Tuesday 4 November 2014

နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ယနေ့ထွက် ရှိမည်

နိုင်ငံရေး ပါတီ (၅၆) ပါတီမှ ရွေးချယ် ထားသော (၁၅) ဦးကော်မတီ အဖွဲ့ဝင် များ၏ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် တစ်ရပ်ကို ယနေ့ ချမှတ် နိုင်မည် ဖြစ်ကြောင်း အဆိုပါ ကော်မတီမှ သိရသည်။

ကျွန်တော်တို့ အဖွဲ့ဝင် (၁၅) ဦးရဲ့ မူဘောင်တစ်ခု ထွက်ရှိ ပြီးရင် ကျန်တဲ့ (၅၆) ပါတီရဲ့ အဖွဲ့ဝင်တွေကို ချပြရမယ်။ ပြီးရင် အချောသပ် မူဘောင် တစ်ခု ထွက်ရှိ လာမယ်။ ဒီနှစ် မကုန်ခင်တော့ အပြီးသတ် ချမှတ်နိုင်မှာပါ ဟု (၁၅) ဦး ကော်မတီ အဖွဲ့ဝင် NBFပါတီ မှ ဦးစောသန်းမြင့်က ပြောသည်။

အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆို ပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ချ မှတ်သည့် အခါတွင် ၎င်း (၅၆) ပါတီမှ မူဘောင် တစ်ခု၊ (NLD) ပါတီမှ မူဘောင် တစ်ခုနှင့် (USDP) ပါတီမှ မူဘောင် တစ်ခု စုစုပေါင်း မူဘောင် သုံးခုကို စုပေါင်း၍ မူဘောင် တစ်ခုတည်း ဖြစ်အောင် ဆွေးနွေး နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အပစ်အခတ် ရပ်စဲဖို့ အတွက် အခု နိုဝင်ဘာထဲမှာ (UPWC)နဲ့ (NCCT)တို့ ခုနှစ် ကြိမ်မြောက် တွေ့ဆုံဖို့ စီစဉ်နေတယ်။ ဒီလထဲမှာတော့ လက်မှတ်ရေး ထိုးနိုင်ဖို့ သေချာ သလောက်တော့ ရှိတယ် ဟု ဦးစောသန်းမြင့်က ပြောသည်။ အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆို နိုင်ရန် အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ (NCCT) တို့သည် လက်ရှိ အချိန်ထိ အလွတ် သဘော တွေ့ဆုံ နိုင်ခြင်း မရှိသေးကြောင်း NCCT မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက The Messenger Media သို့ပြောကြား ထားသည်။ အပစ်အခတ် ရပ်စဲရေးကို ယခုနှစ် အတွင်း အပြီးသတ် လက်မှတ်ရေး ထိုးရန် တိုင်းရင်းသား ပါတီ (၂၂) ပါတီဖြင့် ဖွဲ့စည်း ထားသော ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (UNFC) က တိုက်တွန်းထားသည်။

Messenger News Journal

No comments:

Post a Comment