်လည်ဖွင့် ပေးရန်အစီအစဉ်မရှိဟု မန္တလေးတိုင်းဒေသကြီး စည် ပင်သာယာ ရေးဝန်ကြီးဌာန ၀န်ကြီး ဦးအောင် မောင်းကပြောကြားခဲ့သည်။

နိုဝင်ဘာ ၃ ရက်က မန္တလေး တိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ ၄၂ လမ်း သံလမ်းခုံးကျော်တံတားပေါ် ပြန်လည်ဖြတ်သန်း ခွင့်ပြုနိုင်ရေးမေးခွန်း ဖြေကြားရာတွင် ပြောကြား ခဲ့ခြင်းဖြစ် သည်။

၇၈ လမ်းနှင့် လမ်း ၈၀ ကိုဆက်သွယ်ထားသည့် မဟာအောင်မြေမြို့နယ် ၄၂ လမ်း သံလမ်းခုံးကျော် တံတား၏အကျယ်မှာ ကားနှစ်စီးဘယ်ညာ ဖြတ်သွားရန်သာ လုံလောက်သော အကျယ်ရှိသည်။ မော်တော် ယာဉ်သွား လာမှုများ ယခင်ထက်များပြားလျက်ရှိသဖြင့် ကျဉ်းမြောင်းသောလမ်းများတွင် ဆိုင်ကယ်များနှင့် အန္တရာယ်ရှိနိုင်ပြီး ယာဉ်ကြောကျပ်တည်းမှုလည်းဖြစ်နိုင်၍ ၄၂ လမ်းသံလမ်းခုံးကျော်တံတားကို ဆိုင်ကယ်များဖြတ်သန်းခွင့်ပြန် လည်ဖွင့်ပေးရန် အစီအစဉ်မရှိကြောင်း ၀န်ကြီးက ဖြေကြားခဲ့သည်။

7Day DAILY

No comments:

Post a Comment