Saturday 6 December 2014

ဖမ်းဆီးထားသော အမေရိကန် ဂျာနယ်လစ်ကို သတ်ပစ်မည်ဟု ယီမင် အယ်လ်ကိုင်ဒါများ ခြိမ်းခြောက်

Photo: ဖမ်းဆီးထားသော အမေရိကန် ဂျာနယ်လစ်ကို သတ်ပစ်မည်ဟု ယီမင် အယ်လ်ကိုင်ဒါများ ခြိမ်းခြောက်
Saturday, December 6, 2014

ယီမင်နိုင်ငံတွင် ဖမ်းဆီးထားသည့် အမေရိကန်ဂျာနယ်လစ်ကို သတ်ပစ်မည်ဟု  အဆိုပါနိုင်ငံရှိ အယ်လ်ကိုင်ဒါအဖွဲ့က ဒီဇင်ဘာ ၄ ရက်တွင် ခြိမ်းခြောက်လိုက်သည်။

အယ်လ်ကိုင်ဒါတို့က ဆာနာမြို့တွင် လွန်ခဲ့သည့် တစ်နှစ်ကျော်က ဖမ်းဆီးထားသည့် အဆိုပါ ဓာတ်ပုံဂျာနယ်လစ်သည် အသက် ၃၃ နှစ်အရွယ် လူကီဆိုမားစ် ဆိုသူဖြစ်ပြီး ဖမ်းဆီးထားသည့် ဗီဒီယိုဖိုင်ကို ယခုလအတွင်း ထုတ်ပြန်ခဲ့သည်။ အမေရိကန်အခြေစိုက် SITE ထောက်လှမ်းရေး အဖွဲ့ကလည်း ဆိုမားစ်သည် ယမန်နှစ် စက်တင်ဘာလအတွင်းက ဆာနားတွင် ဖမ်းဆီးခံခဲ့ရကြောင်း အတည်ပြုခဲ့သည်။

အမေရိကန်တပ်ဖွဲ့များက ၎င်းအား ကယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သော ကြောင့် အယ်လ်ကိုင်ဒါများက ယခုကဲ့သို့ ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။ အမေရိကန်အစိုးရအနေဖြင့် မိမိတို့၏ တောင်းဆိုချက်များကို သုံးရက်အတွက် သဘောတူညီပါက ဆိုမားစ်ကို သတ်ပစ်မည်ဟု အဆိုပါ အယ်လ်ကိုင်ဒါအဖွဲ့မှ နက်ဆာဘင်အလီအယ်အန်ဆီက ပြောကြားသည်။

အမေရိကန်တပ်ဖွဲ့များက ဆိုမားစ်အား ကယ်တင်ရန် မကြိုးပမ်းမီကပင် အယ်လ်ကိုင်ဒါအဖွဲ့က ဆိုးမားစ်အပါအ၀င် ဖမ်းဆီးထားသည့် ဗြိတိန်နိုင်ငံသားတစ်ဦးနှင့် တောင်အာဖရိကနိုင်ငံသားတစ် ဦး တို့ကို နေရာ ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း ယီမင်ကာကွယ်ရေး ၀န်ကြီးက ပြောကြားခဲ့သည်။

ဓားစာခံများကို အမေရိကန်တို့က ကယ်တင်ရန် ကြိုးပမ်းမှုသည် မအောင်မြင်ခဲ့သော်လည်း စစ်သွေးကြွများ သေဆုံးခဲ့ရပြီး ယင်းလုပ်ရပ်သည် အမေရိကန်တို့၏ မိုက်မဲမှုဖြစ်ကြောင်း အယ်လ်ကိုင်ဒါခေါင်းဆောင် အန်ဆီက ပြောကြားသည်။

အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီမှ ပြောခွင့်ရအမျိုးသမီး ဘာနာဒီတီမီဟန်က အမေရိကန် နှင့်ယီမင်တပ်ဖွဲ့များက ဆိုမားစ်အား ကယ်တင်ရန် မကြာသေးမီက ကြိုးပမ်းခဲ့သော်လည်း ဆိုမားစ် ကို အဆိုပါနေရာတွင် မတွေ့ရတော့ကြောင်း၊ ဖမ်းဆီးခံထားရသည့် အခြားနိုင်ငံသားများကို တွေ့ရှိ ခဲ့သောကြောင့် ကယ်တင်နိုင်ခဲ့ကြောင်း ပြောကြားသည်။ အဆိုပါ စစ်ဆင်ရေးကို သမ္မတအိုဘားမား က နိုဝင်ဘာလအတွင်း ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်ကာကွယ်ရေးဌာန ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်ကာဘီကလည်း အဆိုပါ စစ်ဆင်ရေးတွင် ဓားစာခံအချို့ကို ကယ်တင်နိုင် ခဲ့သော်လည်း ဆိုမားစ်ကို မတွေ့ရှိခဲ့ရကြောင်း ပြောကြားသည်။

Navy Seal တပ်ဖွဲ့ဝင် ၂၀ ခန့်နှင့် ယီမင်တပ်ဖွဲ့များက ဆော်ဒီအာရေဗျနယ်စပ် အနီးရှိ အဆိုပါ အယ်လ်ကိုင်ဒါစခန်းကို ရဟတ်ယာဉ်များဖြင့် သွားရောက်ခဲ့ပြီး ကယ်တင်နိုင်ခဲ့သည့် ဓားစာခံ အရေအတွက်မှာ ရှစ်ဦးဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာ တွင် ဖော်ပြခဲ့သည်။

Ref: AFP
Mizzima - News in Burmese
ယီမင်နိုင်ငံတွင် ဖမ်းဆီးထားသည့် အမေရိကန်ဂျာနယ်လစ်ကို သတ်ပစ်မည်ဟု  အဆိုပါနိုင်ငံရှိ အယ်လ် ကိုင်ဒါ အဖွဲ့က ဒီဇင်ဘာ ၄ ရက်တွင် ခြိမ်းခြောက်လိုက်သည်။

အယ်လ်ကိုင်ဒါတို့က ဆာနာမြို့တွင် လွန်ခဲ့သည့် တစ်နှစ်ကျော်က ဖမ်းဆီးထားသည့် အဆိုပါ ဓာတ်ပုံ ဂျာနယ်လစ်သည် အသက် ၃၃ နှစ်အရွယ် လူကီဆိုမားစ်ဆိုသူဖြစ်ပြီး ဖမ်းဆီးထားသည့် ဗီဒီယိုဖိုင်ကို ယခုလအတွင်းထုတ်ပြန်ခဲ့သည်။ အမေရိကန်အခြေစိုက် SITE ထောက်လှမ်းရေး အဖွဲ့ကလည်း ဆိုမားစ် သည် ယမန်နှစ် စက်တင်ဘာလအတွင်းက ဆာနားတွင် ဖမ်းဆီးခံခဲ့ရကြောင်း အတည်ပြုခဲ့သည်။

အမေရိကန်တပ်ဖွဲ့များက ၎င်းအား ကယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သော ကြောင့် အယ်လ်ကိုင်ဒါများက ယခုကဲ့သို့ ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။ အမေရိကန်အစိုးရအနေဖြင့် မိမိတို့၏ တောင်းဆို ချက်များကို သုံးရက်အတွက် သဘောတူညီပါက ဆိုမားစ်ကို သတ်ပစ်မည်ဟု အဆိုပါ အယ်လ် ကိုင်ဒါ အဖွဲ့မှ နက်ဆာဘင်အလီအယ်အန်ဆီက ပြောကြားသည်။

အမေရိကန်တပ်ဖွဲ့များက ဆိုမားစ်အား ကယ်တင်ရန် မကြိုးပမ်းမီကပင် အယ်လ်ကိုင်ဒါအဖွဲ့က ဆိုးမားစ် အပါအ၀င် ဖမ်းဆီးထားသည့် ဗြိတိန်နိုင်ငံသားတစ်ဦးနှင့် တောင်အာဖရိကနိုင်ငံသားတစ် ဦး တို့ကို နေရာ ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း ယီမင်ကာကွယ်ရေး ၀န်ကြီးက ပြောကြားခဲ့သည်။

ဓားစာခံများကို အမေရိကန်တို့က ကယ်တင်ရန် ကြိုးပမ်းမှုသည် မအောင်မြင်ခဲ့သော်လည်း စစ်သွေးကြွများ သေဆုံးခဲ့ရပြီး ယင်းလုပ်ရပ်သည် အမေရိကန်တို့၏ မိုက်မဲမှုဖြစ်ကြောင်း အယ်လ်ကိုင်ဒါခေါင်းဆောင် အန်ဆီက ပြောကြားသည်။

အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီမှ ပြောခွင့်ရအမျိုးသမီး ဘာနာဒီတီမီဟန်က အမေရိကန်နှင့် ယီမင်တပ်ဖွဲ့များက ဆိုမားစ်အားကယ်တင်ရန် မကြာသေးမီက ကြိုးပမ်းခဲ့သော်လည်း ဆိုမားစ်ကို အဆိုပါ နေရာတွင် မတွေ့ရတော့ကြောင်း၊ ဖမ်းဆီးခံထားရသည့် အခြားနိုင်ငံသားများကို တွေ့ရှိ ခဲ့သောကြောင့် ကယ်တင်နိုင်ခဲ့ကြောင်း ပြောကြားသည်။ အဆိုပါ စစ်ဆင်ရေးကို သမ္မတအိုဘားမား က နိုဝင်ဘာလအတွင်း ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်ကာကွယ်ရေးဌာန ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်ကာဘီကလည်း အဆိုပါ စစ်ဆင်ရေးတွင် ဓားစာခံအချို့ကို ကယ်တင်နိုင် ခဲ့သော်လည်း ဆိုမားစ်ကို မတွေ့ရှိခဲ့ရကြောင်း ပြောကြားသည်။

Navy Seal တပ်ဖွဲ့ဝင် ၂၀ ခန့်နှင့် ယီမင်တပ်ဖွဲ့များက ဆော်ဒီအာရေဗျနယ်စပ်အနီးရှိ အဆိုပါ အယ်လ် ကိုင်ဒါ စခန်းကို ရဟတ်ယာဉ်များဖြင့် သွားရောက်ခဲ့ပြီး ကယ်တင်နိုင်ခဲ့သည့် ဓားစာခံ အရေအတွက်မှာ ရှစ်ဦးဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာ တွင် ဖော်ပြခဲ့သည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment