Tuesday 4 November 2014

မန္တလေးတိုင်းတွင် ယခင်နှစ်ကထက် သစ်မှောင်ခိုတန်နှစ်ထောင်ကျော် ပိုမိုဖမ်းမိ

Photo: မန္တလေးတိုင်းတွင် ယခင်နှစ်ကထက် သစ်မှောင်ခိုတန်နှစ်ထောင်ကျော် ပိုမိုဖမ်းမိ
Tuesday, November 4, 2014

မန္တလေးတိုင်းဒေသကြီး အတွင်း တစ်နှစ်တာ ဖမ်းဆီးရမိ ထားသည့် သစ်တန်ချိန် ပမာဏ မှာ ယမန်နှစ်ကထက် တန်ချိန် နှစ် ထောင်ကျော် ပိုများကြောင်း သ တင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ တရားမ၀င် သစ်တန်ချိန်ပေါင်း ကိုးရာခန့် ဖမ်းဆီးရမိပြီး ယခုနှစ် အလား တူကာလတွင် တန်ချိန်ပေါင်း ၂၉၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီးသစ်တော ဦးစီး ဌာနမှ သတင်းရရှိသည်။

‘‘မန္တလေးက လမ်းဆုံဖြစ် တာရော၊ ဖြတ်သွားဖြတ်လာ လမ်းဖြစ်တာရောကြောင့် ကားနဲ့ အဖြတ်မှာ မိတာတွေများတယ်’’ ဟု ယင်းဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောသည်။

တရုတ်နိုင်ငံဈေးကွက်မှ လူ ကြိုက်များသည့် တမလန်းသစ်နှင့် ပိတောက်သစ် အမျိုးအစားများ အများဆုံးပါဝင်ပြီး သပိတ်ကျင်း၊ စဥ့်ကူးမြို့နယ်များမှ တရားမ၀င် သယ်ဆောင်ရာမှ ဖမ်းဆီးရမိ ခြင်းဖြစ်ပြီး တစ်ဖက်နိုင်ငံမှ ဈေး ကောင်းပေးဝယ်မှုများ ရှိလာ၍ သစ်မှောင်ခိုတင်ပို့ မှုများ တိုးလာ ခြင်းဖြစ်ကြောင်း ဦးမြင့်သိန်းက ပြောသည်။ ယခုကဲ့သို့ တန်ချိန်နှစ် ထောင်နီးပါး ပိုမိုတိုးမြှင့်ဖမ်းဆီး နိုင်ခဲ့သော်လည်း မဖမ်းမိဘဲ လွတ်သွားသည့် တရားမ၀င် သယ် ဆောင်ရောင်းဝယ်သူများ ကျန်ရှိ နေသေးသည်ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးရမိခဲ့သည့် သစ်များ ကို မြန်မာ့သစ်လုပ်ငန်းအား လွှဲ ပြောင်းပေးပြီး ပြည်တွင်း၊ ပြည်ပ ရောင်းချသည့်ဌာနများသို့ တင်ဒါ စနစ်၊ လေလံစနစ်များဖြင့် ပြန် လည်ရောင်းချလေ့ရှိကြောင်း ယင်းဌာနမှပင် သိရှိရသည်။

7Day DAILY 

တစ်ဖက်နိုင်ငံသို့ပြီးခဲ့သည့်နှစ်ကတင်ပို့ရန်ပြင်ဆင်နေသော သစ်လုံးတင်ကား-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
တစ်ဖက်နိုင်ငံသို့ပြီးခဲ့သည့်နှစ်ကတင်ပို့ရန်ပြင်ဆင်နေသော သစ်လုံးတင်ကား-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
မန္တလေးတိုင်းဒေသကြီးအတွင်း တစ်နှစ်တာ ဖမ်းဆီးရမိထားသည့် သစ်တန်ချိန်ပမာဏမှာ ယမန်နှစ်က ထက် တန်ချိန် နှစ် ထောင်ကျော် ပိုများကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ တရားမ၀င် သစ်တန်ချိန်ပေါင်း ကိုးရာခန့် ဖမ်းဆီးရမိပြီး ယခုနှစ် အလား တူကာလတွင် တန်ချိန်ပေါင်း ၂၉၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီးသစ်တော ဦးစီး ဌာနမှ သတင်းရရှိသည်။

‘‘မန္တလေးက လမ်းဆုံဖြစ် တာရော၊ ဖြတ်သွားဖြတ်လာ လမ်းဖြစ်တာရောကြောင့် ကားနဲ့ အဖြတ်မှာ မိတာ တွေ များတယ်’’ ဟု ယင်းဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောသည်။

တရုတ်နိုင်ငံဈေးကွက်မှ လူ ကြိုက်များသည့် တမလန်းသစ်နှင့် ပိတောက်သစ် အမျိုးအစားများ အများဆုံး ပါဝင်ပြီး သပိတ်ကျင်း၊ စဥ့်ကူးမြို့နယ်များမှ တရားမ၀င် သယ်ဆောင်ရာမှ ဖမ်းဆီးရမိ ခြင်းဖြစ်ပြီး တစ်ဖက် နိုင်ငံမှ ဈေးကောင်းပေးဝယ်မှုများ ရှိလာ၍ သစ်မှောင်ခိုတင်ပို့ မှုများ တိုးလာ ခြင်းဖြစ်ကြောင်း ဦးမြင့်သိန်း က ပြောသည်။ ယခုကဲ့သို့ တန်ချိန်နှစ် ထောင်နီးပါး ပိုမိုတိုးမြှင့်ဖမ်းဆီး နိုင်ခဲ့သော်လည်း မဖမ်းမိဘဲ လွတ် သွားသည့် တရားမ၀င် သယ် ဆောင်ရောင်းဝယ်သူများ ကျန်ရှိ နေသေးသည်ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးရမိခဲ့သည့် သစ်များ ကို မြန်မာ့သစ်လုပ်ငန်းအား လွှဲ ပြောင်းပေးပြီး ပြည်တွင်း၊ ပြည်ပ ရောင်းချ သည့် ဌာန များသို့ တင်ဒါ စနစ်၊ လေလံစနစ်များဖြင့် ပြန် လည်ရောင်းချလေ့ရှိကြောင်း ယင်းဌာနမှပင် သိရှိရသည်။

7Day DAILY 

No comments:

Post a Comment