Tuesday 4 November 2014

တစ်နိုင်ငံလုံး လျှပ်စစ်မီးပြတ်တောက်ခဲ့မှုအား ဘင်္ဂလားဒေ့ရှ် စုံစမ်းစစ်ဆေးမှုပြုလုပ်

Photo: တစ်နိုင်ငံလုံး လျှပ်စစ်မီးပြတ်တောက်ခဲ့မှုအား ဘင်္ဂလားဒေ့ရှ် စုံစမ်းစစ်ဆေးမှုပြုလုပ်
Tuesday, November 4, 2014

ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံး တွင် လွန်ခဲ့သောအပတ်က လျှပ်စစ် မီးပြတ်တောက်မှုဖြစ်ပွားခဲ့ရာ နေအိမ် များ၊ စီးပွားရေးလုပ်ငန်းများအပြင် ဝန်ကြီးချုပ်၏ ရုံးအပါအဝင်အမှောင် ကျသွားခဲ့ကြောင်း၊ လျှပ်စစ်မီးမှာ တနင်္ဂနွေနေ့ နံနက်ပိုင်းမှ တစ်နိုင်ငံလုံး သို့ ပြန်လည်ပေးနိုင်ခဲ့ကြောင်း အစိုး ရက ပြောကြားခဲ့ကြေင်း CNA သတင်းက ဆိုသည်။

တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ် အားပြတ်တောက်ခဲ့ကြောင်း ယခုအ ခါ တစ်နိုင်ငံလုံး ပုံမှန်ပြန်ဖြစ်သွား ပြီးဟု စွမ်းအင်ဝန်ကြီးနာစ်ရှုလ်ဟာ မစ်က သတင်းထောက်များကို ပြော ခဲ့သည်။ လွန်ခဲ့သော စနေနေ့နေ့လယ် မှစ၍ လျှပ်စစ်မီးပြတ်တောက်သွား ခဲ့သည်ဟု ဆိုသည်။ ''ဒီကိစ္စကိုအ တည်ပြုနိုင်ဖို့ စစ်ဆေးရေးကော်မ တီတစ်ရပ် ဖွဲ့စည်းလိုက်ပါ''ဟု ၄င်း ကဆိုသည်။

ဤကော်မတီက သူ့ရဲ့ တွေ့ရှိချက်တွေကို သုံးရက်အတွင်း အစီရင်ခံလိမ့်မည် ဟုလည်း ၄င်းက သတင်းထောက်များကို ပြောခဲ့သည်။

စနေနေ့ညပိုင်းမှာ မီးပြန်လာ တော့ ဒါကာတစ်မြို့လုံးဝမ်းသာအား ရ အော်ဟစ်သံတွေကိုကြားခဲ့ရ ကြောင်း၊ နေအိမ်များမှ လူများမှာ အိမ်ပြင်သို့ထွက်နေခြင်း၊ သို့မဟုတ် အိမ်ခေါင်းမိုးပေါ်သို့ တက်နေခြင်း များကို ပြုလုပ်ခဲ့ကြရသည်ဟုဆို သည်။

ဒါကာမြို့မှာ လူ ၁ဒသမ၅သန်း နေထိုင်လျက်ရှိသည်။

မီးအမှောင်ကျသွားခဲ့၍ တစ္ဆေမြို့နှင့် တူနေခဲ့ကြောင်း၊ နေ အိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ ရုံးခန်းများအားလုံးအမှောင်လွှမ်း သွားခဲ့ကြောင်း၊ ဆေးရုံနှင့် နိုင်ငံတ ကာလေဆိပ်တွင် အရန်မီးစက်များ ကို ချက်ချင်းမောင်းနှင်း အသုံးပြုခဲ့ ရကြောင်း၊ ရေများမရရှိဘဲဖြစ်သွား ရကြောင်း သတင်းများက ဆိုသည်။

အစိုးရပိုင်လျှပ်စစ်ဓာတ်အား ကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ချောင်ဒရီအလန်ဂါဟူစိန်က ဓာတ် အားလွဲလိုင်းကျဆင်းသွားမှုကို အ ပြစ်ပြောခဲ့သည်။ ထိုလိုင်းမှာ အိန္ဒိ ယနိုင်ငံမှ လာသောလိုင်းဖြစ်သည်။ အမျိုးသားဓာတ်အားလိုင်းနှင့် ချိတ် ဆက်သောမြို့အားလုံးမှောင်သွားခဲ့ သည်။

Ref: CNA
Yangon Media Group
ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံး တွင် လွန်ခဲ့သောအပတ်က လျှပ်စစ် မီးပြတ်တောက်မှုဖြစ်ပွားခဲ့ရာ နေအိမ် များ၊ စီးပွားရေးလုပ်ငန်းများအပြင် ဝန်ကြီးချုပ်၏ ရုံးအပါအဝင်အမှောင် ကျသွားခဲ့ကြောင်း၊ လျှပ်စစ်မီးမှာ တနင်္ဂနွေနေ့ နံနက်ပိုင်းမှ တစ်နိုင်ငံလုံး သို့ ပြန်လည်ပေးနိုင်ခဲ့ကြောင်း အစိုး ရက ပြောကြားခဲ့ကြေင်း CNA သတင်းက ဆိုသည်။

တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ် အားပြတ်တောက်ခဲ့ကြောင်း ယခုအ ခါ တစ်နိုင်ငံလုံး ပုံမှန်ပြန်ဖြစ်သွား ပြီးဟု စွမ်းအင်ဝန်ကြီးနာစ်ရှုလ်ဟာ မစ်က သတင်းထောက်များကို ပြော ခဲ့သည်။ လွန်ခဲ့သော စနေနေ့နေ့လယ် မှစ၍ လျှပ်စစ်မီးပြတ်တောက်သွား ခဲ့သည်ဟု ဆိုသည်။ ''ဒီကိစ္စကိုအ တည်ပြုနိုင်ဖို့ စစ်ဆေးရေးကော်မ တီတစ်ရပ် ဖွဲ့စည်းလိုက်ပါ''ဟု ၄င်း ကဆိုသည်။

ဤကော်မတီက သူ့ရဲ့ တွေ့ရှိချက်တွေကို သုံးရက်အတွင်း အစီရင်ခံလိမ့်မည် ဟုလည်း ၄င်းက သတင်း ထောက်များကို ပြောခဲ့သည်။

စနေနေ့ညပိုင်းမှာ မီးပြန်လာ တော့ ဒါကာတစ်မြို့လုံးဝမ်းသာအား ရ အော်ဟစ်သံတွေကိုကြားခဲ့ရ ကြောင်း၊ နေအိမ်များမှ လူများမှာ အိမ်ပြင်သို့ထွက်နေခြင်း၊ သို့မဟုတ် အိမ်ခေါင်းမိုးပေါ်သို့ တက်နေခြင်း များကို ပြုလုပ်ခဲ့ကြရသည်ဟုဆို သည်။ ဒါကာမြို့မှာ လူ ၁ဒသမ၅သန်း နေထိုင်လျက်ရှိသည်။

မီးအမှောင်ကျသွားခဲ့၍ တစ္ဆေမြို့နှင့် တူနေခဲ့ကြောင်း၊ နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ ရုံးခန်းများ အားလုံးအမှောင်လွှမ်း သွားခဲ့ကြောင်း၊ ဆေးရုံနှင့် နိုင်ငံတ ကာလေဆိပ်တွင် အရန်မီးစက်များကို ချက်ချင်း မောင်းနှင်း အသုံးပြုခဲ့ ရကြောင်း၊ ရေများမရရှိဘဲဖြစ်သွား ရကြောင်း သတင်းများက ဆိုသည်။

အစိုးရပိုင်လျှပ်စစ်ဓာတ်အား ကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ချောင်ဒရီအလန်ဂါဟူစိန်က ဓာတ်အားလွဲ လိုင်းကျဆင်းသွားမှုကို အပြစ်ပြောခဲ့သည်။ ထိုလိုင်းမှာ အိန္ဒိယနိုင်ငံမှ လာသောလိုင်းဖြစ်သည်။ အမျိုးသား ဓာတ်အားလိုင်းနှင့် ချိတ် ဆက်သောမြို့အားလုံးမှောင်သွားခဲ့ သည်။

Ref: CNA
Yangon Media Group

No comments:

Post a Comment