Tuesday 4 November 2014

အနိမ့်ပျံ မောင်းသူမဲ့ လေယာဉ်များကို ပစ်ချနိုင်သည့် လေဆာစနစ်တစ်ခု တရုတ်စမ်းသပ်နေ

Photo: အနိမ့်ပျံ မောင်းသူမဲ့ လေယာဉ်များကို ပစ်ချနိုင်သည့် လေဆာစနစ်တစ်ခု တရုတ်စမ်းသပ်နေ
Tuesday, November 4, 2014

ခပ်နိမ့်နိမ့် ပျံသန်းနေသည့် မောင်းသူမဲ့ လေယာဉ်များကို တိကျစွာ ချေမှုန်း ပစ်ချနိုင်သည့် လေဆာလက်နက် စနစ်တစ်ခုကို တရုတ်က အကောင်အထည်ဖော် တီထွင်နေကြောင်း သတင်းရရှိသည်။

တရုတ်အစိုးရ မီဒီယာဖြစ်သည့် Xinhua က အဆိုပါ လေဆာလက်နက် စနစ်အကြောင်း ဖော်ပြခဲ့ပြီး အမြင့်ပေ အနိမ့်ပိုင်းမျှတွင် ပျံသန်းနေသည့် အပေါ့စား မောင်းသူမဲ့ လေယာဉ်များကို တိကျစွာ ဖျက်ဆီးနိုင်စွမ်းရှိကြောင်း ဆိုသည်။ အဆိုပါ လေဆာလက်နက်သည် အကွာအဝေး (၂)ကီလိုမီတာ အတွင်းရှိ အသေးစား လေယာဉ် အမျိုးမျိုးကို အတိမ်းအစောင်းမရှိ ပစ်ချနိုင်ကြောင်း Xinhua က ဖော်ပြခဲ့သည်။

တရုတ် ရူပဗေဒ အင်ဂျင်နီယာ အကယ်ဒမီ (CAEP)က အဆိုပါ လေဆာလက်နက် စနစ်ကို အဓိက အကောင်အထည်ဖော် တီထွင်နေခြင်းဟု ဆိုသည်။ Xinhua က ပြောက်ကျား ဆေးရောင်များ ခြယ်သထားသည့် သတ္တုသေတ္တာများနှင့် မီးလောင်ပျက်စီးနေသည့် အသေးစား မောင်းသူမဲ့ လေယာဉ်ငယ်လေးတစ်ခု၏ ဓာတ်ပုံများကို ပြသခဲ့သည်။

Xinhua က တရုတ်နိုင်ငံ၏ မြို့ပြဧရိယာများတွင် အနာဂတ်ကာလ အရေးအခင်းများ ကြုံလာပါက အလွန်အသုံးဝင်မည့် လက်နက်စနစ်တစ်ခု ဖြစ်မည်ဟု မှတ်ချက်ပြုထားသည်။ သေတ္တာငယ်များအဖြစ် တပ်ဆင်ထားသော လက်နက်စနစ်သည် အမြင့်မီတာ (၅၀၀)တွင် တစ်နာရီ (၁၁၂)မိုင်နှုန်းထိ ပျံသန်းနေသော လေယာဉ်ငယ်များကို ပစ်ချနိုင်ကြောင်း သိရသည်။

အဆိုပါ လက်နက်စနစ်ကို ယာဉ်များပေါ်တွင် တပ်ဆင်ပြီး စမ်းသပ်ဆဲ အခြေအနေ၌ မောင်းသူမဲ့လေယာဉ်ငယ် (၃၀)ကျော်ကို အောင်မြင်စွာ ပစ်ချထားပြီး ဖြစ်ကြောင်းလည်း CAEP က ဆိုသည်။ အဆိုပါ လက်နက်စမ်းသပ်မှုတိုင်းတွင် ရာခိုင်နှုန်းပြည့် အောင်မြင်မှုရခဲ့ကြောင်းလည်း CAEP ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

7 Day Daily
ခပ်နိမ့်နိမ့် ပျံသန်းနေသည့် မောင်းသူမဲ့ လေယာဉ်များကို တိကျစွာ ချေမှုန်း ပစ်ချနိုင်သည့် လေဆာ လက်နက် စနစ်တစ်ခုကို တရုတ်က အကောင်အထည်ဖော် တီထွင်နေကြောင်း သတင်းရရှိသည်။

တရုတ်အစိုးရ မီဒီယာဖြစ်သည့် Xinhua က အဆိုပါ လေဆာလက်နက် စနစ်အကြောင်း ဖော်ပြခဲ့ပြီး အမြင့်ပေ အနိမ့်ပိုင်းမျှတွင် ပျံသန်းနေသည့် အပေါ့စား မောင်းသူမဲ့ လေယာဉ်များကို တိကျစွာ ဖျက်ဆီး နိုင်စွမ်းရှိကြောင်း ဆိုသည်။ အဆိုပါ လေဆာလက်နက်သည် အကွာအဝေး (၂)ကီလိုမီတာ အတွင်းရှိ အသေးစား လေယာဉ် အမျိုးမျိုးကို အတိမ်းအစောင်းမရှိ ပစ်ချနိုင်ကြောင်း Xinhua က ဖော်ပြခဲ့သည်။

တရုတ် ရူပဗေဒ အင်ဂျင်နီယာ အကယ်ဒမီ (CAEP)က အဆိုပါ လေဆာလက်နက် စနစ်ကို အဓိက အကောင်အထည်ဖော် တီထွင်နေခြင်းဟု ဆိုသည်။ Xinhua က ပြောက်ကျား ဆေးရောင်များ ခြယ်သထား သည့် သတ္တုသေတ္တာများနှင့် မီးလောင်ပျက်စီးနေသည့် အသေးစား မောင်းသူမဲ့ လေယာဉ်ငယ်လေး တစ်ခု၏ ဓာတ်ပုံများကို ပြသခဲ့သည်။

Xinhua က တရုတ်နိုင်ငံ၏ မြို့ပြဧရိယာများတွင် အနာဂတ်ကာလ အရေးအခင်းများ ကြုံလာပါက အလွန်အသုံးဝင်မည့် လက်နက်စနစ်တစ်ခု ဖြစ်မည်ဟု မှတ်ချက်ပြုထားသည်။ သေတ္တာငယ်များအဖြစ် တပ်ဆင်ထားသော လက်နက်စနစ်သည် အမြင့်မီတာ (၅၀၀)တွင် တစ်နာရီ (၁၁၂)မိုင်နှုန်းထိ ပျံသန်း နေသော လေယာဉ်ငယ်များကို ပစ်ချနိုင်ကြောင်း သိရသည်။

အဆိုပါ လက်နက်စနစ်ကို ယာဉ်များပေါ်တွင် တပ်ဆင်ပြီး စမ်းသပ်ဆဲ အခြေအနေ၌ မောင်းသူမဲ့ လေယာဉ်ငယ် (၃၀)ကျော်ကို အောင်မြင်စွာ ပစ်ချထားပြီး ဖြစ်ကြောင်းလည်း CAEP က ဆိုသည်။ အဆိုပါ လက်နက်စမ်းသပ်မှုတိုင်းတွင် ရာခိုင်နှုန်းပြည့် အောင်မြင်မှုရခဲ့ကြောင်းလည်း CAEP ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

7 Day Daily

No comments:

Post a Comment