Tuesday 4 November 2014

အင်တာနက်လိုင်း ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီအချို့ ရောင်းချ မှု ခေတ္တရပ်ဆိုင်းထား

Photo: အင်တာနက်လိုင်း ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီအချို့ ရောင်းချ မှု ခေတ္တရပ်ဆိုင်းထား
Tuesday, November 4, 2014

ပြည်တွင်း၌ အင်တာ နက်လိုင်းဝန်ဆောင်မှု(ISP)ပေး နေသော ကုမ္ပဏီအချို့ သည် အောက်တိုဘာလမှစ၍ လိုင်း ရောင်းချမှုရပ်ဆိုင်းထားကြောင်း သတင်းရရှိသည်။

အဆိုပါ ကုမ္ပဏီများမှာ ရောင်းချဝန်ဆောင်မှုပေးသော Wimax ၀ိုင်ယာလက်ခံနှင့် ဖိုက်ဘာအင်တာနက်လိုင်း လျှောက်ထားသူများသော်လည်း လိုင်းများထပ်မံချထားပေးရန် အခက်အခဲရှိသောကြောင့် ပြီးခဲ့သည့် တစ်လခန့်မှစတင်ကာရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီများမှတာဝန်ရှိသူများကပြောသည်။

ဖိုက်ဘာအင်တာနက်လိုင်း ၀န်ဆောင်မှုပေးနေသည့် Elite Tech IT Services ကုမ္ပဏီလီမိတက်မှ အရောင်းမြှင့်တင်ရေးမန် နေဂျာဒေါ်မြင့်သက်ထွန်းက ‘‘အင် တာနက်လိုင်းဝန်ဆောင်မှုရောင်း ချတာတွေ ရပ်ဆိုင်းထားတာဟုတ် ပါတယ်။ ရတနာပုံတယ်လီပို့က ရပ်ဆိုင်းဖို့ပြောထားလို့ လိုင်းထပ် မချဖြစ်တာ တစ်လနီးပါးရှိနေပြီ’’ ဟု 7Day သတင်းစာ၏ ဆက် သွယ်မေးမြန်းမှုကို ဖြေကြားသည်။ Wimaxနှင့် ဖိုက်ဘာအင် တာနက်လိုင်းဝန်ဆောင်မှုပေးနေ သည့် RedLinkကုမ္ပဏီမှာလည်း အင်တာနက်လိုင်းများ ထပ်မံတပ် ဆင်ရောင်းချမှုမပြုဘဲ ရပ်နားထားသည်မှာ တစ်လခန့်ရှိပြီဖြစ် ကြောင်း အဆိုပါကုမ္ပဏီမှ အင်တာနက်လိုင်း ၀ယ်ယူတပ်ဆင်သုံးစွဲသူအချို့ထံမှ စုံစမ်းသိရှိ ရသည်။

လက်ရှိ ပြည်တွင်း၌ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာ ပုံတယ်လီပို့၊ Red Link၊ Elite၊ Sky Net၊ Fortune Internatio-nal စသည့်ကုမ္ပဏီများမှာ အင် တာနက်လိုင်းဝန်ဆောင်မှု(ISP)လုပ်ငန်းများကိုလုပ်ကိုင်နေခြင်း ဖြစ်သည်။

Red Linkကုမ္ပဏီမှာ ရန်ကုန် နှင့်ပုဂံတို့တွင် Wimaxစနစ်ဖြင့် အင်တာနက်လိုင်း ၀န်ဆောင်မှု များပေးနေပြီး မန္တလေးမြို့တွင် ဖိုက်ဘာဖြင့် အင်တာနက်လိုင်း ပေးနေခြင်းဖြစ်ကာ သုံးစွဲသူဦးရေ တစ်သောင်းကျော်ရှိသည်။ Elite Tech IT Services ကုမ္ပဏီလီမိတက်မှာ ရန်ကုန်မြို့တွင် ဖိုက်ဘာစနစ်ဖြင့် အင်တာနက်လိုင်းဝန် ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။

Red Linkနှင့် Eliteကုမ္ပဏီ နှစ်စလုံးအနေဖြင့် ရတနာပုံတယ် လီပို့ထံမှ အင်တာနက်လိုင်းကို တစ်ဆင့်ဝယ်ယူနေရခြင်းဖြစ်ပြီး ရတနာပုံ တယ်လီပို့မှာလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းထံ မှ အင်တာနက်လိုင်းများ ၀ယ် ယူ အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှဖိုက်ဘာအင်တာနက်လိုင်း တပ်ဆင်သုံးစွဲသူ တစ်ဦးက‘‘အင်တာနက်လိုင်းကတော့ သိတဲ့အတိုင်းနေ့ခင်းဘက်ဆို အရမ်းလေးတယ်။ ရုံးချိန်နောက်ပိုင်းဆိုရင်တော့ နည်းနည်းသုံးလို့ ကောင်းတယ်’’ ဟု သုံးသပ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် ဖိုက်ဘာကွန်ရက် ဖြန့်ကြက်ခြင်း လုပ်ငန်းကို ဂျပန် ဆက်သွယ်ရေးကုမ္ပဏီKDDIနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ယခုနို ၀င်ဘာ လကုန်တွင် ပြန်လည် ကောင်းမွန်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

7Day DAILY 

ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ပြည်တွင်း၌ အင်တာ နက်လိုင်းဝန်ဆောင်မှု(ISP)ပေး နေသော ကုမ္ပဏီအချို့ သည် အောက်တိုဘာလမှ စ၍ လိုင်း ရောင်းချမှုရပ်ဆိုင်းထားကြောင်း သတင်းရရှိသည်။

အဆိုပါ ကုမ္ပဏီများမှာ ရောင်းချဝန်ဆောင်မှုပေးသော Wimax ၀ိုင်ယာလက်ခံနှင့် ဖိုက်ဘာအင်တာနက် လိုင်း လျှောက်ထားသူများသော်လည်း လိုင်းများထပ်မံချထားပေးရန် အခက်အခဲရှိသောကြောင့် ပြီးခဲ့သည့် တစ်လခန့်မှစတင်ကာရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီများမှတာဝန်ရှိသူများကပြောသည်။

ဖိုက်ဘာအင်တာနက်လိုင်း ၀န်ဆောင်မှုပေးနေသည့် Elite Tech IT Services ကုမ္ပဏီလီမိတက်မှ အရောင်းမြှင့်တင်ရေးမန် နေဂျာဒေါ်မြင့်သက်ထွန်းက ‘‘အင် တာနက်လိုင်းဝန်ဆောင်မှုရောင်း ချတာတွေ ရပ်ဆိုင်းထားတာဟုတ် ပါတယ်။ ရတနာပုံတယ်လီပို့က ရပ်ဆိုင်းဖို့ပြောထားလို့ လိုင်းထပ် မချဖြစ်တာ တစ်လနီးပါးရှိနေပြီ’’ ဟု 7Day သတင်းစာ၏ ဆက် သွယ်မေးမြန်းမှုကို ဖြေကြားသည်။ Wimaxနှင့် ဖိုက်ဘာအင် တာနက်လိုင်းဝန်ဆောင်မှုပေးနေ သည့် RedLinkကုမ္ပဏီမှာလည်း အင်တာနက်လိုင်းများ ထပ်မံတပ် ဆင်ရောင်းချမှုမပြုဘဲ ရပ်နားထားသည်မှာ တစ်လခန့်ရှိပြီဖြစ် ကြောင်း အဆိုပါကုမ္ပဏီမှ အင်တာနက်လိုင်း ၀ယ်ယူတပ်ဆင်သုံးစွဲသူအချို့ထံမှ စုံစမ်းသိရှိ ရသည်။

လက်ရှိ ပြည်တွင်း၌ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာ ပုံတယ်လီပို့၊ Red Link၊ Elite၊ Sky Net၊ Fortune Internatio-nal စသည့်ကုမ္ပဏီများမှာ အင်တာနက်လိုင်းဝန်ဆောင်မှု(ISP)လုပ်ငန်းများကို လုပ်ကိုင် နေခြင်း ဖြစ်သည်။

Red Linkကုမ္ပဏီမှာ ရန်ကုန် နှင့်ပုဂံတို့တွင် Wimaxစနစ်ဖြင့် အင်တာနက်လိုင်း ၀န်ဆောင်မှုများပေး နေပြီး မန္တလေးမြို့တွင် ဖိုက်ဘာဖြင့် အင်တာနက်လိုင်း ပေးနေခြင်းဖြစ်ကာ သုံးစွဲသူဦးရေ တစ်သောင်း ကျော်ရှိသည်။ Elite Tech IT Services ကုမ္ပဏီလီမိတက်မှာ ရန်ကုန်မြို့တွင် ဖိုက်ဘာစနစ်ဖြင့် အင်တာနက် လိုင်းဝန် ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။

Red Linkနှင့် Eliteကုမ္ပဏီ နှစ်စလုံးအနေဖြင့် ရတနာပုံတယ် လီပို့ထံမှ အင်တာနက်လိုင်းကို တစ်ဆင့် ၀ယ်ယူနေရခြင်းဖြစ်ပြီး ရတနာပုံ တယ်လီပို့မှာလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းထံမှ အင်တာနက် လိုင်း များ ၀ယ် ယူ အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှဖိုက်ဘာအင်တာနက်လိုင်း တပ်ဆင်သုံးစွဲသူ တစ်ဦးက‘‘အင်တာနက်လိုင်း ကတော့ သိတဲ့အတိုင်းနေ့ခင်းဘက်ဆို အရမ်းလေးတယ်။ ရုံးချိန်နောက်ပိုင်းဆိုရင်တော့ နည်းနည်းသုံးလို့ ကောင်းတယ်’’ ဟု သုံးသပ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် ဖိုက်ဘာကွန်ရက် ဖြန့်ကြက်ခြင်း လုပ်ငန်းကို ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီKDDIနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ယခုနိုဝင်ဘာလကုန်တွင် ပြန်လည်ကောင်းမွန်ရန် ဆောင်ရွက် သွား မည်ဖြစ်ကြောင်း သိရသည်။

7Day DAILY 

No comments:

Post a Comment