Saturday 6 December 2014

ရန်ကုန်မြို့တွင်း မျဉ်းဝါတားနေရာများတွင် ဘလောက်တုံးများ ဆက်လက်ချသွားမည်

Photo: ရန်ကုန်မြို့တွင်း မျဉ်းဝါတားနေရာများတွင် ဘလောက်တုံးများ ဆက်လက်ချသွားမည်
Saturday, December 6, 2014

ရန်ကုန်မြို့တွင်း မျဉ်းဝါတားထားသော နေရာတိုင်းတွင် ဘလောက်တုံးများ ချသွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး အမှတ် (၂) ယာဉ် ထိန်းရဲ တပ်ဖွဲ့ရုံး ဒုတိယရဲမှူးကြီး လင်းထွဋ်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ယာဉ်များ ပြဿနာကို ဖြေရှင်းရာတွင် ကွန်ကရစ် တုန်းများဖြင့် ကာရံကာ ဖြေရှင်းမှုကြောင့် ကားကျပ်သည့် ပြဿနာ ထပ်တိုးလာ သည်ဟု ဝေဖန်သူများက ဆိုသည်။ 

ဒီဇင်ဘာ ၅ ရက်က အဆိုပါတပ်ဖွဲ့ရုံးတွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်ပြီး ပြည်လမ်းကဲ့သို့ အဓိက လမ်းမကြီးများတွင် ဘလောက်တုံးများချသွားရန် လိုအပ်နေသည်ဟု ၎င်းက ဆိုသည်။

“ဘယ်လမ်းတွေမှာ ထပ်ချသွားမယ်ဆိုတာ အတိအကျမပြောနိုင်သေးပါဘူး။ ဒါပေမဲ့ မျဉ်းဝါတားထားတဲ့နေ ရာတိုင်းမှာ ဘလောက်တုံးတွေ ချသွားဖို့ ရှိပါတယ်” ဟု ဒုရဲမှူးကြီးလင်းထွဋ်က ဆိုသည်။

ဘလောက်တုံးများ ချထားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ငွေကျပ် ၂ ဘီလီယံ ခန့် အကုန်အကျခံကာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စီးပွားကူးသန်း အကြံပေးပုဂ္ဂိုလ် ဒေါက်တာ မောင်အောင် က မဇ္ဈိမကို အတည်ပြုပြောထားသည်။

“ဒါက ကျွန်တော်တို့ဆီမှာ အခုမှစလုပ်လို့ မျက်စိရိုင်းသလိုဖြစ်နေတာပါ။ နိုင်ငံတကာမှာလည်း အများပြည် သူသုံး လမ်းတွေကို ဒီလိုမျိုးပဲ တစ်လမ်းသီးသန့် ပေးပါတယ်။ နောက်ဆိုရင် တစ်မြို့လုံးမှာ ဘတ်စ်ကား တွေသွားဖို့ အများပြည်သူသုံးဖို့ လမ်းတစ်လမ်းသီးသန့်ဖြစ် သွားမှာဖြစ်ပါတယ်။BRT (Bus Rapid Transmit - ဘတ်စ်ကား အမြန်သယ်ယူပို့ဆောင်ရေး စနစ်) ပုံစံမျိုး ရေရှည်ကြရင်ဖြစ်မှာပါ” ဟု ယာဉ်ထိန်း ရဲ အုပ်ဝင်းလွင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မထသ ဒု-ဥက္ကဋ္ဌ ဦးမင်းဇော်က “ရန်ကုန်မြို့မှာ ရှိတဲ့လမ်းသွယ်တွေက ပေ ၂၀၀ လောက်ပဲ ရှိတယ်။ ဘေးလမ်း သွယ်တွေကို ကားလေးတွေ ၀င်လာဦးမှာဖြစ်ပါတယ်။ ဒီတော့ ဘေးလမ်းမှာ ကားကြီးတွေပဲရှိမယ်လို့ ယူဆလို့မရတော့ပါဘူး။ ချိုးဝင် ချိုးထွက်ကားတွေရှိနေဦးမှာဖြစ်တဲ့အတွက် သီးခြား တစ်လမ်းထပ်ပေးမှသာ ဒီစနစ် အောင်မြင်မယ်လို့ထင်ပါတယ်” ဟု သုံးသပ်သည်

ဘလောက်တုံးချထားသော နေရာအတွင်း စက်ချို့ယွင်းသောယာဉ်များကို ယာဉ်ထိန်းရုံးက ကရိန်းအသုံးပြု ကာဖယ်ရှားရပါက ကုန်ကျစရိတ် အစအဆုံးကို ယာဉ်ပိုင်ရှင်က ကျခံရမည်ဖြစ်ပြီး ယာဉ်ကြံ့ခိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန်မှာ ယာဉ်ပိုင်ရှင်၏ တာဝန်သာဖြစ်ကြောင်း ရဲအုပ်ဝင်းလွင်က ပြောသည်။

မော်တော်ယာဉ်ဥပဒေပုဒ်မ ၁၆၇ အရ စက်ပျက်ယာဉ်များကို လမ်းပေါ်ထားခွင့်မရှိဘဲ ပြည်သူတို့ ဆိုင်ရာနေရာတွင် ရပ်ဆိုင်းထားသော ယာဉ်ကို ဥပဒေပုဒ်မ ၁၃၃ ပါ ပြဋ္ဌာန်းချက်အရ ယာဉ်ပိုင်ရှင် သို့မဟုတ် တာဝန် ရှိသူက အမြန်ဖယ်ရှားပေးရမည်။ အမြန်ဖယ်ရှားပေး နိုင်ခြင်း မရှိပါက ကြီးကြပ်ထိန်း သိမ်းသူ ၏အစီအစဉ် အရ လွတ်သောနေရာသို့ဖယ်ရှားနိုင်သည်။ ထိုသို့ဖယ် ရှားခြင်းအတွက်ကုန်ကျစရိတ်ကို ယာဉ်ပိုင်ရှင် သို့မ ဟုတ် တာဝန်ရှိသူက ကျခံစေရမည်ဟု မော်တော်ယာဉ် ဥပဒေတွင်ပြဋ္ဌာန်းထားသည်။

မျဉ်းဝါလိုင်းနှင့် ဘလောက်တုံးချထား သောနေရာများ၏ ကပ်လျက် ကားပါကင်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ယခင်က ကန်ထရိုက်ပေးထား ခြင်းဖြစ်ပြီး ယခုအခါ ကန်ထရိုက်ကြေးများကို ပြန်အမ်းကာ ဖယ်ရှားထားကြောင်း ဒုရဲမှူးကြီး လင်းထွဋ်က ဆိုသည်။

Mizzima - News in Burmese 

(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ရန်ကုန်မြို့တွင်း မျဉ်းဝါတားထားသော နေရာတိုင်းတွင် ဘလောက်တုံးများ ချသွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး အမှတ် (၂) ယာဉ် ထိန်းရဲ တပ်ဖွဲ့ရုံး ဒုတိယရဲမှူးကြီး လင်းထွဋ်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ယာဉ်များ ပြဿနာကို ဖြေရှင်းရာတွင် ကွန်ကရစ် တုန်းများဖြင့် ကာရံကာ ဖြေရှင်းမှုကြောင့် ကားကျပ်သည့် ပြဿနာ ထပ်တိုးလာ သည်ဟု ဝေဖန်သူများက ဆိုသည်။

ဒီဇင်ဘာ ၅ ရက်က အဆိုပါတပ်ဖွဲ့ရုံးတွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်ပြီး ပြည် လမ်း ကဲ့သို့ အဓိက လမ်းမကြီးများတွင် ဘလောက်တုံးများချသွားရန် လိုအပ်နေသည်ဟု ၎င်းကဆိုသည်။

“ဘယ်လမ်းတွေမှာ ထပ်ချသွားမယ်ဆိုတာ အတိအကျမပြောနိုင်သေးပါဘူး။ ဒါပေမဲ့ မျဉ်းဝါတားထားတဲ့နေ ရာတိုင်းမှာ ဘလောက်တုံးတွေ ချသွားဖို့ ရှိပါတယ်” ဟု ဒုရဲမှူးကြီးလင်းထွဋ်က ဆိုသည်။

ဘလောက်တုံးများ ချထားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ငွေကျပ် ၂ ဘီလီယံ ခန့် အကုန်အကျခံကာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စီးပွားကူးသန်း အကြံပေးပုဂ္ဂိုလ် ဒေါက်တာ မောင်အောင် က မဇ္ဈိမကို အတည်ပြုပြောထားသည်။

“ဒါက ကျွန်တော်တို့ဆီမှာ အခုမှစလုပ်လို့ မျက်စိရိုင်းသလိုဖြစ်နေတာပါ။ နိုင်ငံတကာမှာလည်း အများပြည် သူသုံး လမ်းတွေကို ဒီလိုမျိုးပဲ တစ်လမ်းသီးသန့် ပေးပါတယ်။ နောက်ဆိုရင် တစ်မြို့လုံးမှာ ဘတ်စ်ကား တွေသွားဖို့ အများပြည်သူသုံးဖို့ လမ်းတစ်လမ်းသီးသန့်ဖြစ် သွားမှာဖြစ်ပါတယ်။BRT (Bus Rapid Transmit - ဘတ်စ်ကား အမြန်သယ်ယူပို့ဆောင်ရေး စနစ်) ပုံစံမျိုး ရေရှည်ကြရင်ဖြစ်မှာပါ” ဟု ယာဉ်ထိန်း ရဲ အုပ်ဝင်းလွင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မထသ ဒု-ဥက္ကဋ္ဌ ဦးမင်းဇော်က “ရန်ကုန်မြို့မှာ ရှိတဲ့လမ်းသွယ်တွေက ပေ ၂၀၀ လောက်ပဲ ရှိတယ်။ ဘေးလမ်း သွယ်တွေကို ကားလေးတွေ ၀င်လာဦးမှာဖြစ်ပါတယ်။ ဒီတော့ ဘေးလမ်းမှာ ကားကြီးတွေပဲရှိမယ်လို့ ယူဆလို့မရတော့ပါဘူး။ ချိုးဝင် ချိုးထွက်ကားတွေရှိနေဦးမှာဖြစ်တဲ့အတွက် သီးခြား တစ်လမ်းထပ်ပေးမှသာ ဒီစနစ် အောင်မြင်မယ်လို့ထင်ပါတယ်” ဟု သုံးသပ်သည်

ဘလောက်တုံးချထားသော နေရာအတွင်း စက်ချို့ယွင်းသောယာဉ်များကို ယာဉ်ထိန်းရုံးက ကရိန်းအသုံးပြု ကာဖယ်ရှားရပါက ကုန်ကျစရိတ် အစအဆုံးကို ယာဉ်ပိုင်ရှင်က ကျခံရမည်ဖြစ်ပြီး ယာဉ်ကြံ့ခိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန်မှာ ယာဉ်ပိုင်ရှင်၏ တာဝန်သာဖြစ်ကြောင်း ရဲအုပ်ဝင်းလွင်က ပြောသည်။

မော်တော်ယာဉ်ဥပဒေပုဒ်မ ၁၆၇ အရ စက်ပျက်ယာဉ်များကို လမ်းပေါ်ထားခွင့်မရှိဘဲ ပြည်သူတို့ ဆိုင်ရာ နေရာတွင် ရပ်ဆိုင်းထားသော ယာဉ်ကို ဥပဒေပုဒ်မ ၁၃၃ ပါ ပြဋ္ဌာန်းချက်အရ ယာဉ်ပိုင်ရှင် သို့မဟုတ် တာဝန် ရှိသူက အမြန်ဖယ်ရှားပေးရမည်။ အမြန်ဖယ်ရှားပေး နိုင်ခြင်း မရှိပါက ကြီးကြပ်ထိန်း သိမ်းသူ ၏အစီအစဉ် အရ လွတ်သောနေရာသို့ဖယ်ရှားနိုင်သည်။ ထိုသို့ဖယ် ရှားခြင်းအတွက်ကုန်ကျစရိတ်ကို ယာဉ်ပိုင်ရှင် သို့မ ဟုတ် တာဝန်ရှိသူက ကျခံစေရမည်ဟု မော်တော်ယာဉ် ဥပဒေတွင်ပြဋ္ဌာန်းထားသည်။

မျဉ်းဝါလိုင်းနှင့် ဘလောက်တုံးချထား သောနေရာများ၏ ကပ်လျက် ကားပါကင်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ယခင်က ကန်ထရိုက်ပေးထား ခြင်းဖြစ်ပြီး ယခုအခါ ကန်ထရိုက်ကြေး များကို ပြန်အမ်းကာ ဖယ်ရှားထားကြောင်း ဒုရဲမှူးကြီး လင်းထွဋ်က ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment