Tuesday 4 November 2014

အာဆီယံထိပ်သီး အစည်းအဝေးကာလတွင် ခရီးသွားသူများကို မှတ်ပုံတင် စစ်ဆေးမည်

အာဆီယံထိပ်သီးအ စည်းအဝေးကျင်းပစဉ် ပြည်တွင်း၊ ပြည်ပ ခရီးသွားလာသူအားလုံးကို လုံခြုံရေး အရာရှိများက ယာဉ်ပေါ် တက်၍ ရှာဖွေစစ်ဆေးမည်ဖြစ် သဖြင့် ခရီးသွားသူများ မှတ်ပုံ တင်အပါအ၀င် သက်ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများ ဆောင်ထားရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ကြေညာချက်ထုတ်ပြန်သည်။

မြို့အ၀င်အထွက်များတွင် ခရီးသွားများကို ကားပေါ်မှ ဆင်း စေ၍ မှတ်ပုံတင်နှင့် လူတိုက်ဆိုင် စစ်ဆေးခြင်း အစီအစဉ် ရပ် တန့်ခဲ့ပြီးနောက် ငါးနှစ်အကြာ အာဆီယံ ထိပ်သီးအစည်း အဝေးအတွက် ယင်းအစီအစဉ်ကို နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ ပြန်လည်စတင်မည်ဖြစ်သည်။

‘‘မှတ်ပုံတင်မရှိရင်တောင်မှ အနည်းဆုံးရပ်ကွက်ထောက်ခံစာ တော့ ယူလာခဲ့ဖို့ မေတ္တာရပ်ခံချင် ပါတယ်။ မှတ်ပုံတင်ပျောက်နေ ရင်လည်း ပျောက်ဆုံးကြောင်း ထောက်ခံစာပါရပါမယ်။ အဲဒါ တွေ မပါရင်တော့ လုံခြုံရေး ဆောင်ရွက်သူတွေမှာ အနှောင့် အယှက်ဖြစ်မှာပါ။ အခုယာဉ် လိုင်းအားလုံးနဲ့လည်း ဆွေးနွေးပြီး ပါပြီ။ နေပြည်တော်မှာဆိုရင် အ၀င်အထွက်အားလုံးမှာ လုံခြုံရေးအရာရှိရှိမယ်။ ကားပေါ်တက်ပြီးစစ်မယ်။ သူမသင်္ကာတဲ့သူကို မှတ်ပုံတင်ကအစ လိုအပ်တဲ့ အ ထောက်အထားတောင်းကြည့်မှာ ဖြစ်တယ်။ ပူးပေါင်းကူညီပေးဖို့ တောင်းဆိုပါတယ်’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အဆင့် မြင့်အရာရှိကြီးတစ်ဦးက ပြော ကြားသည်။

ယခုလုံခြုံရေးအစီအစဉ်ကို နေပြည်တော်တင်မကဘဲ တစ် ပြည်လုံး လေဆိပ်၊ ရေဆိပ်၊ ကားဂိတ်ဝင်ပေါက်၊ ထွက်ပေါက် အားလုံးတွင် ရဲမှူးကြီးအဆင့်ရှိ လုံခြုံရေးအရာရှိတစ်ဦး ခေါင်း ဆောင်၍ သက်ဆိုင်ရာ ယာဉ်ပေါ် တက်ကာ ရှောင်တခင်(Random) စနစ်ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း၎င်းကပြောသည်။

ခရီးသွားမည့်သူများအနေ ဖြင့် နိုင်ငံသားစိစစ်ရေးလက်မှတ်၊ သက်ဆိုင်ရာ နိုင်ငံသား အ ထောက်အထား လက်မှတ်၊ ၀န်ထမ်းစိစစ်ရေးလက်မှတ်၊ ခရီး သွားလာခွင့်(သို့) ခိုင်လုံသော အထောက် အထားများ၊ လိုအပ် သော စာရွက်စာတမ်းများနှင့် သက်ဆိုင်ရာ ယာဉ်အထောက် အထားများ မပျက် မကွက် ကိုင် ဆောင်၍ ခရီးသွားကြရန်နှင့် တာ ၀န်ရှိသူများက တာဝန်အရ စစ်ဆေး မေးမြန်းခြင်းအပေါ် ကြည်ဖြူစွာ ကူညီရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

စာရွက်စာတမ်း မပြည့်စုံပါက လုံခြုံရေးအရာရှိများအတွက်သာမက အခြားခရီးသွားများ အတွက်ပါ အနှောင့်အယှက်ဖြစ် နိုင်သဖြင့် အနည်းဆုံးသက်ဆိုင် ရာထံမှ အထောက်အထားတစ်ခု ခုမဖြစ်မနေယူ လာရန် လိုကြောင်း အဆိုပါအရာရှိကြီးကပြောသည်။

အာဆီယံထိပ်သီး အစည်း အဝေးသို့ အမေရိကန်သမ္မတ အို ဘားမား၊ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီ၊ သြစတြေးလျ ၀န်ကြီးချုပ် တိုနီအဘော့၊ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၊ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုအပါ အ၀င် အာရှနှင့်အာဆီယံဒေသမှ ထိပ်တန်းခေါင်းဆောင် ၂၀ ဦးခန့် တက်ရောက်ကြမည်ဖြစ်ပြီး လုံခြုံရေးစည်းကိုလည်း အမြင့်ဆုံးအဆင့် သတ်မှတ်ထားသည်။

ခေါင်းဆောင်များ လုံခြုံရေး အတွက် ရဲတပ်ဖွဲ့ဝင် အင်အား ၂၀,၀၀၀ ကျော် အသုံးပြုမည်ဖြစ်ပြီး ခရီးသွား များ စိစစ်ခြင်းအတွက် မငြိမ်းချမ်းသေးသော နယ်မြေများတွင် တပ်မတော်အရာရှိများက ပူးတွဲတာဝန်ယူ မည်ဖြစ်သည်။

7Day DAILY

No comments:

Post a Comment