Tuesday 23 September 2014

တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၄,၀၀၀ ကျော် ဖမ်းဆီး ခန့်မှန်းတန်ဖိုး ကျပ် ၂၂ ဘီလီယံကျော်အထိ ရှိလာ

Photo: တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၄,၀၀၀ ကျော် ဖမ်းဆီး ခန့်မှန်းတန်ဖိုး ကျပ် ၂၂ ဘီလီယံကျော်အထိ ရှိလာ
Tuesday, September 23, 2014

တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့(မိုဘိုင်းအဖွဲ့)က တရားမဝင် ကုန်သွယ်မှုများ ဖမ်းဆီးစစ် ဆေးလျက်ရှိရာ စတင်ဖွဲ့စည်းသည့်နေ့မှ စက်တင်ဘာ ၁၈ ရက်အထိ အမှုတွဲပေါင်း ၄,၀၀၀ ကျော် (၄,၂၇၉) မှုနှင့် ဖမ်းဆီးရရှိမှုမှာ ခန့်မှန်းတန်ဖိုးကျပ် ၂၂ ဒသမ ၆၈၈ ဘီလီယံရရှိပြီဖြစ်သည်ဟု တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါဖမ်းဆီးရရှိမှုများမှာ တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်မှုဗဟိုကော်မတီ၏ ကြီးကြပ်ထုတ်နုတ် အင်အား(မိုဘိုင်းအဖွဲ့)က ဖမ်းဆီးရရှိခြင်းဖြစ်ပြီး နယ်စပ်မှ အမှုတွဲပေါင်း ၃,၂၆၄ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၁၈ ဘီလီယံကျော် ဖမ်းဆီးရရှိခဲ့ပြီး တိုင်းဒေသကြီးများမှ အမှုတွဲပေါင်း ၈၅၈ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် နှစ်ဘီ လီယံကျော် ရရှိကာ စုစုပေါင်းဖမ်းဆီးမှုမှာ အမှုတွဲပေါင်း ၄,၂၇၉ မှုနှင့် ခန့်မှန်းတန်ဖိုး ကျပ် ၂၂ ဘီလီယံ ကျော် ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖမ်းဆီးရရှိမှုများမှာ မူဆယ်-မန္တလေးလမ်းကြောင်းမှ အမှုတွဲပေါင်း ၈၇၈ မှု၊ မြ၀တီ-ရန်ကုန်လမ်း ကြောင်းမှ ၈၅၁ မှု၊ မူဆယ်ထုတ်နုတ်အင်အားမှ ၁,၃၆၄ မှု၊ တမူး ထုတ်နုတ်အင်အားမှ အမှု ၂၀၊ တာချီ လိတ် ထုတ်နုတ်အင်အားမှ ၂၃ မှု၊ ကန်ပိုက်တီး (OSS) အင်အားမှ နှစ်မှု၊ မူဆယ် (OSS) အင်အားမှ လေးမှု၊ ကျိုင်းတုံ ထုတ်နုတ်အင်အားမှ သုံးမှု စသည့်အမှုတွဲပေါင်း ၃,၃၇၂ မှုကို မိုဘိုင်းအဖွဲ့များက ဖမ်း ဆီးရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းဖမ်းဆီးရမိသည့်ပမာဏမှာ မိုဘိုင်းတင်း စတင်ဖွဲ့စည်းသည့်နေ့မှစ၍ ၂၀၁၄ စက်တင်ဘာလ တတိယ ပတ်အထိ စာရင်းဖြစ်ပြီး တားဆီးစစ်ဆေးထိန်းသိမ်းထားသည့် ပစ်္စည်းများကို အမှုတွဲဖွင့်ကာ အကောက် ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးထားပြီးဖြစ်သည်ဟု ဆိုသည်။

အဆိုပါမိုဘိုင်းအဖွဲ့များကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တရားမ၀င်ကုန်သွယ်မှု များ လျော့နည်း ပပျောက်စေရန် ဗဟိုကော်မတီ၏ တိုက်ရိုက်ကြီးကြပ်မှုဖြင့် စစ်ဆေးဖမ်းဆီးလျက်ရှိသည်။ တရားမ၀င်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းငါးခုဖြစ်သည့် အေး ရှားဝေါလ်၊ ထီးတန်း၊ မြန်မာ့စက်မှု၊ ဗိုလ်အောင်ကျော်၊ ဆူးလေ စသည့်ဆိပ်ကမ်းငါးခုတွင် ဇူလိုင် ၁ ရက်က စတင်စစ်ဆေးဖမ်းဆီးခဲ့သည်။

Mizzima - News in Burmese 

မိုဘိုင်းအဖွဲ့မှ စစ်ဆေးနေပြီဖြစ်သည့် အေးရှားဝေါလ်ဆိပ်ကမ်းအတွင်းရှိ ကုန်သေတ္တာများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
မိုဘိုင်းအဖွဲ့မှ စစ်ဆေးနေပြီဖြစ်သည့် အေးရှားဝေါလ်ဆိပ်ကမ်းအတွင်းရှိ ကုန်သေတ္တာများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့(မိုဘိုင်းအဖွဲ့)က တရားမဝင် ကုန်သွယ်မှုများ ဖမ်းဆီး စစ် ဆေးလျက်ရှိရာ စတင်ဖွဲ့စည်းသည့်နေ့မှ စက်တင်ဘာ ၁၈ ရက်အထိ အမှုတွဲပေါင်း ၄,၀၀၀ ကျော် (၄,၂၇၉) မှုနှင့် ဖမ်းဆီးရရှိမှုမှာ ခန့်မှန်းတန်ဖိုးကျပ် ၂၂ ဒသမ ၆၈၈ ဘီလီယံရရှိပြီဖြစ်သည်ဟု တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါဖမ်းဆီးရရှိမှုများမှာ တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်မှုဗဟိုကော်မတီ၏ ကြီးကြပ်ထုတ်နုတ် အင်အား(မိုဘိုင်းအဖွဲ့)က ဖမ်းဆီးရရှိခြင်းဖြစ်ပြီး နယ်စပ်မှ အမှုတွဲပေါင်း ၃,၂၆၄ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၁၈ ဘီလီယံကျော် ဖမ်းဆီးရရှိခဲ့ပြီး တိုင်းဒေသကြီးများမှ အမှုတွဲပေါင်း ၈၅၈ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် နှစ်ဘီ လီယံကျော် ရရှိကာ စုစုပေါင်းဖမ်းဆီးမှုမှာ အမှုတွဲပေါင်း ၄,၂၇၉ မှုနှင့် ခန့်မှန်းတန်ဖိုး ကျပ် ၂၂ ဘီလီယံ ကျော် ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖမ်းဆီးရရှိမှုများမှာ မူဆယ်-မန္တလေးလမ်းကြောင်းမှ အမှုတွဲပေါင်း ၈၇၈ မှု၊ မြ၀တီ-ရန်ကုန် လမ်း ကြောင်းမှ ၈၅၁ မှု၊ မူဆယ်ထုတ်နုတ်အင်အားမှ ၁,၃၆၄ မှု၊ တမူး ထုတ်နုတ်အင်အားမှ အမှု ၂၀၊ တာချီလိတ် ထုတ်နုတ်အင်အားမှ ၂၃ မှု၊ ကန်ပိုက်တီး (OSS) အင်အားမှ နှစ်မှု၊ မူဆယ် (OSS) အင်အား မှ လေးမှု၊ ကျိုင်းတုံ ထုတ်နုတ်အင်အားမှ သုံးမှု စသည့်အမှုတွဲပေါင်း ၃,၃၇၂ မှုကို မိုဘိုင်းအဖွဲ့များက ဖမ်း ဆီးရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းဖမ်းဆီးရမိသည့်ပမာဏမှာ မိုဘိုင်းတင်း စတင်ဖွဲ့စည်းသည့်နေ့မှစ၍ ၂၀၁၄ စက်တင်ဘာလ တတိယ ပတ်အထိ စာရင်းဖြစ်ပြီး တားဆီးစစ်ဆေးထိန်းသိမ်းထားသည့် ပစ်္စည်းများကို အမှုတွဲဖွင့်ကာ အကောက် ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးထားပြီးဖြစ်သည်ဟု ဆိုသည်။

အဆိုပါမိုဘိုင်းအဖွဲ့များကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တရားမ၀င်ကုန်သွယ်မှု များ လျော့နည်း ပပျောက်စေရန် ဗဟိုကော်မတီ၏ တိုက်ရိုက်ကြီးကြပ်မှုဖြင့် စစ်ဆေးဖမ်းဆီးလျက်ရှိသည်။ တရားမ၀င်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းငါးခုဖြစ်သည့် အေး ရှားဝေါလ်၊ ထီးတန်း၊ မြန်မာ့စက်မှု၊ ဗိုလ်အောင်ကျော်၊ ဆူးလေ စသည့်ဆိပ်ကမ်းငါးခုတွင် ဇူလိုင် ၁ ရက်က စတင်စစ်ဆေးဖမ်းဆီးခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment