Tuesday 23 September 2014

ဓာတ်ငွေ့ဈေးတိုး၍ ကားခဈေးတက်မည့်အရေး ပြည်သူများပူပန်

Photo: ဓာတ်ငွေ့ဈေးတိုး၍ ကားခဈေးတက်မည့်အရေး ပြည်သူများပူပန်
Tuesday, September 23, 2014

နိုင်ငံတော်အစိုးရက စီအင်န်ဂျီဈေး နှုန်းများကို နှစ်ဆခန့်တိုးမြှင့်လိုက် ခြင်းကြောင့် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းများ ယာဉ်စီးခတက်လာမည်ကို အခြေခံလူတန်းစားများ စိုးရိမ်ပူပန်နေကြသည်။

လူဦးရေငါးသန်းကျော်ရှိ သော ရန်ကုန်မြို့ရှိ အခြေခံလူ တန်းစားများမှာ အလုပ်လုပ်ရန် အတွက် မြို့တွင်းပြေးဆွဲလျက်ရှိ သည့် ခရီးသည်တင် ယာဉ်များကို အဓိကထားအားကိုးနေရသည်။ ယာဉ်စီးခပုံသေသတ်မှတ်ထား သည့် ယာဉ်လိုင်းများမှလွဲ၍ ကျန် ခရီးသည်တင်ယာဉ်လိုင်းများမှာ ယာဉ်စီးခပိုမိုတောင်းခံနေကြ၍ မထသ(ဗဟို)သို့ တိုင်ကြားမှု များ နေ့စဉ်ရှိနေပြီး ယာဉ်နောက် လိုက်နှင့် ခရီးသည်များ နေ့စဉ် ပြဿနာဖြစ်ပွားနေရသည်။

‘‘ရန်ကုန်မြို့မှာက တစ်နေ့ တစ်နေ့ ထမင်းစားဖို့တောင် အနိုင်နိုင်လုပ်နေရတာ။ တစ်နေ့ကို အသွားအပြန်ကားခ ခြောက်ရာရှိတယ်။ ခြောက်ရာကနေထပ် ပြီးတော့ ပိုကုန်မယ်ဆိုရင်တော့ ဒီထက်ပိုက်ဆံပိုရတဲ့ အလုပ် ပြောင်းလုပ်ရတော့မယ်။ အလုပ် သွားဖို့အတွက် ကားက မစီးမဖြစ် စီးရမှာဆိုတော့ ဘယ်တတ်နိုင် မလဲ’’ဟု တောင်ဒဂုံမြို့နယ်နေ ဦးကျော်စိန်က ပြောသည်။

အစိုးရအနေဖြင့် အခြေခံလူ တန်းစားများ၏ ဘဝကိုနားလည်ပေးရန်လိုအပ်ကြောင်း၊ လက်ရှိစားသောက်ကုန်များ အပါအဝင် အထွေထွေကုန်ဈေးနှုန်းများကို တည်ငြိမ်အောင် ထိန်းချုပ်ပေး သင့်ကြောင်း၊ ကုန်ဈေးနှုန်းအပါ အဝင် အများပြည်သူနှင့်သက်ဆိုင် သော ဝန်ဆောင်ခများတက်ပါက အောက်ခြေလူတန်းစားများသာ ဒုက္ခရောက်ရကြောင်း ၎င်းက ပြောသည်။

‘‘ကားခတွေသာ ဈေးတိုး တောင်းရင်တော့ အခက်အခဲတွေ ရှိလာနိုင်တယ်။ တစ်နေ့ကို ကား က နှစ်ဆင့်စီးရတာ ရှစ်ရာတောင် ကုန်တယ်။ တစ်လကို သုံးသောင်း နီးပါးလောက်ကုန်တယ်။ ဒီထက် ပိုပြီး တိုးတောင်းမယ်ဆိုရင်တော့ နယ်ကပါလာတဲ့ ပိုက်ဆံက လောက်မှာမဟုတ်တော့ဘူး’’ဟု နယ်မှ သင်တန်းလာတက်နေသူ မစန္ဒီက ပြောသည်။

စွမ်းအင်ဝန်ကြီးဌာနက မော် တော်ယာဉ်များ စီအင်န်ဂျီပြောင်း လဲတပ်ဆင်ပြေးဆွဲခွင့်ပေးခြင်းကို ၂၀၀၄ ခုနှစ်မှစတင်ခဲ့ပြီး ယခုအခါ ဓာတ်ငွေ့သုံးစွဲသည့်ပမာဏပေါ်မူတည်၍ မော်တော်ယာဉ် များကို စီအင်န်ဂျီပြောင်းလဲခွင့်ထပ်မံခွင့်ပြုနိုင်ခြင်းမရှိသေးကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် စီအင်န်ဂျီ ဖြင့်မောင်းနှင်နေသည့် ခရီးသည် တင်ယာဉ် ၆,၉၆၄ စီးရှိသည်။ ကိုယ်ပိုင်ယာဉ်၊ ကုန်တင်ယာဉ်၊ အငှားယာဉ်နှင့် ဌာနဆိုင်ရာယာဉ် အစီးရေ  ၂၆,၈၄၈ စီးရှိသည်။ အဆိုပါယာဉ်အစီးရေ စုစုပေါင်း ၃၃,၀၀၀ ကျော်အတွက် သဘာဝ ဓာတ်ငွေ့ဆိုင်ပေါင်း ၄၀ မှ တစ် နေ့လျှင် ကုဗ ပေ ၁၉ သန်းမှ ၂၀ သန်းအထိ ရောင်းချပေးနေရသည်။

စွမ်းအင်ဝန်ကြီးဌာနက စီအင်န်ဂျီ သဘာဝဓာတ်ငွေ့များ ကို အစိုးရခွင့်ပြုချက်ဖြင့် တရား ဝင်လုပ်ကိုင်လျက်ရှိသော လုပ် ငန်းများ၊ မော်တော်ယာဉ်များကို သာ ရောင်းချပေးလျက်ရှိပြီး တစ် ကီလိုဂရမ်လျှင် ၂၃၇ ကျပ် ၁၅ ပြားဖြင့် ရောင်းချပေးနေသည်။ ထို့ကြောင့် အစိုးရအနေဖြင့် များစွာ အရှုံးပေါ်နေသောကြောင့် ဓာတ်ငွေ့ဈေးနှုန်းကိုနှစ်ဆတိုးမြှင့်ရန် အစိုးရတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အိမ်နီးချင်းနိုင်ငံများတွင် ရောင်းချလျက်ရှိသည့် သဘာဝ ဓာတ်ငွေ့မှာ ဖိလစ်ပိုင်နိုင်ငံတွင် တစ်ကီလိုဂရမ်လျှင် ၁,၃၇၉ ကျပ် နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၁,၃၀၀ ကျပ်၊ အိန္ဒိယနိုင်ငံတွင် ၆၆၆ ကျပ်သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင် လက်ရှိရောင်းချ နေသည့်ဈေးနှုန်းမှာ ၂၃၇ ကျပ် သတ်မှတ်ရောင်းချပေးနေခြင်း ကြောင့် ထပ်မံတိုးမြှင့်ရောင်းချ မည့် ဈေးနှုန်းအရ ၄၇၄ ကျပ်ရှိ မည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများ ထက် များစွာလျော့နည်းကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန် ရှိသူက ပြောသည်။

စွမ်းအင်ဝန်ကြီးဌာနမှ လက် ရှိရောင်းချလျက်ရှိသော စီအင်န် ဂျီဈေးနှုန်းသည် ကာလပေါက် ဈေးနှင့်နှိုင်းယှဉ်ပါက သုံးဆနီးပါး နည်းနေ၍ အရှုံးပေါ်နေသော ကြောင့် ယခုကဲ့သို့ ဈေးနှုန်းများ မြှင့်တင်ရန် ပြင်ဆင်နေခြင်းဖြစ် ကြောင်း စွမ်းအင်ဝန်ကြီးဌာနရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အထွေထွေမန်နေဂျာဦးလှဝင်း ဌေးက ဇွန်လပထမပတ်အတွင်း က 7 Day အား ပြောကြားခဲ့သည်။

သဘာဝဓာတ်ငွေ့ စီအင်န် ဂျီကို ဈေးနှုန်းနှစ်ဆတိုးမြှင့်ရောင်း ချရန် ၂၀၁၃ ခုနှစ်မှ စတင်စီစဉ် ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် အောက် တိုဘာ ၁ ရက်မှစ၍ ဈေးနှုန်း တိုးမြှင့်သွားမည်ဖြစ်သည်။ လက်ရှိတွင် ဓာတ်ဆီတစ်ဂါလန်နှင့် ညီမျှသည့် စီအင်န်ဂျီ ကုဗပေ ၁၆၅ (၄,၆၇၂ ဒသမ ၃ လီတာ) လျှင် ကျပ်တစ်ထောင်သတ်မှတ် ထားပြီး အောက်တိုဘာ ၁ ရက်မှ စတင်ကာ ကျပ်နှစ်ထောင်သို့ ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

‘‘ကားခတိုးတောင်းမယ်ဆို ရင်လည်း လိုင်းကားကတော့ မစီး မဖြစ်စီးရမှာပဲ။ ဒီကားတွေမှမစီး ရင် ဘယ်မှသွားလို့ရမှာမဟုတ်ဘူး။ဘယ်တတ်နိုင်မလဲဗျာ။ အဘတို့ခေတ်ပဲ အဘတို့ကြိုက်သလိုလုပ်ပါစေ။ ပြည်သူတွေကတော့ အမြဲတမ်းခံဘက်ကချည်းပဲ။ တိုးမတောင်းလည်း အခုအချိန်မှာ ပိုတဲ့ယာဉ်စီးခ ပြန်အမ်းတာမှမဟုတ်တာ’’ဟု လှိုင်သာယာမြို့နယ်နေ ကိုသိန်းစိုးက ပြောသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲ လျက်ရှိသည့် ခရီးသည်တင်ယာဉ် လိုင်းများမှာ စီအင်န်ဂျီဈေးနှုန်း တိုးကောက်မည့် သတင်းထွက် ပေါ်လာသောကြောင့် ယာဉ်စီးခ  ပိုမိုတိုးကောက်ရန်ပြင်ဆင်နေ ကြသော်လည်း ယခုလက်ရှိတွင် ပုံမှန်အတိုင်းသာ ကောက်ခံနေ ကြောင်း မထသ ၃၆ ယာဉ်လိုင်း ပိုင်ရှင်တစ်ဦးက ပြောသည်။

‘‘ယာဉ်လိုင်းတွေရဲ့ ယာဉ် စီးခကို မထသ(ဗဟို)က သတ် မှတ်ပေးထားရမှာဖြစ်တယ်။ စီအင်န်ဂျီဈေးနှုန်းတက်ပြီဆိုရင် ယာဉ်လိုင်းတွေက ကိုယ့်သဘော နဲ့ကိုယ် ယာဉ်စီးခတိုးတောင်းလို့ မရဘူး။ တာဝန်ရှိသူတွေကသာ ဆုံးဖြတ်ပေးရမှာ။ ဈေးတက်ပြီဆို ရင်တော့ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေအတွက် နေ့စဉ် လုပ်အားခနည်းသွားမယ့်အနေ အထားမှာရှိတယ်။ ဒီတော့ ယာဉ် စီးခတိုးရမယ်။ အဲဒီလိုမှမဟုတ် ရင် ဘယ်သူမှမောင်းတော့မှာ မဟုတ်ဘူး’’ဟု ၎င်းက ပြောသည်။

‘‘ယာဉ်စီးခနှုန်းထားနဲ့ပတ် သက်ပြီး တိုင်းဒေသကြီးအစိုးရက သတ်မှတ်ပေးရတာပါ။ စီအင်န် ဂျီဈေးနှုန်းတက်မယ်ဆိုတဲ့ သတင်း တွေကြားနေရတယ်။ ဈေးတက် မယ်ဆိုတာကို အခုအချိန်ထိ တရားဝင်အကြောင်းမကြားသေး တဲ့အတွက် ဘာမှပြောလို့မရသေး ဘူး’’ဟု မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှ အောင်က ပြောသည်။

ကုန်းတွင်းဓာတ်ငွေ့လုပ် ကွက်များမရှိတော့သည့်အတွက် ကမ်းလွန်ဓာတ်ငွေ့လုပ်ကွက်များ မှ ကုဗပေ ၃ ဒသမ ၅ သန်းကို ပြန်လည်ဝယ်ယူကာ ရောင်းချ ပေးနေရသည်ဟု ဆိုသည်။ ထို့ကြောင့် ယခင်ဈေးနှုန်းအတိုင်း ဆက်လက်ရောင်းချရန် မဖြစ်နိုင်တော့သည့်အတွက် ဓာတ်ငွေ့ဈေးနှုန်းတိုးမြှင့်ရခြင်းဖြစ်ကြောင်း  စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘လိုင်းကားခတိုးတောင်း လည်း လိုင်းကားပဲဆက်စီးရမှာပဲ။ တက္ကစီစီးနိုင်တဲ့အနေအထားမှ မရှိတာ။ အိမ်ကိုပြန်ပေးရတဲ့ ပိုက် ဆံလျော့သွားမယ်။ မိသားစုစား ဝတ်နေရေးမှာ အခက်အခဲဖြစ် မယ်။ တစ်လဝင်ငွေထဲမှာ ကားခ က သုံးသောင်းနီးပါးလောက်ကုန် မယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကားခကိုမတက်စေချင်ဘူး’’ဟု ဘုရင့်နောင်ပွဲရုံတွင် အလုပ်လုပ် သူ ကိုအောင်နေက ပြောသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲ လျက်ရှိသည့် ယာဉ်လိုင်းများမှ ယာဉ်ပိုင်ရှင်များမှာ ပုဂ္ဂလိကပိုင် ရှင်များ ဖြစ်ကြသည့်အတွက် မထသမှ ထုတ်ပြန်ထားသည့် စည်းကမ်းများကို လိုက်နာမှုအား နည်းခြင်းကြောင့် ယာဉ်စီးခသာလျှင် ပြောင်းလဲခြင်းမဟုတ် ဘဲ ယာဉ်လိုင်းများကိုပြောင်းလဲရန်လိုအပ်ကြောင်း မေတ္တာလှိုင်း အထူးယာဉ်လိုင်းမှ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်သီဟက ပြောသည်။

‘‘စီအင်န်ဂျီဈေးတက်မယ်ဆို ရင် ယာဉ်စီးခတွေပြောင်းလဲသွား ဖို့ရှိတယ်။ ယာဉ်အုံနာကကောက် ခံတဲ့ နှုန်းထားတွေပေါ်မူတည်ပြီး ထိုက်တန်တဲ့ဝန်ဆောင်မှုတွေပေး ဖို့လိုတယ်။ ယာဉ်မောင်း၊ ယာဉ် နောက်လိုက်တွေရဲ့ ခရီးသည် တွေအပေါ် ဆက်ဆံတဲ့ပုံစံနဲ့ တခြားဝန်ဆောင်မှုတွေကိုပါ ပြောင်းလဲရမယ်’’ဟု ၎င်းက ပြော သည်။

‘‘အခက်အခဲဖြစ်တာပေါ့။ ဘယ်လိုလုပ်အဆင်ပြေမှာလဲ။ နေ့တိုင်းကားစီးနေရတာ။ တစ်ခါ တလေဆိုရင် ကားကျပ်မှာစိုးလို့ ကားပတ်စီးတာတောင်ရှိသေး တယ်။ ကျွန်မတို့လို ဝန်ထမ်းတွေ အတွက်ကတော့ ကားခဒီလိုနှစ် ဆတက်မယ်ဆိုရင် လုံးဝအဆင် မပြေဘူး’’ဟု မြောက်ဥက္ကလာမှ မြို့တွင်းသို့ နေ့စဉ်လိုင်းကားဖြင့် ရုံးတက်နေရသူ ကုမ္ပဏီဝန်ထမ်း မခင်မေက ဆိုသည်။

စီအင်န်ဂျီသဘာဝဓာတ်ငွေ့ ဈေးတိုးမည့်အစီအစဉ်ကို မသိ သေးကြောင်း၊ ယခုလက်ရှိအချိန် ထိ အကြောင်းကြားစာမရောက် သေးကြောင်း၊ ယာဉ်စီးခပိုတောင်း မည့် အစီအစဉ်မှာ မထသလက် အောက်ရှိ ယာဉ်လိုင်းဖြစ်သော ကြောင့် မထသ(ဗဟို)မှ သတ် မှတ်ပေးသည့်ဈေးနှုန်းဖြင့်သာ ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပါရမီ၊ အဓိပတိယာဉ်လိုင်းမှ တာဝန်ခံ ဗိုလ်မှူးမျိုးမြင့်(ငြိမ်း)ကပြောသည်။

‘‘အရင်ကတည်းက ကားခ ပိုကောက်နေကြတာ။ အခုလို နှစ်ဆဖြစ်မယ်ဆိုတော့ ပိုဆိုးပြီ ပေါ့။ လစာများများရတဲ့သူတွေ ဆိုအကြောင်းမဟုတ်ဘူး။ လစာ နည်းတဲ့သူတွေဆို ထိပြီလေ။ ရတဲ့လစာနဲ့ မလောက်ငတာတွေ ဖြစ်ကုန်မှာ’’ဟု ဆေးကုမ္ပဏီဝန် ထမ်းတစ်ဦးက သူ၏ ပူပန်မှုကို ပြောသည်။

နိုင်ငံတော်အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ (နအဖ)လက်ထက် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေးမှာ ထိုနှစ်သြဂုတ်လတွင် အစိုးရက စက်သုံး ဆီဈေးနှုန်းများကို မြှင့်တင်လိုက်သောကြောင့် ကုန်ဈေးနှုန်းများ တက်ရာမှ အစပြုခဲ့ခြင်း ဖြစ်သည်။  ထိုသင်ခန်းစာကို နမူနာယူ၍ သမ္မတဦးသိန်းစိန်အစိုးရ အနေဖြင့်လည်း ပြည်သူများ စားဝတ်နေရေး ခက်ခဲနေချိန်တွင်  စီအင်န်ဂျီသဘာဝဓာတ်ငွေ့ဈေးနှုန်းကို မတက်သင့်ကြောင်း ပြောသူများလည်း ရှိသည်။

အစိုးရက အရှုံးခံနေရပြီး ဈေးတက်မည့်အကြောင်းကို တစ် နှစ်ဝန်းကျင် ကြိုတင်အသိပေး ထား၍ ဈေးတက်သည်မှာ ဖြစ် သင့်ကြောင်း ပြောသူအချို့လည်း ရှိပါသည်။ နှစ်စဉ် သဘာဝဓာတ် ငွေ့ တင်ပို့ရောင်းချရာမှ ဒေါ်လာ နှစ်ဘီလီယံဝန်းကျင် ရရှိနေသည့် အတွက် စီအင်န်ဂျီဓာတ်ငွေ့ ရောင်းဈေးနည်း၍ အရှုံးပေါ်နေ ခြင်းကို အထက်ပါဝင်ငွေမှ ကျ ခံသုံးစွဲသင့်ကြောင်း အကြံပြုသူ များလည်း ရှိသည်။

7Day DAILY

ရန်ကုန်ရှိ ပြည်သူအများစုသည် သွားလာရေးအတွက် ခရီးသည်တင် ဘတ်စ်ကားများကို အားကိုးနေရသည်။ (ဓာတ်ပုံ - နစ်ကီ)

နိုင်ငံတော်အစိုးရက စီအင်န်ဂျီဈေး နှုန်းများကို နှစ်ဆခန့်တိုးမြှင့်လိုက် ခြင်းကြောင့် ရန်ကုန်မြို့တွင်း ပြေးဆွဲ နေသော ခရီးသည်တင်ယာဉ်လိုင်းများ ယာဉ်စီးခတက်လာမည်ကို အခြေခံလူတန်းစားများ စိုးရိမ်ပူပန် နေကြသည်။

လူဦးရေငါးသန်းကျော်ရှိ သော ရန်ကုန်မြို့ရှိ အခြေခံလူ တန်းစားများမှာ အလုပ်လုပ်ရန် အတွက် မြို့တွင်း ပြေးဆွဲလျက်ရှိ သည့် ခရီးသည်တင် ယာဉ်များကို အဓိကထားအားကိုးနေရသည်။ ယာဉ်စီးခပုံသေ သတ်မှတ်ထား သည့် ယာဉ်လိုင်းများမှလွဲ၍ ကျန် ခရီးသည်တင်ယာဉ်လိုင်းများမှာ ယာဉ်စီးခပိုမို တောင်းခံနေကြ၍ မထသ(ဗဟို)သို့ တိုင်ကြားမှု များ နေ့စဉ်ရှိနေပြီး ယာဉ်နောက် လိုက်နှင့် ခရီးသည်များ နေ့စဉ် ပြဿနာဖြစ်ပွားနေရသည်။

‘‘ရန်ကုန်မြို့မှာက တစ်နေ့ တစ်နေ့ ထမင်းစားဖို့တောင် အနိုင်နိုင်လုပ်နေရတာ။ တစ်နေ့ကို အသွားအပြန် ကားခ ခြောက်ရာရှိတယ်။ ခြောက်ရာကနေထပ် ပြီးတော့ ပိုကုန်မယ်ဆိုရင်တော့ ဒီထက်ပိုက်ဆံပိုရတဲ့ အလုပ် ပြောင်းလုပ်ရတော့မယ်။ အလုပ် သွားဖို့အတွက် ကားက မစီးမဖြစ် စီးရမှာဆိုတော့ ဘယ်တတ်နိုင် မလဲ’’ဟု တောင်ဒဂုံမြို့နယ်နေ ဦးကျော်စိန်က ပြောသည်။

အစိုးရအနေဖြင့် အခြေခံလူ တန်းစားများ၏ ဘဝကိုနားလည်ပေးရန်လိုအပ်ကြောင်း၊ လက်ရှိစားသောက် ကုန်များ အပါအဝင် အထွေထွေကုန်ဈေးနှုန်းများကို တည်ငြိမ်အောင် ထိန်းချုပ်ပေး သင့်ကြောင်း၊ ကုန်ဈေးနှုန်း အပါ အဝင် အများပြည်သူနှင့်သက်ဆိုင် သော ဝန်ဆောင်ခများတက်ပါက အောက်ခြေ လူတန်းစားများသာ ဒုက္ခရောက်ရကြောင်း ၎င်းက ပြောသည်။

‘‘ကားခတွေသာ ဈေးတိုး တောင်းရင်တော့ အခက်အခဲတွေ ရှိလာနိုင်တယ်။ တစ်နေ့ကို ကား က နှစ်ဆင့် စီးရတာ ရှစ်ရာတောင် ကုန်တယ်။ တစ်လကို သုံးသောင်း နီးပါးလောက်ကုန်တယ်။ ဒီထက် ပိုပြီး တိုးတောင်း မယ်ဆိုရင်တော့ နယ်ကပါလာတဲ့ ပိုက်ဆံက လောက်မှာမဟုတ်တော့ဘူး’’ဟု နယ်မှ သင်တန်းလာတက် နေသူ မစန္ဒီက ပြောသည်။

စွမ်းအင်ဝန်ကြီးဌာနက မော် တော်ယာဉ်များ စီအင်န်ဂျီပြောင်း လဲတပ်ဆင်ပြေးဆွဲခွင့်ပေးခြင်းကို ၂၀၀၄ ခုနှစ်မှ စတင်ခဲ့ပြီး ယခုအခါ ဓာတ်ငွေ့သုံးစွဲသည့်ပမာဏပေါ်မူတည်၍ မော်တော်ယာဉ် များကို စီအင်န်ဂျီ ပြောင်း လဲခွင့် ထပ်မံခွင့်ပြုနိုင်ခြင်းမရှိသေးကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် စီအင်န်ဂျီ ဖြင့်မောင်းနှင်နေသည့် ခရီးသည် တင်ယာဉ် ၆,၉၆၄ စီးရှိသည်။ ကိုယ်ပိုင်ယာဉ်၊ ကုန်တင်ယာဉ်၊ အငှားယာဉ်နှင့် ဌာနဆိုင်ရာယာဉ် အစီးရေ  ၂၆,၈၄၈ စီးရှိသည်။ အဆိုပါယာဉ်အစီး 
ရေ စုစုပေါင်း ၃၃,၀၀၀ ကျော်အတွက် သဘာဝ ဓာတ်ငွေ့ဆိုင်ပေါင်း ၄၀ မှ တစ် နေ့လျှင် ကုဗ ပေ ၁၉ သန်းမှ ၂၀ သန်းအထိ ရောင်းချပေးနေရသည်။

စွမ်းအင်ဝန်ကြီးဌာနက စီအင်န်ဂျီ သဘာဝဓာတ်ငွေ့များ ကို အစိုးရခွင့်ပြုချက်ဖြင့် တရား ဝင်လုပ်ကိုင်လျက်ရှိသော လုပ် ငန်းများ၊ မော်တော်ယာဉ်များကို သာ ရောင်းချပေးလျက်ရှိပြီး တစ် ကီလိုဂရမ်လျှင် ၂၃၇ ကျပ် ၁၅ ပြားဖြင့် ရောင်းချပေးနေသည်။ ထို့ကြောင့် အစိုးရအနေဖြင့် များစွာ အရှုံးပေါ်နေသောကြောင့် ဓာတ်ငွေ့ဈေးနှုန်းကိုနှစ်ဆတိုးမြှင့်ရန် အစိုးရတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အိမ်နီးချင်းနိုင်ငံများတွင် ရောင်းချလျက်ရှိသည့် သဘာဝ ဓာတ်ငွေ့မှာ ဖိလစ်ပိုင်နိုင်ငံတွင် တစ်ကီလိုဂရမ်လျှင် ၁,၃၇၉ ကျပ် နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၁,၃၀၀ ကျပ်၊ အိန္ဒိယနိုင်ငံတွင် ၆၆၆ ကျပ်သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင် လက်ရှိရောင်းချ နေသည့်ဈေးနှုန်းမှာ ၂၃၇ ကျပ် သတ်မှတ်ရောင်းချပေးနေခြင်း ကြောင့် ထပ်မံတိုးမြှင့်ရောင်းချ မည့် ဈေးနှုန်းအရ ၄၇၄ ကျပ်ရှိ မည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများ ထက် များစွာလျော့နည်းကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန် ရှိသူက ပြောသည်။

စွမ်းအင်ဝန်ကြီးဌာနမှ လက် ရှိရောင်းချလျက်ရှိသော စီအင်န် ဂျီဈေးနှုန်းသည် ကာလပေါက် ဈေးနှင့်နှိုင်းယှဉ်ပါက သုံးဆနီးပါး နည်းနေ၍ အရှုံးပေါ်နေသော ကြောင့် ယခုကဲ့သို့ ဈေးနှုန်းများ မြှင့်တင်ရန် ပြင်ဆင်နေခြင်းဖြစ် ကြောင်း စွမ်းအင်ဝန်ကြီးဌာနရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အထွေထွေမန်နေဂျာဦးလှဝင်း ဌေးက ဇွန်လပထမပတ်အတွင်း က 7 Day အား ပြောကြားခဲ့သည်။

သဘာဝဓာတ်ငွေ့ စီအင်န် ဂျီကို ဈေးနှုန်းနှစ်ဆတိုးမြှင့်ရောင်း ချရန် ၂၀၁၃ ခုနှစ်မှ စတင်စီစဉ် ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် အောက် တိုဘာ ၁ ရက်မှစ၍ ဈေးနှုန်း တိုးမြှင့်သွားမည်ဖြစ်သည်။ လက်ရှိတွင် ဓာတ်ဆီတစ်ဂါလန်နှင့် ညီမျှသည့် စီအင်န်ဂျီ ကုဗပေ ၁၆၅ (၄,၆၇၂ ဒသမ ၃ လီတာ) လျှင် ကျပ်တစ်ထောင်သတ်မှတ် ထားပြီး အောက်တိုဘာ ၁ ရက်မှ စတင်ကာ ကျပ်နှစ်ထောင်သို့ ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

‘‘ကားခတိုးတောင်းမယ်ဆို ရင်လည်း လိုင်းကားကတော့ မစီး မဖြစ်စီးရမှာပဲ။ ဒီကားတွေမှမစီး ရင် ဘယ်မှသွားလို့ရမှာမဟုတ်ဘူး။ဘယ်တတ်နိုင်မလဲဗျာ။ အဘတို့ခေတ်ပဲ အဘတို့ကြိုက်သလိုလုပ်ပါစေ။ ပြည်သူတွေကတော့ အမြဲတမ်းခံဘက်ကချည်းပဲ။ တိုးမတောင်းလည်း အခုအချိန်မှာ ပိုတဲ့ယာဉ်စီးခ ပြန်အမ်းတာမှမဟုတ်တာ’’ဟု လှိုင်သာယာမြို့နယ်နေ ကိုသိန်းစိုးက ပြောသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲ လျက်ရှိသည့် ခရီးသည်တင်ယာဉ် လိုင်းများမှာ စီအင်န်ဂျီဈေးနှုန်း တိုးကောက်မည့် သတင်းထွက် ပေါ်လာသောကြောင့် ယာဉ်စီးခ  ပိုမိုတိုးကောက်ရန်ပြင်ဆင်နေ ကြသော်လည်း ယခုလက်ရှိတွင် ပုံမှန်အတိုင်းသာ ကောက်ခံနေ ကြောင်း မထသ ၃၆ ယာဉ်လိုင်း ပိုင်ရှင်တစ်ဦးက ပြောသည်။

‘‘ယာဉ်လိုင်းတွေရဲ့ ယာဉ် စီးခကို မထသ(ဗဟို)က သတ် မှတ်ပေးထားရမှာဖြစ်တယ်။ စီအင်န်ဂျီဈေးနှုန်းတက်ပြီဆိုရင် ယာဉ်လိုင်းတွေက ကိုယ့်သဘော နဲ့ကိုယ် ယာဉ်စီးခတိုးတောင်းလို့ မရဘူး။ တာဝန်ရှိသူတွေကသာ ဆုံးဖြတ်ပေးရမှာ။ ဈေးတက်ပြီဆို ရင်တော့ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေအတွက် နေ့စဉ် လုပ်အားခနည်းသွားမယ့်အနေ အထားမှာရှိတယ်။ ဒီတော့ ယာဉ် စီးခတိုးရမယ်။ အဲဒီလိုမှမဟုတ် ရင် ဘယ်သူမှမောင်းတော့မှာ မဟုတ်ဘူး’’ဟု ၎င်းက ပြောသည်။

‘‘ယာဉ်စီးခနှုန်းထားနဲ့ပတ် သက်ပြီး တိုင်းဒေသကြီးအစိုးရက သတ်မှတ်ပေးရတာပါ။ စီအင်န် ဂျီဈေးနှုန်းတက်မယ်ဆိုတဲ့ သတင်း တွေကြားနေရတယ်။ ဈေးတက် မယ်ဆိုတာကို အခုအချိန်ထိ တရားဝင်အကြောင်းမကြားသေး တဲ့အတွက် ဘာမှပြောလို့မရသေး ဘူး’’ဟု မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှ အောင်က ပြောသည်။

ကုန်းတွင်းဓာတ်ငွေ့လုပ် ကွက်များမရှိတော့သည့်အတွက် ကမ်းလွန်ဓာတ်ငွေ့လုပ်ကွက်များ မှ ကုဗပေ ၃ ဒသမ ၅ သန်းကို ပြန်လည်ဝယ်ယူကာ ရောင်းချ ပေးနေရသည်ဟု ဆိုသည်။ ထို့ကြောင့် ယခင်ဈေးနှုန်းအတိုင်း ဆက်လက်ရောင်းချရန် မဖြစ်နိုင်တော့သည့်အတွက် ဓာတ်ငွေ့ဈေးနှုန်းတိုးမြှင့်ရခြင်းဖြစ်ကြောင်း  စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိ 
သူတစ်ဦးက ပြောသည်။

‘‘လိုင်းကားခတိုးတောင်း လည်း လိုင်းကားပဲဆက်စီးရမှာပဲ။ တက္ကစီစီးနိုင်တဲ့အနေအထားမှ မရှိတာ။ အိမ်ကိုပြန်ပေးရတဲ့ ပိုက် ဆံလျော့သွားမယ်။ မိသားစုစား ဝတ်နေရေးမှာ အခက်အခဲဖြစ် မယ်။ တစ်လဝင်ငွေထဲမှာ ကားခ က သုံးသောင်းနီးပါးလောက်ကုန် မယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကားခကိုမတက်စေချင်ဘူး’’ဟု ဘုရင့်နောင်ပွဲရုံတွင် အလုပ်လုပ် သူ ကိုအောင်နေက ပြောသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲ လျက်ရှိသည့် ယာဉ်လိုင်းများမှ ယာဉ်ပိုင်ရှင်များမှာ ပုဂ္ဂလိကပိုင် ရှင်များ ဖြစ်ကြသည့်အတွက် မထသမှ ထုတ်ပြန်ထားသည့် စည်းကမ်းများကို လိုက်နာမှုအား နည်းခြင်းကြောင့် ယာဉ်စီးခသာလျှင် ပြောင်းလဲခြင်းမဟုတ် ဘဲ ယာဉ်လိုင်းများကိုပြောင်းလဲရန်လိုအပ်ကြောင်း မေတ္တာလှိုင်း အထူးယာဉ်လိုင်းမှ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်သီဟက ပြောသည်။

‘‘စီအင်န်ဂျီဈေးတက်မယ်ဆို ရင် ယာဉ်စီးခတွေပြောင်းလဲသွား ဖို့ရှိတယ်။ ယာဉ်အုံနာကကောက် ခံတဲ့ နှုန်းထားတွေပေါ်မူတည်ပြီး ထိုက်တန်တဲ့ဝန်ဆောင်မှုတွေပေး ဖို့လိုတယ်။ ယာဉ်မောင်း၊ ယာဉ် နောက်လိုက်တွေရဲ့ ခရီးသည် တွေအပေါ် ဆက်ဆံတဲ့ပုံစံနဲ့ တခြားဝန်ဆောင်မှုတွေကိုပါ ပြောင်းလဲရမယ်’’ဟု ၎င်းက ပြော သည်။

‘‘အခက်အခဲဖြစ်တာပေါ့။ ဘယ်လိုလုပ်အဆင်ပြေမှာလဲ။ နေ့တိုင်းကားစီးနေရတာ။ တစ်ခါ တလေဆိုရင် ကားကျပ်မှာစိုးလို့ ကားပတ်စီးတာတောင်ရှိသေး တယ်။ ကျွန်မတို့လို ဝန်ထမ်းတွေ အတွက်ကတော့ ကားခဒီလိုနှစ် ဆတက်မယ်ဆိုရင် လုံးဝအဆင် မပြေဘူး’’ဟု မြောက်ဥက္ကလာမှ မြို့တွင်းသို့ နေ့စဉ်လိုင်းကားဖြင့် ရုံးတက်နေရသူ ကုမ္ပဏီဝန်ထမ်း မခင်မေက ဆိုသည်။

စီအင်န်ဂျီသဘာဝဓာတ်ငွေ့ ဈေးတိုးမည့်အစီအစဉ်ကို မသိ သေးကြောင်း၊ ယခုလက်ရှိအချိန် ထိ အကြောင်းကြားစာမရောက် သေးကြောင်း၊ ယာဉ်စီးခပိုတောင်း မည့် အစီအစဉ်မှာ မထသလက် အောက်ရှိ ယာဉ်လိုင်းဖြစ်သော ကြောင့် မထသ(ဗဟို)မှ သတ် မှတ်ပေးသည့်ဈေးနှုန်းဖြင့်သာ ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပါရမီ၊ အဓိပတိယာဉ်လိုင်းမှ တာဝန်ခံ ဗိုလ်မှူးမျိုးမြင့်(ငြိမ်း)ကပြောသည်။

‘‘အရင်ကတည်းက ကားခ ပိုကောက်နေကြတာ။ အခုလို နှစ်ဆဖြစ်မယ်ဆိုတော့ ပိုဆိုးပြီ ပေါ့။ လစာများများရတဲ့သူတွေ ဆိုအကြောင်းမဟုတ်ဘူး။ လစာ နည်းတဲ့သူတွေဆို ထိပြီလေ။ ရတဲ့လစာနဲ့ မလောက်ငတာတွေ ဖြစ်ကုန်မှာ’’ဟု ဆေးကုမ္ပဏီဝန် ထမ်းတစ်ဦးက သူ၏ ပူပန်မှုကို ပြောသည်။

နိုင်ငံတော်အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ (နအဖ)လက်ထက် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေးမှာ ထိုနှစ်သြဂုတ်လတွင် အစိုးရက စက်သုံး ဆီဈေးနှုန်းများကို မြှင့်တင်လိုက်သောကြောင့် ကုန်ဈေးနှုန်းများ တက်ရာမှ အစပြုခဲ့ခြင်း ဖြစ်သည်။  ထိုသင်ခန်းစာကို နမူနာယူ၍ သမ္မတဦးသိန်းစိန်အစိုးရ အနေဖြင့်လည်း ပြည်သူများ စားဝတ်နေရေး ခက်ခဲနေချိန်တွင်  စီအင်န်ဂျီသဘာဝဓာတ်ငွေ့ဈေးနှုန်းကို မတက်သင့်ကြောင်း ပြောသူများလည်း ရှိသည်။

အစိုးရက အရှုံးခံနေရပြီး ဈေးတက်မည့်အကြောင်းကို တစ် နှစ်ဝန်းကျင် ကြိုတင်အသိပေး ထား၍ ဈေးတက်သည်မှာ ဖြစ် သင့်ကြောင်း ပြောသူအချို့လည်း ရှိပါသည်။ နှစ်စဉ် သဘာဝဓာတ် ငွေ့ တင်ပို့ရောင်းချရာမှ ဒေါ်လာ နှစ်ဘီလီယံဝန်းကျင် ရရှိနေသည့် အတွက် စီအင်န်ဂျီဓာတ်ငွေ့ ရောင်းဈေးနည်း၍ အရှုံးပေါ်နေ ခြင်းကို အထက်ပါဝင်ငွေမှ ကျ ခံသုံးစွဲသင့်ကြောင်း အကြံပြုသူ များလည်း ရှိသည်။

7Day DAILY

No comments:

Post a Comment