Tuesday 4 November 2014

မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ရှိ Stalin’s Line ဒုတိယ ကမ္ဘာစစ်အတွင်း သမိုင်းဝင်ခံစစ်နေရာနှင့် စစ်သမိုင်းပြတိုက်သို့သွားရောက်လေ့လာ


ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂ ရက် နေ့လယ် ပိုင်းတွင် ဘယ်လာရုစ်တပ်မတော်မှ Deputy Chief of General Staff, Major General Glod Igor နှင့်တာဝန်ရှိသူ များလိုက်ပါလျက် မင့်စ်မြို့ရှိ Stalin’s Line ဒုတိယကမ္ဘာစစ်အတွင်း သမိုင်းဝင်ခံစစ်နေရာ Complex သို့ သွားရောက် ကြည့်ရှုလေ့လာကြသည်။


ရှေးဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့အား ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး အငြိမ်းစားMr. Aleksander Metla နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး ရှင်းလင်းဆောင်အတွင်းခံစစ်နေရာနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြသည်။ Stalin’s Line သမိုင်းဝင်ခံစစ်နေရာသည် မြောက်ဘက် Karelain Isthmus မှ တောင်ဘက် ပင်လယ်နက်အထိ ကီလိုမီတာ ၁၂၀၀ ကျော်ရှည်လျားကြောင်း၊ ယင်းခံစစ်လိုင်းတွင် ခံစစ်နယ်မြေ ၂၃ ခုပါဝင်ပြီး အခိုင်အမာခံစစ်နေရာပေါင်း ၄၀၀၀ ကျော်ရှိကြောင်း၊ ဘယ်လာရုစ်နိုင်ငံအတွင်း၌ ခံစစ်နယ်မြေ ၄ ခုရှိပြီး အခိုင်အမာ ကတုတ် ၉၆၆ ခုရှိကြောင်း၊ ယနေ့လူငယ်များ သမိုင်းကြောင်းကိုသိရှိစေရန် သမိုင်းအမွေအဖြစ် အမှတ်တရထိန်းသိမ်း ထားခြင်းဖြစ်ပြီး ယင်းခံစစ်နေရာတွင် မူလလက်ရာမပျက် တည်ဆောက်ထားသည့် ဒုတိယကမ္ဘာစစ်အတွင်းက ခံတပ်များ၊ ကတုတ်ကျင်းများ၊ ဆက်သွယ်ရေးမြောင်းများ၊ စစ်လက်နက်ပစ္စည်းများ၊ ယန္တရားများအား စိတ်ဝင်စားဖွယ် ရှင်းလင်းပြသထားကြောင်း သိရသည်။


ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ခံစစ်နေရာအတွင်း လှည့်လည်ကြည့်ရှု လေ့လာ ကြရာ ၁၉၃၉ ခုနှစ်က ရုရှားတပ်မတော်တွင် အသုံးပြုခဲ့သည့် စစ်ဝတ်စုံဝတ်ဆင်ထားသော တာဝန်ရှိသူတစ်ဦးမှ လိုက်လံရှင်းလင်းပြသသည်။


ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ထွက်ခွာ ခဲ့ရာ ဒေသ စံတော်ချိန် နေ့လည် ၂နာရီတွင် Museum of the History of the Great Patriotic War သို့ရောက်ရှိပြီး ယင်းစစ်သမိုင်းပြတိုက်မှ Deputy Director Mr.Vycheslax နှင့် အဖွဲ့မှ ကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များအား တာဝန်ရှိသူတစ်ဦးမှ စစ်သမိုင်း ပြတိုက်အတွင်း လိုက်လံရှင်းလင်းပြသသည်။ အဆိုပါ စစ်သမိုင်းပြတိုက်တွင် ဒုတိယကမ္ဘာစစ်အတွင်း ရုရှားနိုင်ငံသို့ ဖက်ဆစ်နာဇီများ စတင်ကျူးကျော်ဝင်ရောက် လာပုံများ၊ တိုက်ပွဲဖြစ်ပွားမှုများ၊ ထိုအချိန်က နှစ်ဖက်တပ်များအသုံးပြုခဲ့ သည့် စစ်လက်နက်အသုံး အဆောင်ပစ္စည်းများ၊ စစ်ဝတ်စုံများ၊ ယာဉ်ယန္တရားများ၊ လေယာဉ်များ၊ စစ်ပွဲအတွင်း ရုရှား တပ်များ၊ ပြည်သူများ၏ သေကျေပျက်စီးမှုများ၊ ဖက်စစ်နာဇီတို့၏သုံ့ပန်းစခန်းများနှင့် ညှင်းပန်းနှိပ်စက်မှုများ ၊ ရုရှား မျိုးချစ်သူရဲကောင်းများ၏ လှုပ်ရှားဆောင်ရွက်မှုများ၊ ဘယ်လာရုစ်နယ်မြေအား ဖက်ဆစ်နာဇီတို့ လက် အောက် မှ လွတ်မြောက်စေရန် တိုက်ပွဲဝင်ခဲ့မှုများအား မျိုးချစ်စိတ်ဓာတ်နိုးကြားတက်ကြွစေရန် အစီအစဉ် တကျ ခင်းကျင်းပြသ ထားသည်။


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များသည် အောင်မြင်ခြင်း အထိမ်းအမှတ်ခန်းမ၌ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

Credit : Senior General Min Aung Hlaing

No comments:

Post a Comment