Tuesday 4 November 2014

ဘီလာရုစ်နိုင်ငံရှိ ဒုတိယကမ္ဘာစစ်သမိုင်းဝင်ခံတပ်နေရာများသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် သွားရောက်လေ့လာ

ဘီလာရုစ်သမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၂ ရက် မွန်းလွဲပိုင်းက မင့်စ်မြို့ရှိ စတယ်လင်လိုင်း ဒုတိယကမ္ဘာစစ် အတွင်း သမိုင်းဝင်ခံတပ်နေရာ Complex သို့သွားရောက်လေ့လာခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြား သတင်းအရ သိရသည်။

အဆိုပါ စတယ်လင်လိုင်းသမိုင်းဝင်ခံတပ်နေရာသည် မြောက်ဘက်ကာရီလိုင်း အက်စ်ဝပ်မှ တောင်ဘက် ပင်လယ်နက်အထိ ကီလိုမီတာ ၁၂၀၀ ကျော်ရှည်လျားပြီး ခံစစ်လိုင်းအတွင်း ခံစစ်နယ်မြေ ၂၃ ခု ပါဝင်ကာ အခိုင်အမာခံတပ်နေရာပေါင်း ၄၀၀၀ ကျော်ရှိပြီး ယနေ့လူငယ်များ သမိုင်းကြောင်းသိရှိစေရန် သမိုင်းအမွေ အနှစ်ထိန်းသိမ်းထားခြင်းဖြစ်ကာ ယင်းခံစစ်နေရာ၌ မူလလက်ရာမပျက် ဒုတိယကမ္ဘာစစ်အတွင်းခံတပ်များ၊ ကတုပ်ကျင်းများ၊ ဆက်သွယ်ရေးတူးမြောင်းများ၊ စစ်လက်နက်ပစ္စည်းများ၊ ယန္တရားများကို ပြသ ထားခြင်းဖြစ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဒေသစံတော်ချိန်မွန်းလွဲ ၂ နာရီတွင် Museum of the History of the Great Patriotic War စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ ယင်းစစ်သမိုင်းပြတိုက်အတွင်း ဒုတိယကမ္ဘာစစ်အတွင်း ရုရှားနိုင်ငံသို့ ဖက်ဆစ်နာဇီများ စတင်ဝင်ရောက် လာပုံများ၊ တိုက်ပွဲဖြစ်ပွားမှုများ၊ နှစ်ဘက်တပ်များအသုံးပြုခဲ့သည့် စစ်လက်နက်ပစ္စည်း၊ စစ်ဝတ်စုံများ၊ ယာဉ်ယန္တရားများ၊ လေယာဉ်များ၊ ရုရှားတပ်များ၊ ပြည်သူများ၏ သေကျေပျက်စီးမှုများ၊ ဖက်ဆစ်နာဇီတို့၏ ညဉ်းပန်းနှိပ်စက်မှုများ၊ သုံ့ပန်းစခန်းများစသည်တို့အား ပြသထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment