Tuesday 4 November 2014

ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်

ကပ္ပလီပင်လယ်တောင်ပိုင်းတွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး မုန်တိုင်းငယ် တစ် လုံးဖြစ် လာ နိုင်ကာ ကမ်းရိုးတန်း ဒေသများ တွင် မိုး သက်လေပြင်းအန္တရာယ်ရှိကြောင်း မိုးလေ၀သပညာရှင်ဒေါက်တာ ထွန်းလွင်က သတိပေးသည်။

‘‘မုတ်သုံလေဦးက မလေး ကျွန်းဆွယ်အနီးမှာရှိနေပြီး ဘင်္ဂ လားပင်လယ်အော်အနောက်ပိုင်း နဲ့ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း တွေမှာ အားကောင်းတဲ့ လေဖိ အားနည်းရပ်ဝန်းတစ်ခုစီ ဖြစ်နေ တယ်။ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်း မှာလည်း မုန်တိုင်းတစ်လုံးဖြစ် ပေါ်နေပြီး မြောက်အနောက်ဘက် ကို ရွေ့လာနေပါတယ်။ အဲဒီအ ရှိန်တွေကြောင့် ကမ်းရိုးတန်းဒေ သတွေမှာ လေပြင်းအန္တရာယ်ရှိ နေတယ်’’ဟု ဒေါက်တာထွန်းလွင် က ပြောသည်။

ပင်လယ်တွင် လေထုမငြိမ် မသက်ဖြစ်နေသောကြောင့် ရန် ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်း ဒေသကြီးတို့တွင် မိုးတိမ်တောင် များဖြစ်ပေါ်နိုင်ကြောင်း ၎င်းက သတိပေးသည်။ မိုး/ဇလဌာနက ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးအပါအ၀င် မြန်မာနိုင်ငံ ဒေသအနှံ့နေရာကွက်၍ မိုးရွာနိုင်ကြောင်း သတင်း ထုတ်ပြန် ထားသည်။

အမေရိကန်နိုင်ငံ မိုး/ဇလဌာနက ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းသည် နိုဝင်ဘာ ၆ ရက်နောက်ပိုင်းမှစကာ ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်း၊ အရှေ့-ဖိ လစ်ပိုင်ပင်လယ်မှ စတင်ဖြစ်ပေါ် လာမည့် မုန်တိုင်း သည် တောင်တရုတ်ပင်လယ်သို့ ရောက်ရှိချိန်နှင့် တိုက်ဆိုင်၍ မုန်တိုင်းငယ်အဆင့်သို့ ရောက်လာနိုင်ကြောင်း ခန့်မှန်း သတင်း ထုတ်ထားသည်။

7Day DAILY

No comments:

Post a Comment