Tuesday 4 November 2014

အဝေးသင်စာမေးပွဲတွင် မသမာသောနည်းဖြင့် ဖြေဆိုမှုများ အစီရင်ခံ စာ နေ့ချင်းပို့ရန် ကြီးကြပ်သူများအား ညွှန်ကြား

အဝေးသင်တက္ကသိုလ် များတွင် မသမာသောနည်းဖြင့် စာမေးပွဲဖြေဆိုသော အထောက်အထား တွေ့ရှိ ပါကဖြေဆိုသူမသိစေဘဲ သိမ်မွေ့စွာဖြင့် အစီရင်ခံစာနေ့ ချင်းပေးပို့ရန် စာမေးပွဲကြီးကြပ်သူများကို ညွှန်ကြား ထား ကြောင်း သိရသည်။

အဝေးသင်တက္ကသိုလ်စာ မေးပွဲဖြေဆိုသော ကျောင်းသား များတွင် မသမာသောနည်းဖြင့် ဖြေဆိုသူများကို ၎င်းတို့၏ အဖြေ လွှာစာအုပ်၊ ပေတံ၊ မှတ်စုစာရွက်စာတမ်းစသည့် အထောက်အ ထားများ သက်သေ များနှင့်တကွ အစီရင်ခံစာကို မော်ကွန်းထိန်းရုံး သို့ စာမေးပွဲကြီးကြပ်သူများက နေ့ချင်းပေးပို့ အကြောင်း ကြား ရ မည် ဖြစ်သည်။

‘‘သိမ်မွေ့စွာဆောင်ရွက်ဖို့ ညွှန်ကြားထားတာပါ။ မသမာတဲ့ နည်းနဲ့ ဖြေဆိုတဲ့ ကျောင်းသား တွေလည်း ရှိနေပါသေးတယ်’’ဟု အဝေးသင်တက္ကသိုလ်စာမေးပွဲ ကြီးကြပ်ရသော ဆရာတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန် အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ်တို့၏ ဌာနခွဲများ အနေဖြင့် တက္ကသိုလ်၊ ကောလိပ်အသီးသီး၌ အဝေးသင်တက္ကသိုလ်အတန်းတင်စာမေးပွဲများ ကျင်းပပြုလုပ် နေသည်။

တက္ကသိုလ်စာမေးပွဲဖြေဆို သူများသည် ပေတံ၊ ဘောလ်ပင်၊ ကွန်ပါဘူး၊ လက်ကိုင်ပ၀ါ၊ အင်္ကျီ၊ထဘီ၊ ပုဆိုး၊ ငွေစက္ကူတို့မှ ကူးယူ ခြင်း မှတ်စုများထည့်သွင်းထား သော အိတ်ဆောင်ကွန်ပျူတာ၊ ဖုန်းနှင့် အခြား မှတ်သားနိုင်သော ကိရိယာများကိုင်ဆောင်အသုံးပြုခြင်းစသည့် မသမာသောနည်းဖြင့် ဖြေဆိုကြောင်း အထောက် အထားခိုင်လုံစွာ တွေ့ရှိပါက စာမေးပွဲဖြေဆိုနေသည့် ပညာသင်နှစ်နှင့် နောက်ထပ်တစ်နှစ်၊ စုစုပေါင်း ၂ နှစ်ကျောင်းမှ ထုတ်ပယ်ရန် သတ်မှတ်ထားသည်။

မြန်မာနိုင်ငံတွင် အဝေးသင် တက္ကသိုလ်များ၌ ပညာသင်ယူနေသော ကျောင်းသားဦးရေမှာ သုံး သိန်းကျော် ရှိနေပြီး ပုံမှန်ဘွဲ့ကြို သင်တန်းကျောင်းသားဦးရေ ထက်နှစ်ဆနီးပါးမြင့်မားနေကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။

နိုင်ငံတကာစံနှုန်းနှင့် နှိုင်း ယှဉ်လျှင် မြန်မာနိုင်ငံရှိ အဝေးသင်ကျောင်းသား အချိုးအစားကြီးမား နေခြင်း ကြောင့် အဝေးသင်ပညာ ရေးကို အဆင့်မြှင့်တင်ရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ယူကေ ပညာရှင်များက အကြံပြုထားသည်။

လာမည့် ပညာသင်နှစ်မှစ တင်၍ အဝေးသင်တက္ကသိုလ်များ ရှိ ဘာသာရပ် ၁၁ ခုအတွက် ၀င် ခွင့်အမှတ် သတ်မှတ်လိုက်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲရမှတ်နည်းပါးသော ကျောင်းသားများအနေဖြင့် ဘာသာရပ် ရွေးချယ်ရန် အခွင့်အလမ်းလျော့ကျသွားသည်။

7Day DAILY

No comments:

Post a Comment