Tuesday 4 November 2014

လျှပ်စစ်ဖြန့်ဖြူးနိုင်မှု မဂ္ဂါဝပ် ၄ဝဝဝ အောက်သာရှိသော မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် နားလည်မှုပြုလုပ်ထားသည့် ပမာဏ မဂ္ဂါဝပ် ၁ဝဝဝဝ ကျော်ရှိပြီး တရုတ်နိုင်ငံနှင့် မဂ္ဂါဝပ် ၃ဝဝဝဝ ကျော်အထိရှိနေ

Photo: လျှပ်စစ်ဖြန့်ဖြူးနိုင်မှု မဂ္ဂါဝပ် ၄ဝဝဝ အောက်သာရှိသော မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် နားလည်မှုပြုလုပ်ထားသည့် ပမာဏ မဂ္ဂါဝပ် ၁ဝဝဝဝ ကျော်ရှိပြီး တရုတ်နိုင်ငံနှင့် မဂ္ဂါဝပ် ၃ဝဝဝဝ ကျော်အထိရှိနေ
Tuesday, November 4, 2014

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများ သို့ စွမ်းအင်တင်ပို့ရောင်းချရန် စီစဉ်ထား သည့် အစီအစဉ်တွင် အချိန်ကာလအားဖြင့် တိတိကျကျသတ်မှတ်ထားခြင်း မရှိသေး သော် လည်း ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရန် နား လည်မှုပြုထားသည့် ပမာဏ မဂ္ဂါဝပ် ၁ဝဝဝဝ ကျော်ရှိနေပြီး တရုတ်နိုင်ငံနှင့်မဂ္ဂါဝပ် ၃၁၄၅၁ ရှိနေ ကြောင်း Hydropower in Myanmar; Sector analysis and related legal reforms စာတမ်းအရ သိရသည်။

မြန်မာနိုင်ငံတွင် အဓိကမြစ်ကြီးလေးခု နှင့် မြစ်လက်တက်များရှိနေကြောင်း၊ ယင်း တို့မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်မှုပမာဏ မဂ္ဂါဝပ် ၄ဝဝဝ ရရှိနေ ကြောင်း၊ လက်ရှိအ ခြေအနေတွင် မြန်မာနိုင်ငံ၏ ၇၅ ရာခိုင်နှုန်း သော ပြည်သူများ လျှပ်စစ်မီးအပြည့်အဝရရှိရန် လိုအပ်နေဆဲဖြစ်ကြောင်း၊ ယင်းကဲ့သို့ လျှပ် စစ်စွမ်းအားလိုအပ်မှုအား ဖြေရှင်းသည့်အနေ ဖြင့် မြန်မာနိုင်ငံအစိုးရ အနေဖြင့် လက်ရှိသုံး စွဲနေသောပမာဏထက် လာမည့် ၂ဝ၁၅ ခုနှစ် နှင့် ၂ဝ၂ဝ ကြားတွင် ငါးဆတိုးမြ§င့်ရန် ကြေ ညာထားကြောင်း သိရသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် ၅ မဂ္ဂါ ဝပ်အထက် ရေအားလျှပ်စစ်စီမံကိန်း အခု ၂ဝရှိနေကြောင်း၊ ယင်းအနက် ၁၇ခုမှာ အစိုးရ ၏အစီအစဉ်ဖြင့် ဆောင်ရွက်နေ သည့် ရေအား လျှပ်စစ်စီမံကိန်းများဖြစ်ပြီး တစ်ခုမှာ ဒေသ အလိုက်အစီအစဉ်ဖြင့် ပြုလုပ်သည့် စီမံကိန်း ဖြစ်ပြီး အခြားနှစ်ခုမှာ မြန်မာအစိုးရနှင့်တရုတ် အစိုးရပိုင်လုပ်ငန်းတို့ ဖက်စပ်လုပ်ကိုင်မှုဖြစ် ကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ် ပြန်ချက်အရ လက်ရှိအချိန်၌ ရေအားလျှပ်စစ် စီမံကိန်းများ တည်ဆောက်ရေးလုပ်ငန်းများ သည် ဖက်စပ်လုပ်ငန်းများဘက်တွင်  အလေး သာနေကြောင်း၊ လက်ရှိအချိန်ထိ ကမ်းလှမ်း ထားသည့် လုပ်ငန်း ၄၄ ခုရှိနေကြောင်း အ ဆိုပါစာတမ်းတွင် ဖော်ပြချက်အရ သိရသည်။

မြန်မာအစိုးရအနေဖြင့် ဒေသတွင်းနိုင်ငံ များနှင့် ရေအားလျှပ်စစ်ကဏ္ဍတွင် လက်မှတ် ရေးထိုးထားမှုများရှိကြောင်း၊ ဥပမာ-အိန္ဒိယ နိုင်ငံ၏ National Hydroelectric Power Corporation(NHPC) ဖြင့် ၂ဝဝ၄ ခုနှစ်တွင် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြောင်း၊ ယင်း အစီအစဉ်မှာ ချင်းတွင်းမြစ်တွင်းတည်ဆောက် မည့် မဂ္ဂါဝပ် ၁၂ဝဝ ရှိသည့် ထမံသီရေအား လျှပ်စစ်လုပ်ငန်းစဉ်ဖြစ်ပြီး ယင်းရေအားလျှပ် စစ်စီမံကိန်းမှ ထွက်ရှိသော စွမ်းအင်၏  ရာ ခိုင်နှုန်း ၈ဝ အား အိန္ဒိယနိုင်ငံသို့ တင်ပို့သွား မည်ဖြစ်ကြောင်း၊ အလားတူ ၂ဝဝ၈ခုနှစ်တွင် လည်း NHPC နှင့်Myanmar Hydroel- ectric Power Department တို့အကြား ဖက် စပ်လုပ်ငန်းအနေဖြင့် ထမံသီနှင့်ရွှေစာရေး ရေ အားလျှပ်စစ်စီမံကိန်းများအား လုပ်ဆောင် သွားရန် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရ သည်။

“သံလွင်မြစ်မှာ ဆည်ဆောက်ပြီးတော့ ထိုင်းနိုင်ငံကို တင်ပို့မယ့် အစီအစဉ်က စနေ ပါပြီ။ ထိုင်းဘက်က EGAT ကတော့ ဒီရေ အားလျှပ်စစ်တွေကို ထုတ်ပြီးတော့ ပြည်ပ တင်ပို့ဖို့ဆိုတဲ့အပိုင်းကို ဦးစားပေးပြီးတော့ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က မြန်မာနိုင်ငံက နိုင်ငံရေးတည်ငြိမ်မှုမရှိသေးဘူး။  နောက် credit rate ကနိမ့်တယ်။ ဒါ ကြောင့်မို့ နိုင်ငံတကာအဖွဲ့အစည်းတွေက funding ထောက်ပံ့ပေးမှာမဟုတ်ဘူးဆိုတော့ ဒါတွေကို export လုပ်ဖို့ဆိုတဲ့ ထောင့်က ပြောတယ်။ ကျွန်တော်တို့အမြင်ကတော့ ကိုယ့်နိုင်ငံတွင်းမှာ ဖူလုံဖို့ကို ဦးစားပေးသင့် တယ်လို့မြင်တယ်။ အဲလိုပဲ သဘာဝပတ်ဝန်း ကျင်ရှုထောင့်ကကြည့်ရင်လည်း အကြီးစားစီ မံကိန်းတွေကို မလုပ်စေချင်ဘူး”ဟု  Parami Energy Group of Companies မှ CEO ဦး ပြည့်ဝထွန်းက ပြောပြခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့်မူ မဂ္ဂါဝပ် ၁ဝçဝဝဝ ရှိသော ရေအားလျှပ်စစ်အားထုတ်ယူရန် မြန် မာအစိုးရနှင့် ည§ိနှိုင်းဆောင်ရွက်နေကြောင်း၊ အချိန်အတိအကျအား ဖော်ပြထားခြင်းမရှိ သေးသော်လည်း အဆိုပါထိုင်းနှင့်ချုပ်ဆိုထား သောနားလည်မှုစာချွန်လွှာသည် သံလွင် မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ် စစ်စီမံကိန်းနှင့် ဆက်စပ်နေကြောင်း၊ အဆိုပါ စီမံကိန်းအရ ဆည်ငါးခုအား သံလွင်မြစ်ပေါ် တွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး စုစုပေါင်း လျှပ်စစ်ထွက်ရှိမှုပမာဏ မဂ္ဂါဝပ် ၁၈ဝဝဝ ရှိမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် တာ ဆန်းရေအားလျှပ်စစ်စီမံကိန်းမှ မဂ္ဂါဝပ် ၇၁၁ဝ ရရှိမည်ဖြစ်ကြောင်း၊ အလားတူ ထိုင်း နိုင်ငံအနေဖြင့် ဟက်ကြီးရေအားလျှပ်စစ်စီမံ ကိန်းမှ မဂ္ဂါဝပ် ၁၂ဝဝ ရရှိမည်ဖြစ်ကြောင်း နှင့် ဝဲကြီးရေအားလျှပ်စစ်စီမံကိန်းမှလည်း မဂ္ဂါဝပ် ၅၆ဝဝ ရရှိမည်ဖြစ်ကြောင်း သိရ သည်။ အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းနှစ်ခု မှာ ကရင်ပြည်နယ်မြောက်ဖျားပိုင်းတွင်ရှိ ကြောင်း၊ EGAT ၏ ထုတ်ပြန်ချက်အရ ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းမှ ရရှိသည့် လျှပ်စစ်စွမ်းအားများအား ထိုင်းနိုင်ငံ၏ Nati- onal Grid ထဲသို့ ၂ဝ၁၉ ခုနှစ် နောက်ဆုံး ထား၍ ပို့လွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် ရေအားလျှပ်စစ်ကဏ္ဍ၌ အမြောက်အမြားမြ§ုပ် နှံထားသော်လည်း တရုတ်နိုင်ငံအနေဖြင့်လည်း ရေအားလျှပ်စစ်စီမံကိန်းများအတွက် အများ ဆုံးငွေရေးကြေးရေးထောက်ပံ့နေသော နိုင်ငံ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဖြင့်လည်း အမျိုးအ စားစုံလင်သော စွမ်းအင်တင်ပို့ရောင်းချမှုတို့အ တွက် နားလည်မှုစာချွန်လွှာများ အမြောက် အမြားထိုးထားသည့်နိုင်ငံဖြစ်ကြောင်း သိရ သည်။

“အမှန်တော့ ရေအားလျှပ်စစ်စီမံကိန်း က မြန်မာနိုင်ငံနဲ့ မကိုက်ပါဘူး။ ဘယ်နိုင်ငံ မှလည်း ရေအားလျှပ်စစ်ကို base loadမသုံး ပါဘူး။ မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်ကို base loadသုံးတယ်ဆိုကတည်းက တစ်ခုခုမှား ယွင်းနေပါပြီ”ဟု Smart Group of Compa- nies မှ Managing Directorဖြစ်သူဦးကျော် ကျော်လှိုင်က ဆိုသည်။

အလားတူ တရုတ်အစိုးရပိုင် စွမ်းအင် လုပ်ငန်းများမှာလည်း အကြီးစားရေအားလျှပ် စစ်စီမံကိန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ပတ် သက်နေကြကြောင်း၊ ယင်းကဲ့သို့ပါဝင်မှုတွင် အနာဂတ်အတွက် စီစဉ်ထားသော project များတွင်ပါဝင်မှုရှိသကဲ့သို့ လက်ရှိလုပ်ဆောင် နေသော တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်နေကြကြောင်း၊ တရုတ်အစိုးရပိုင်စွမ်း အင်လုပ်ငန်းများက တည်ဆောက်နေသော စီမံကိန်းများ၏ စုစုပေါင်းထုတ်လုပ်နိုင်မည့် စွမ်းအင်ပမာဏမှာ ၃၁၄၅၁ မဂ္ဂါဝပ်ရှိကြောင်း၊ ယင်းစီမံကိန်းများမှရရှိသော လျှပ်စစ်စွမ်းအား ၏ အများစုကို  တရုတ်နိုင်ငံသို့ တင်ပို့သွား မည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းများအနက် အများစုကို ၂ဝဝ၇ ခုနှစ်ကတည်းက မြန်မာအ စိုးရနှင့် တရုတ်နိုင်ငံ၏ Power Investment Corporation တို့က စီစဉ်ခဲ့သော ဧရာဝတီ မြစ်ပေါ်တွင် ဆည်ခုနစ်ခုတည်ဆောက်မည့် စီမံကိန်းများလည်းပါဝင်ကြောင်း၊  သို့သော် လည်း ယင်းစီမံကိန်းမှာ ဆန့်ကျင်မှုများ ကြောင့် ဆိုင်းငံ့ထားရဆဲဖြစ်ကြောင်း၊ အထူး သဖြင့် မြစ်ဆုံဆည်မှ ထွက်ရှိသည့်မဂ္ဂါဝပ် ၆ဝဝဝ အထိ မျှော်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပတင်ပို့မှု ထက် ပြည်တွင်းတွင်ရှိသော ၇၅ ရာခိုင်နှုန်း ပြည်သူများ လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရန်သာ ဦးစားပေးသင့်ကြောင်း၊ ပြည်တွင်း တွင် သဘာဝပတ်ဝန်းကျင်အနေအထားနှင့် လူတို့၏ အသက်မွေးဝမ်းကျောင်းကို ထိခိုက် မည့်စီမံကိန်းကြီးများ အကောင်အထည်ဖော် နေခြင်းထက် အကယ်၍လိုအပ်ပါက အသေး စားရေအားလျှပ်စစ်စီမံကိန်းကလေးများဖြင့် သာ ဒေသအလိုက် လိုအပ်ချက်ကို ဖြည့် ဆည်းသင့်ကြောင်း လေ့လာသုံးသပ်ကြသည်။

မြန်မာနိုင်ငံအနေဖြင့် ထွက်ရှိသည့် သဘာ ဝဓာတ်ငွေ့များကို ပြည်တွင်း၌ လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုအတွက် အနည်းငယ်သာ အသုံးပြုပြီး အများစုကို ထုတ်ရောင်းလျှက် ရှိသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ထုတ် ပြန်ချက်အရ ၂ဝ၁၂ ခုနှစ် အောက်တို ဘာလ အထိ ရေအားလျှပ်စစ်၊ ကျောက်မီးသွေး၊ သ ဘာဝဓာတ်ငွေ့သုံးစက်ရုံ စုစုပေါင်း ၃ဝ မှ ၃၄၉၄ ဒသမ ၉ မဂ္ဂါဝပ်ဖြန့်ဖြူးပေးခဲ့ကြောင်း ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မတိုင်မီ မဂ္ဂါဝပ် ၅၂ဝ ထပ်မံရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက “တစ်နိုင်ငံလုံးမှာ လက်ရှိ စက်တပ်ဆင်အား မဂ္ဂါဝပ် ၄çဝဝဝ ကျော် ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အပြည့် အဝလည်ပတ်နိုင်ခြင်းမရှိသေးတဲ့အတွက် မ ဂ္ဂါဝပ် ၃ဝဝဝ ကျော်ပဲ ထုတ်လုပ်နေပါတယ်”ဟု ပြောကြားခဲ့သည်။

မြန်မာ့ကမ်းလွန်မှရှိသော ဓာတ်ငွေ့များ ကို ထုတ်ရောင်းလျက်ရှိပြီး နိုင်ငံ အတွက် လို အပ်သည့် လျှပ်စစ်ဓာတ်အားများကိုမူ သဘာဝ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေမည့် ကျောက် မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တည် ဆောက်၍ဖြည့်ဆည်းရန်စီစဉ်ခြင်း၊ သဘာဝ ဝန်းကျင်နှင့် မြစ်ချောင်းများ ထိခိုက်စေမည့် ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက် ပြီး ထုတ်လုပ်သုံးစွဲရန်စီစဉ်ခြင်းများသည်  အန္တ ရာယ်ရှိကြောင်း သုံးသပ်မှုများ ရှိနေသည်။

ဧရာဝတီ၊ သံလွင်ကဲ့သို့သော မြစ်ကြီး များအပါအဝင် မြစ်များပေါ်တွင် ရေအား လျှပ်စစ်စီမံကိန်းပေါင်း ၃၂ ခုအထိကို နိုင်ငံ ခြားရင်းနှီးမြ§ုပ်နှံမှုဖြင့် တည်ဆောက်ရန် စီ စဉ်ထားပြီး သံလွင်မြစ်တစ်ခုတည်းပေါ်တွင် စီမံကိန်းခြောက်ခုအထိ တည်ဆောက်ရန် စီ စဉ်နေခြင်းဖြစ်ကြောင်းနှင့် အဓိကတည်ဆောက် ခွင့်ရထားသည့်ကုမ္ပဏီများမှာလည်း ရွှေတောင်၊ အေးရှားဝေါလ်၊ IGE ကုမ္ပဏီများနှင့် တရုတ် ကုမ္ပဏီများသာဖြစ်ကြောင်း သိရသည်။     

Eleven Media Group 

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အတွင်းရှိ အထက်ပေါင်းလောင်း ရေအား လျှပ်စစ် စီမံကိန်းတစ်နေရာအား အောက်တိုဘာလအတွင်းက တွေ့ရစဉ်
ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အတွင်းရှိ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းတစ်နေရာအား အောက်တိုဘာလအတွင်းက တွေ့ရစဉ်
မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများ သို့ စွမ်းအင်တင်ပို့ရောင်းချရန် စီစဉ်ထားသည့်အစီအစဉ်တွင် အချိန် ကာလအားဖြင့် တိတိကျကျသတ်မှတ်ထားခြင်း မရှိသေးသော် လည်း ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရန် နား လည်မှုပြုထားသည့် ပမာဏမဂ္ဂါဝပ် ၁ဝဝဝဝ ကျော်ရှိနေပြီး တရုတ်နိုင်ငံနှင့်မဂ္ဂါဝပ် ၃၁၄၅၁ ရှိနေကြောင်း Hydropower in Myanmar; Sector analysis and related legal reforms စာတမ်းအရ သိရသည်။

မြန်မာနိုင်ငံတွင် အဓိကမြစ်ကြီးလေးခုနှင့် မြစ်လက်တက်များရှိနေကြောင်း၊ ယင်း တို့မှ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မှုပမာဏ မဂ္ဂါဝပ် ၄ဝဝဝရရှိနေကြောင်း၊ လက်ရှိအ ခြေအနေတွင် မြန်မာနိုင်ငံ၏ ၇၅ ရာခိုင်နှုန်း သော ပြည်သူများ လျှပ်စစ်မီးအပြည့်အဝရရှိရန် လိုအပ်နေဆဲဖြစ်ကြောင်း၊ ယင်းကဲ့သို့ လျှပ် စစ်စွမ်းအား လိုအပ်မှုအား ဖြေရှင်းသည့်အနေ ဖြင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် လက်ရှိသုံး စွဲနေသောပမာဏထက် လာမည့် ၂ဝ၁၅ ခုနှစ် နှင့် ၂ဝ၂ဝ ကြားတွင် ငါးဆတိုးမြ§င့်ရန် ကြေ ညာထားကြောင်း သိရသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် ၅ မဂ္ဂါ ဝပ်အထက် ရေအားလျှပ်စစ်စီမံကိန်း အခု ၂ဝရှိနေကြောင်း၊ ယင်း အနက် ၁၇ခုမှာ အစိုးရ ၏အစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် ရေအား လျှပ်စစ်စီမံကိန်းများဖြစ်ပြီး တစ်ခုမှာ ဒေသ အလိုက်အစီအစဉ်ဖြင့် ပြုလုပ်သည့် စီမံကိန်း ဖြစ်ပြီး အခြားနှစ်ခုမှာ မြန်မာအစိုးရနှင့် တရုတ် အစိုးရပိုင်လုပ်ငန်းတို့ ဖက်စပ်လုပ်ကိုင်မှုဖြစ် ကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန် ချက်အရ လက်ရှိအချိန်၌ ရေအားလျှပ်စစ် စီမံကိန်းများ တည်ဆောက်ရေးလုပ်ငန်းများ သည် ဖက်စပ် လုပ်ငန်းများ ဘက်တွင်  အလေး သာနေကြောင်း၊ လက်ရှိအချိန်ထိ ကမ်းလှမ်း ထားသည့် လုပ်ငန်း ၄၄ ခု ရှိနေကြောင်း အ ဆိုပါစာတမ်းတွင် ဖော်ပြချက်အရ သိရသည်။

မြန်မာအစိုးရအနေဖြင့် ဒေသတွင်းနိုင်ငံ များနှင့် ရေအားလျှပ်စစ်ကဏ္ဍတွင် လက်မှတ် ရေးထိုးထားမှုများ ရှိကြောင်း၊ ဥပမာ-အိန္ဒိယ နိုင်ငံ၏ National Hydroelectric Power Corporation(NHPC) ဖြင့် ၂ဝဝ၄ ခုနှစ်တွင် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြောင်း၊ ယင်း အစီအစဉ်မှာ ချင်းတွင်းမြစ်တွင်းတည်ဆောက် မည့် မဂ္ဂါဝပ် ၁၂ဝဝ ရှိသည့် ထမံသီရေအား လျှပ်စစ်လုပ်ငန်းစဉ်ဖြစ်ပြီး ယင်းရေအားလျှပ် စစ်စီမံကိန်းမှ ထွက်ရှိသော စွမ်းအင်၏  ရာ ခိုင်နှုန်း ၈ဝ အား အိန္ဒိယနိုင်ငံသို့ တင်ပို့သွား မည်ဖြစ်ကြောင်း၊ အလားတူ ၂ဝဝ၈ခုနှစ်တွင် လည်း NHPC နှင့်Myanmar Hydroel- ectric Power Department တို့အကြား ဖက် စပ်လုပ်ငန်းအနေဖြင့် ထမံသီနှင့်ရွှေစာရေး ရေ အားလျှပ်စစ်စီမံကိန်းများအား လုပ်ဆောင် သွားရန် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရ သည်။

“သံလွင်မြစ်မှာ ဆည်ဆောက်ပြီးတော့ ထိုင်းနိုင်ငံကို တင်ပို့မယ့် အစီအစဉ်က စနေ ပါပြီ။ ထိုင်းဘက်က EGAT ကတော့ ဒီရေ အားလျှပ်စစ်တွေကို ထုတ်ပြီးတော့ ပြည်ပ တင်ပို့ဖို့ဆိုတဲ့အပိုင်းကို ဦးစားပေးပြီးတော့ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က မြန်မာနိုင်ငံက နိုင်ငံရေးတည်ငြိမ်မှုမရှိသေးဘူး။  နောက် credit rate ကနိမ့်တယ်။ ဒါ ကြောင့်မို့ နိုင်ငံတကာအဖွဲ့အစည်းတွေက funding ထောက်ပံ့ပေးမှာ မဟုတ်ဘူး ဆိုတော့ ဒါတွေကို export လုပ်ဖို့ဆိုတဲ့ ထောင့်က ပြောတယ်။ ကျွန်တော်တို့အမြင်ကတော့ ကိုယ့်နိုင်ငံတွင်းမှာ ဖူလုံဖို့ကို ဦးစားပေးသင့် တယ်လို့မြင်တယ်။ အဲလိုပဲ သဘာဝပတ်ဝန်း ကျင်ရှုထောင့်က ကြည့်ရင်လည်း အကြီးစားစီ မံကိန်းတွေကို မလုပ်စေချင်ဘူး”ဟု  Parami Energy Group of Companies မှ CEO ဦး ပြည့်ဝထွန်းက ပြောပြခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့်မူ မဂ္ဂါဝပ် ၁ဝçဝဝဝ ရှိသော ရေအားလျှပ်စစ်အားထုတ်ယူရန် မြန် မာအစိုးရနှင့် ည§ိနှိုင်း ဆောင်ရွက်နေကြောင်း၊ အချိန်အတိအကျအား ဖော်ပြထားခြင်းမရှိ သေးသော်လည်း အဆိုပါ ထိုင်းနှင့် ချုပ်ဆိုထား သောနားလည်မှုစာချွန်လွှာသည် သံလွင် မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအား လျှပ် စစ်စီမံကိန်းနှင့် ဆက်စပ်နေကြောင်း၊ အဆိုပါ စီမံကိန်းအရ ဆည်ငါးခုအား သံလွင်မြစ်ပေါ်တွင် ဆောက်လုပ် သွားမည်ဖြစ်ပြီး စုစုပေါင်း လျှပ်စစ်ထွက်ရှိမှုပမာဏ မဂ္ဂါဝပ် ၁၈ဝဝဝ ရှိမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ အနေဖြင့် တာ ဆန်းရေအားလျှပ်စစ်စီမံကိန်းမှ မဂ္ဂါဝပ် ၇၁၁ဝ ရရှိမည်ဖြစ်ကြောင်း၊ အလားတူ ထိုင်း နိုင်ငံအနေဖြင့် ဟက်ကြီးရေအားလျှပ်စစ်စီမံ ကိန်းမှ မဂ္ဂါဝပ် ၁၂ဝဝ ရရှိမည်ဖြစ်ကြောင်း နှင့် ဝဲကြီးရေအားလျှပ်စစ်စီမံကိန်းမှလည်း မဂ္ဂါဝပ် ၅၆ဝဝ ရရှိမည်ဖြစ်ကြောင်း သိရ သည်။ အဆိုပါ ရေအား လျှပ်စစ် စီမံကိန်းနှစ်ခု မှာ ကရင်ပြည်နယ်မြောက်ဖျားပိုင်းတွင်ရှိ ကြောင်း၊ EGAT ၏ ထုတ်ပြန်ချက်အရ ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းမှ ရရှိသည့် လျှပ်စစ်စွမ်းအားများအား ထိုင်းနိုင်ငံ၏ Nati- onal Grid ထဲသို့ ၂ဝ၁၉ ခုနှစ် နောက်ဆုံး ထား၍ ပို့လွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် ရေအားလျှပ်စစ်ကဏ္ဍ၌ အမြောက်အမြားမြ§ုပ် နှံထားသော်လည်း တရုတ်နိုင်ငံအနေဖြင့်လည်း ရေအားလျှပ်စစ်စီမံကိန်းများအတွက် အများ ဆုံးငွေရေးကြေးရေးထောက်ပံ့ နေသော နိုင်ငံ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဖြင့်လည်း အမျိုးအ စားစုံလင်သော စွမ်းအင်တင်ပို့ရောင်းချမှုတို့အ တွက် နားလည်မှုစာချွန်လွှာများ အမြောက် အမြားထိုးထားသည့်နိုင်ငံဖြစ်ကြောင်း သိရ သည်။

“အမှန်တော့ ရေအားလျှပ်စစ်စီမံကိန်း က မြန်မာနိုင်ငံနဲ့ မကိုက်ပါဘူး။ ဘယ်နိုင်ငံ မှလည်း ရေအား လျှပ်စစ်ကို base loadမသုံး ပါဘူး။ မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်ကို base loadသုံးတယ်ဆိုကတည်းက တစ်ခုခုမှား ယွင်းနေပါပြီ”ဟု Smart Group of Compa- nies မှ Managing Directorဖြစ်သူဦးကျော် ကျော်လှိုင်က ဆိုသည်။

အလားတူ တရုတ်အစိုးရပိုင် စွမ်းအင် လုပ်ငန်းများမှာလည်း အကြီးစားရေအားလျှပ် စစ်စီမံကိန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ပတ် သက်နေကြကြောင်း၊ ယင်းကဲ့သို့ပါဝင်မှုတွင် အနာဂတ်အတွက် စီစဉ်ထားသော project များတွင်ပါဝင်မှုရှိသကဲ့သို့ လက်ရှိလုပ်ဆောင် နေသော တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်နေ ကြကြောင်း၊ တရုတ်အစိုးရပိုင်စွမ်း အင်လုပ်ငန်းများက တည်ဆောက်နေသော စီမံကိန်းများ၏ စုစုပေါင်းထုတ်လုပ်နိုင်မည့် စွမ်းအင်ပမာဏမှာ ၃၁၄၅၁ မဂ္ဂါဝပ်ရှိကြောင်း၊ ယင်းစီမံကိန်းများမှရရှိသော လျှပ်စစ်စွမ်းအား ၏ အများစုကို  တရုတ်နိုင်ငံသို့ တင်ပို့သွား မည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းများအနက် အများစုကို ၂ဝဝ၇ ခုနှစ်ကတည်းက မြန်မာအ စိုးရနှင့် တရုတ်နိုင်ငံ၏ Power Investment Corporation တို့က စီစဉ်ခဲ့သော ဧရာဝတီ မြစ်ပေါ်တွင် ဆည်ခုနစ်ခုတည်ဆောက်မည့် စီမံကိန်းများလည်းပါဝင်ကြောင်း၊  သို့သော် လည်း ယင်းစီမံကိန်းမှာ ဆန့်ကျင်မှုများ ကြောင့် ဆိုင်းငံ့ထားရဆဲဖြစ်ကြောင်း၊ အထူး သဖြင့် မြစ်ဆုံဆည်မှ ထွက်ရှိသည့်မဂ္ဂါဝပ် ၆ဝဝဝ အထိ မျှော်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပတင်ပို့မှု ထက် ပြည်တွင်းတွင်ရှိသော ၇၅ ရာခိုင်နှုန်း ပြည်သူများ လျှပ်စစ်ဓာတ် အား အပြည့်အဝ ရရန်သာ ဦးစားပေးသင့်ကြောင်း၊ ပြည်တွင်း တွင် သဘာဝပတ်ဝန်းကျင်အနေအထားနှင့် လူတို့၏ အသက်မွေးဝမ်းကျောင်းကို ထိခိုက် မည့်စီမံကိန်းကြီးများ အကောင်အထည်ဖော် နေခြင်းထက် အကယ်၍လိုအပ်ပါက အသေး စားရေအားလျှပ်စစ်စီမံကိန်းကလေးများဖြင့် သာ ဒေသအလိုက် လိုအပ်ချက် ကို ဖြည့် ဆည်းသင့်ကြောင်း လေ့လာသုံးသပ်ကြသည်။

မြန်မာနိုင်ငံအနေဖြင့် ထွက်ရှိသည့် သဘာ ဝဓာတ်ငွေ့များကို ပြည်တွင်း၌ လျှပ်စစ်ဓာတ် အားထုတ်လုပ်မှု အတွက် အနည်းငယ်သာ အသုံးပြုပြီး အများစုကို ထုတ်ရောင်းလျှက် ရှိသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ထုတ် ပြန်ချက်အရ ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ အထိ ရေအားလျှပ်စစ်၊ ကျောက်မီးသွေး၊ သ ဘာဝဓာတ်ငွေ့သုံးစက်ရုံစုစုပေါင်း ၃ဝ မှ ၃၄၉၄ ဒသမ ၉ မဂ္ဂါဝပ်ဖြန့်ဖြူးပေးခဲ့ကြောင်း ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မတိုင်မီ မဂ္ဂါဝပ် ၅၂ဝ ထပ်မံရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက “တစ်နိုင်ငံလုံးမှာ လက်ရှိ စက်တပ်ဆင်အား မဂ္ဂါဝပ် ၄çဝဝဝ ကျော် ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အပြည့် အဝလည်ပတ်နိုင်ခြင်းမရှိသေးတဲ့အတွက် မ ဂ္ဂါဝပ် ၃ဝဝဝ ကျော်ပဲ ထုတ်လုပ်နေပါတယ်”ဟု ပြောကြားခဲ့သည်။

မြန်မာ့ကမ်းလွန်မှရှိသော ဓာတ်ငွေ့များကို ထုတ်ရောင်းလျက်ရှိပြီး နိုင်ငံအတွက် လို အပ်သည့် လျှပ်စစ် ဓာတ်အားများကိုမူ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ များ တည်ဆောက်၍ဖြည့်ဆည်းရန်စီစဉ်ခြင်း၊ သဘာဝ ဝန်းကျင်နှင့် မြစ်ချောင်းများ ထိခိုက်စေမည့် ရေအား လျှပ်စစ်စီမံကိန်းများ တည်ဆောက်ပြီး ထုတ်လုပ်သုံးစွဲရန်စီစဉ်ခြင်းများသည်  အန္တရာယ်ရှိကြောင်း သုံးသပ် မှုများ ရှိနေသည်။

ဧရာဝတီ၊ သံလွင်ကဲ့သို့သော မြစ်ကြီး များအပါအဝင် မြစ်များပေါ်တွင် ရေအား လျှပ်စစ်စီမံကိန်းပေါင်း ၃၂ ခုအထိကို နိုင်ငံ ခြားရင်းနှီးမြ§ုပ်နှံမှုဖြင့် တည်ဆောက်ရန် စီ စဉ်ထားပြီး သံလွင်မြစ်တစ်ခုတည်းပေါ်တွင် စီမံကိန်းခြောက်ခုအထိ တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်းနှင့် အဓိကတည်ဆောက် ခွင့်ရထား သည့် ကုမ္ပဏီများမှာလည်း ရွှေတောင်၊ အေးရှားဝေါလ်၊ IGE ကုမ္ပဏီများနှင့် တရုတ် ကုမ္ပဏီများ သာဖြစ်ကြောင်း သိရသည်။    

Eleven Media Group

No comments:

Post a Comment