Tuesday 4 November 2014

မန္တလေးမြို့တွင်ယခင်နှစ်များထက် အိမ်ငှားခ ဈေးနှုန်းများ ပိုမိုမြင့်တက်လာ

မန္တလေးမြို့ ဆင်ခြေဖုံး ရပ်ကွက်များတွင် အိမ်ငှားခများ ယခင်နှစ်များထက် ပိုမိုဈေးမြင့်လာခဲ့ရာ တစ်လလျှင် ထရံကာ၊ သွပ်မိုးကို အနည်းဆုံး ငွေကျပ်ခြောက်သောင်းခွဲမှ ရှစ်သောင်းခွဲထိ၊ ရိုးရိုးနံကပ်တိုက် ပေ ၂ဝx ၆ဝကို ငွေကျပ်သုံးသိန်း မှ လေးသိန်းထိ၊ RC သုံးထပ်တိုက်တွင် ခြံကျယ်ပါကို တစ်လလျှင် ခြောက်သိန်းမှ ၁၁ သိန်းထိရှိကြောင်း သိရသည်။

ယင်းအပြင် ကားဂိတ်များ၊ ဈေးများ၊ Shopping Center များ၊ ဘူတာများ၊ ကျောင်းများနှင့် မြို့ထဲသို့ အလွယ် သွားနိုင်သော နေရာများနှင့်နီးလျှင် အိမ်ငှားခ ဈေးနှုန်းမှာ ပိုမိုပေးရသည်။

မန္တလေးမြို့ ဆင်ခြေဖုံးရပ်ကွက်များတွင်လည်း တစ်နှစ်ထက် တစ်နှစ် အိမ်ငှားရမ်းမှုများ ပိုမိုများပြားလာ သည်နှင့် အညီ အိမ်၊ ခြံ၊ မြေငှားရမ်းသည့် လုပ်ငန်းရှင်များကလည်း အိမ်ငှားခများကို ပိုမိုဈေးမြင့်လာခဲ့ သည်။

မန္တလေးမြို့တွင် လူနေထူထပ်လာများနှင့် လုပ်ငန်းပိုင်ရှင်များသာ မြို့ လယ်ခေါင်နယ်မြေများတွင် နေအိမ် များ ဝယ်ယူငှားရမ်း နေထိုင်နိုင်ကြပြီး ပိုက်ဆံမရှိသူများ၊ အခြေခံလူတန်း စားများနှင့် လက်လုပ်လက်စား များ ကမူ မြို့ထဲတွင် အိမ်များဝယ်ယူငှား ရမ်းနေထိုင်နိုင်ခြင်း မရှိဘဲ မြို့သစ်၊ စက်မှု၊ ထွန်တုံး၊ အောင် ပင်လယ်နှင့် မြို့စွန်မြို့ဖျားတွင်သာ ဝယ်ယူငှားရမ်း နိုင်ကြသည်။

မောင်ပြည်သူ(မန္တလေး)
The Mirror Daily 

No comments:

Post a Comment