Tuesday 4 November 2014

အီဘိုလာရောဂါ သတိပေးနှိုးဆော်ချက် ပြည်သူများ ပိုမိုကျယ်ပြန့်စွာ သိစေရန် ဆောင်ရွက်မည်

Photo: အီဘိုလာရောဂါ သတိပေးနှိုးဆော်ချက် ပြည်သူများ ပိုမိုကျယ်ပြန့်စွာ သိစေရန် ဆောင်ရွက်မည်
Tuesday, November 4, 2014

အီဘိုလာ ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်သော သတိ ပေးနှိုးဆော်ချက်ကို ပြည်သူများ ပိုမိုကျယ် ပြန့်စွာသိစေရန် ကျန်းမာရေးဦးစီးဌာန၊ ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အီဘိုလာဗိုင်းရပ်စ်ရောဂါနှင့်ပတ် သက်ပြီး နိုင်ငံပိုင်သတင်းစာနှင့် ရုပ်သံမီဒီ ယာများမှတစ်ဆင့် သတိပေး နှိုးဆော်ချက် များကိုထုတ်ပြန်ကြေညာလျက်ရှိကာ ပုဂ္ဂလိ ကသတင်းမီဒီယာများတွင်လည်း ထုတ်ပြန် ကြေညာရန်စီစဉ်လျက်ရှိကြောင်းသိရသည်။

''အီဘိုလာရောဂါက မြန်မာနိုင်ငံမှာ မဖြစ်ဘူးဆိုပေမယ့် ဖြစ်ပွားတဲ့နိုင်ငံတွေ မှာက သေဆုံးမှု အလွန်များနေပါတယ်။ အခု လောလောဆယ်မှာ အဝင်ဂိတ်တွေမှာတော့ စစ်ဆေးတာတွေကို လုပ်နေပါတယ်။ အီ ဘိုလာအကြောင်းကိုလဲ ပြည်သူတွေကျယ် ကျယ်ပြန့်ပြန့်သိအောင် သတိပေးနှိုးဆော် ချက်တွေကို နိုင်ငံပိုင်သတင်းစာနဲ့ ပုဂ္ဂလိက မီဒီယာတွေကနေသိအောင် ထုတ်ပြန်ကြေ ညာသွားမှာပါ'' ဟု ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အီဘိုလာရောဂါကြောင့် သေ ဆုံးသူဦးရေမှာ ကမ္ဘာပေါ်တွင် ၅ဝဝဝနီးပါး ရှိနေပြီဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ကူး စက်ခြင်းမရှိစေရန် ကျန်းမာရေးဦးစီးဌာန အနေဖြင့် အထူးဂရုစိုက်ကာ စောင့်ကြပ် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

''လွန်ခဲ့တဲ့တစ်လအတွင်း အီဘို လာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားတဲ့နိုင်ငံ တွေကိုသွားရောက်ခဲ့သူတွေနဲ့ နိုင်ငံတကာ ခရီးသွားသူတွေမှာ အီဘိုလာသံသယလက္ခ ဏာတွေဖြစ်ပေါ်နေတယ်ဆိုရင် ကျန်းမာ ရေးဌာနကို ချက်ချင်းသတင်းပေးပို့ပြီး ဆေး ကုသမှုကိုခံယူဖို့ လိုအပ်ပါတယ်''ဟု ယင်း က ထပ်မံပြောကြားသည်။

အီဘိုလာသံသယလက္ခဏာများ မှာ ဖျားခြင်း၊ အားအင်ချည့်နဲ့ခြင်း၊ ကြွက်သား နှင့် အဆစ် အမျက်များ နာကျင်ကိုက်ခဲခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာမျိုရခက် ခြင်း၊ အသက်ရှူရခက်ခြင်း၊ ကြို့ထိုးခြင်း၊ အန် ခြင်း၊ အရည်ဝမ်းသွားခြင်း၊ ဗိုက်နာခြင်း၊ ခန္ဓာ ကိုယ်အတွင်းနှင့်အပြင် သွေးယိုထွက်မှုရှိ ခြင်းတို့ဖြစ်ကြောင်း ယင်းက ဆက်လက် သတိပေး ပြောကြားသည်။

ထို့ပြင် အီဘိုလာဗိုင်းရပ်စ်ရော ဂါမှာ ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်ပြီး ကုသ ရန်ခက်ခဲသည့်အပြင် ရောဂါပြန့်ပွားမှုအား ထိန်းချုပ်ရန်ခက်ခဲကြောင်း၊ ရောဂါဖြစ်ပွား သည့်နိုင်ငံများနှင့် ရောဂါဖြစ်ပွားသူများ၏ သေဆုံးနိုင်မှုရာခိုင်နှုန်းများ၊ အီဘိုလာကူး စက်နိုင်သောနည်းလမ်းများ၊ အီဘိုလာဗိုင်း ရပ်စ်ရောဂါသံသယလက္ခဏာများ၊ အီဘို လာရောဂါကူးစက်မှုမရှိစေရေး ကာကွယ် ရန်နည်းလမ်းများ ဖော်ပြပါရှိသည်။

''တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြုဖို့လိုအပ်ပါတယ်။ လက်ကို ရေ နဲ့ဆပ်ပြာနဲ့ မကြာခဏဆေးကြောဖို့ လိုပါ တယ်။ ရောဂါပိုးရှိသူရဲ့သွေးနဲ့ ခန္ဓာကိုယ်မှ ထွက်တဲ့အရည်တွေကို ထိတွေ့ကိုင်တွယ် ခြင်းမပြုရပါဘူး''ဟု ယင်းက ဆက်လက် သတိပေးပြောကြားသည်။

အဆိုပါကြေညာချက်တွင် ရော ဂါပိုးရှိသောလူ၊ တိရစ္ဆာန်တို့၏သွေးနှင့် ¤င်း ခန္ဓာကိုယ်မှထွက်သောအရည်များရှိနိုင်သည့် အရာဝတ္ထုပစ္စည်းများဖြစ်သည့် ခုံများ၊ စားပွဲ များ၊ အိပ်ရာ၊ လှေကားလက်ရန်း၊ နံရံစသည် တို့အား ထိတွေ့ကိုင်တွယ်ခြင်းမပြုရဟု သတိ ပေးကြေညာထားကြောင်း သိရသည်။

အဆိုပါသတိပေးနှိုးဆော်ချက် တွင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အီဘိုလာဗိုင်းရပ်စ်ရောဂါလူနာများကို ကာ ကွယ်ကုသရာတွင် ကိုယ်ခန္ခာကာကွယ်ရေး ဝတ်စုံနှင့် ပစ္စည်းများပြည့်စုံစွာ စနစ်တကျ ဝတ်ဆင်၍ လုပ်ငန်းဆောင်ရွက်ရမည်ဟု ညွှန်ကြားထားပြီး ပြည့်စုံသော ကိုယ်ခန္ဓာ ကာကွယ်ရေးဝတ်စုံနှင့်ပစ္စည်းများဝတ်ဆင် ခြင်းမပြုဘဲ လူနာအား ထိတွေ့ကိုင်တွယ် ခြင်းမပြုရဟု ကျန်းမာရေးဝန်ထမ်းများကို ညွှန်ကြားထားသည်။

Yangon Media Group
အီဘိုလာ ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်သော သတိ ပေးနှိုးဆော်ချက်ကို ပြည်သူများ ပိုမိုကျယ် ပြန့်စွာ သိစေရန် ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အီဘိုလာဗိုင်းရပ်စ်ရောဂါနှင့်ပတ် သက်ပြီး နိုင်ငံပိုင်သတင်းစာနှင့် ရုပ်သံမီဒီ ယာများမှတစ်ဆင့် သတိပေး နှိုးဆော်ချက် များကိုထုတ်ပြန်ကြေညာလျက်ရှိကာ ပုဂ္ဂလိ ကသတင်းမီဒီယာများတွင်လည်း ထုတ်ပြန် ကြေညာရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

''အီဘိုလာရောဂါက မြန်မာနိုင်ငံမှာ မဖြစ်ဘူးဆိုပေမယ့် ဖြစ်ပွားတဲ့နိုင်ငံတွေ မှာက သေဆုံးမှု အလွန်များ နေပါတယ်။ အခု လောလောဆယ်မှာ အဝင်ဂိတ်တွေမှာတော့ စစ်ဆေးတာတွေကို လုပ်နေပါတယ်။ အီ ဘိုလာအကြောင်းကိုလဲ ပြည်သူတွေကျယ် ကျယ်ပြန့်ပြန့်သိအောင် သတိပေးနှိုးဆော် ချက်တွေကို နိုင်ငံပိုင် သတင်းစာနဲ့ ပုဂ္ဂလိက မီဒီယာတွေကနေသိအောင် ထုတ်ပြန်ကြေ ညာသွားမှာပါ'' ဟု ကျန်းမာရေးဦးစီး ဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အီဘိုလာရောဂါကြောင့် သေ ဆုံးသူဦးရေမှာ ကမ္ဘာပေါ်တွင် ၅ဝဝဝနီးပါး ရှိနေပြီဖြစ်သောကြောင့် မြန်မာနိုင်ငံ သို့ကူး စက်ခြင်းမရှိစေရန် ကျန်းမာရေးဦးစီးဌာန အနေဖြင့် အထူးဂရုစိုက်ကာ စောင့်ကြပ် ကြည့်ရှု လျက်ရှိကြောင်း သိရသည်။

''လွန်ခဲ့တဲ့တစ်လအတွင်း အီဘို လာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားတဲ့နိုင်ငံ တွေကိုသွားရောက်ခဲ့သူတွေနဲ့ နိုင်ငံတကာ ခရီးသွားသူတွေမှာ အီဘိုလာသံသယလက္ခ ဏာတွေဖြစ်ပေါ်နေတယ်ဆိုရင် ကျန်းမာ ရေးဌာန ကို ချက်ချင်းသတင်းပေးပို့ပြီး ဆေး ကုသမှုကိုခံယူဖို့ လိုအပ်ပါတယ်''ဟု ယင်း က ထပ်မံပြောကြားသည်။

အီဘိုလာသံသယလက္ခဏာများ မှာ ဖျားခြင်း၊ အားအင်ချည့်နဲ့ခြင်း၊ ကြွက်သား နှင့် အဆစ် အမျက်များ နာကျင်ကိုက်ခဲခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာမျိုရခက် ခြင်း၊ အသက်ရှူရခက်ခြင်း၊ ကြို့ထိုးခြင်း၊ အန် ခြင်း၊ အရည်ဝမ်းသွားခြင်း၊ ဗိုက်နာခြင်း၊ ခန္ဓာ ကိုယ်အတွင်းနှင့်အပြင် သွေးယိုထွက်မှုရှိ ခြင်းတို့ဖြစ်ကြောင်း ယင်းက ဆက်လက် သတိပေး ပြောကြားသည်။

ထို့ပြင် အီဘိုလာဗိုင်းရပ်စ်ရော ဂါမှာ ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်ပြီး ကုသ ရန်ခက်ခဲသည့်အပြင် ရောဂါ ပြန့် ပွားမှုအား ထိန်းချုပ်ရန်ခက်ခဲကြောင်း၊ ရောဂါဖြစ်ပွား သည့်နိုင်ငံများနှင့် ရောဂါဖြစ်ပွားသူများ၏ သေဆုံးနိုင်မှုရာခိုင်နှုန်းများ၊ အီဘိုလာကူး စက်နိုင်သောနည်းလမ်းများ၊ အီဘိုလာဗိုင်း ရပ်စ်ရောဂါသံသယ လက္ခဏာများ၊ အီဘို လာရောဂါကူးစက်မှုမရှိစေရေး ကာကွယ် ရန်နည်းလမ်းများ ဖော်ပြပါရှိသည်။

''တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြုဖို့လိုအပ်ပါတယ်။ လက်ကို ရေနဲ့ဆပ်ပြာနဲ့ မကြာခဏ ဆေးကြော ဖို့လိုပါတယ်။ ရောဂါပိုးရှိသူရဲ့သွေးနဲ့ ခန္ဓာကိုယ်မှ ထွက်တဲ့အရည်တွေကို ထိတွေ့ကိုင်တွယ် ခြင်းမပြုရပါ ဘူး'' ဟု ယင်းက ဆက်လက် သတိပေးပြောကြားသည်။

အဆိုပါကြေညာချက်တွင် ရော ဂါပိုးရှိသောလူ၊ တိရစ္ဆာန်တို့၏သွေးနှင့် ¤င်း ခန္ဓာကိုယ်မှထွက်သော အရည်များရှိနိုင်သည့် အရာဝတ္ထုပစ္စည်းများဖြစ်သည့် ခုံများ၊ စားပွဲ များ၊ အိပ်ရာ၊ လှေကားလက်ရန်း၊ နံရံစသည် တို့အား ထိတွေ့ကိုင်တွယ်ခြင်းမပြုရဟု သတိ ပေးကြေညာထားကြောင်း သိရသည်။

အဆိုပါသတိပေးနှိုးဆော်ချက် တွင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အီဘိုလာဗိုင်းရပ်စ်ရောဂါ လူနာများကို ကာ ကွယ်ကုသရာတွင် ကိုယ်ခန္ခာကာကွယ်ရေး ဝတ်စုံနှင့် ပစ္စည်းများပြည့်စုံစွာ စနစ်တကျ ဝတ်ဆင်၍ လုပ်ငန်းဆောင်ရွက်ရမည်ဟု ညွှန်ကြားထားပြီး ပြည့်စုံသော ကိုယ်ခန္ဓာ ကာကွယ်ရေး ဝတ်စုံနှင့်ပစ္စည်းများဝတ်ဆင် ခြင်းမပြုဘဲ လူနာအား ထိတွေ့ကိုင်တွယ် ခြင်းမပြုရဟု ကျန်းမာရေးဝန်ထမ်း များကို ညွှန်ကြားထားသည်။

Yangon Media Group

No comments:

Post a Comment