Tuesday 23 September 2014

သြစတြေးလျနိုင်ငံသား စစ်သွေးကြွများ သြစတြေးလျသို့ ပြန်လာမည် ဆိုပါက ထောင်နှစ်ရှည်ကျခံရမည်ဟု ဝန်ကြီးချုပ်ပြော

Photo: သြစတြေးလျနိုင်ငံသား စစ်သွေးကြွများ သြစတြေးလျသို့ ပြန်လာမည် ဆိုပါက ထောင်နှစ်ရှည်ကျခံရမည်ဟု ဝန်ကြီးချုပ်ပြော
Tuesday, September 23, 2014

အရှေ့အလယ်ပိုင်းဒေသတွင် စစ်သွေးကြွများနှင့်အတူ ပါဝင်တိုက်ခိုက်နေကြသော သြစတြေးလျနိုင်ငံသားများ သြစတြေးလျသို့ ပြန်လာမည် ဆို ပါက ထောင်ဒဏ်နှစ်ရှည်ကျခံရလိမ့်မည် ဖြစ်ကြောင်းသြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့ထ်က  သတိပေးခဲ့သည်ဟု စက်တင်ဘာ ၂၂ရက် က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

 သြစတြေးလျတွင် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ဥပဒေများကို အစိုးရက ပိုမိုတင်းကျပ်လာနေသည်။

“အကြမ်းဖက်အဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေကြတဲ့ သြစတြေးလျတွေအားလုံးကို ကျွန်တော်ပြတ်ပြတ်သားသားပြောချင်တာကတော့ ခင်ဗျား တို့ အဖမ်းခံရလိမ့်မယ်၊ တရားစွဲခံရလိမ့်မယ်၊ ပြီးတော့ အလွန်ရှည်လျားတဲ့ ထောင်ဒဏ်ကို ကျခံရလိမ့်မယ် ဆိုတာပါပဲ” ဟု အက်ဘော့ ထ်က နိုင်ငံတော်လုံခြုံရေး နှင့် ပတ်သက်သော ကြေညာချက် တစ်စောင်ထဲတွင် ပြောကြားခဲ့သည်။

သြစတြေးလျသည် နိုင်ငံအတွင်းရှိ အစွန်းရောက်ဝါဒီများကို ပစ်မှတ်ထားလျက် ရှိသလို ဆီးရီးယားနှင့် အီရတ်တို့တွင် အကြမ်းဖက် စစ်သွေးကြွ အဖွဲ့များနှင့် ပူးပေါင်း တိုက်ခိုက်လျက်ရှိသော သြစတြေးလျနိုင်ငံသားများ နိုင်ငံအတွင်းသို့ ပြန်လာကြမည့် ကိစ္စနှင့် ပတ်သက်၍လည်း စိုးရိမ် ပူပန်နေသည်။

“ကျွန်တော်တို့ရဲ့ လမ်းမတွေ ပေါ်မှာ အကြမ်းဖက်သမားတွေ မရှိအောင် လုပ်ဆောင်တဲ့ နေရာမှာ ပိုပြီးလွယ်ကူအောင်လို့ ကျွန်တော်တို့ရဲ့ ဥ ပဒေတွေကိုလည်း ပြောင်းလဲနေပါတယ်” ဟု အက်ဘော့ထ်က ဆိုခဲ့သည်။ ပြီးခဲ့သည့် ကြာသပတေးနေ့က သြစတြေးလျတွင် ရဲအရာရှိ ၈၀၀ ကျော်သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်မှု တစ်ရပ်အဖြစ် အိမ်ပေါင်း ၃၀ ခန့်ကို ဝင်ရောက်စီးနင်းခဲ့ကြရာ သြစတြေးလျ သမိုင်း တစ်လျှောက်တွင် အကြီးမားဆုံးသော လုံခြုံရေးဆိုင်ရာ စစ်ဆင်မှု တစ်ရပ်ပင် ဖြစ်သည်။ အကြမ်းဖက်မှုလုပ်ရန် စီစဉ်မှုဖြင့် အသက် ၂၂ နှစ် အရွယ် အမျိုးသား တစ်ဦးကိုလည်း စွဲချက်တင်ထားခဲ့သည်။

သြစတြေးလျ နိုင်ငံအတွင်း စစ်သွေးကြွများက လူများကို ကြုံရာကျပန်းရွေးချယ်ကာ သရုပ်ပြ သတ်ဖြတ်ကွပ်မျက်မှုများ ပြုလုပ်မည်ဆိုသည့် IS စစ်သွေးကြွများ၏ အစီအစဉ်တစ်ရပ်ကိုလည်း သြစတြေးလျ အစိုးရက ဟန့်တားနိုင်ခဲ့ကြောင်း သြစတြေးလျ အစိုးရက ဆိုခဲ့သည်။ “သြ စတြေးလျ IS အဖွဲ့သား တစ်ယောက်ဟာ လမ်းပေါ်က လူတွေကို ကြုံသလို ရွေးချယ်ဆွဲထုတ်ပြီး သူတို့အနေနဲ့ ဘာသာရေး မယုံကြည်သူတွေကို သတ်ဖြတ်နိုင်ကြောင်း သရုပ်ပြဖို့ ညွန်ကြားခဲ့ပါတယ်” ဟုလည်း အက်ဘော့ထ်က  ပြောခဲ့သည်။

အီရတ် နှင့် ဆီးရီးယားတို့တွင် သြစတြေးလျ ၆၀ ခန့် တိုက်ခိုက်လျက် ရှိပြီး ၊၂၀ ကျော်မှာ သြစတြေးလျသို့ ပြန်လာခဲ့ပြီးဖြစ်ကာ ဂျီဟတ်ဝါဒီများကို တက်တက်ကြွကြွ ထောက်ခံသူ နောက်ထပ် အနည်းဆုံး အယောက် ၁၀၀ ခန့် ရှိနေကြောင်း အက်ဘော့ထ်က ဆိုခဲ့သည်။

သြစတြေးလျ၏ လက်ရှိ ဥပဒေများမှာ IS အဖွဲ့ ကဲ့သို့သော အကြမ်းဖက်အဖွဲ့များ၏ အန္တရာယ်ကို တိုက်ဖျက်ရန် မလုံလောက်ဟု သြစတြေးလျ အစိုးရက ယူဆနေပြီး ယခုသီတင်းပတ်တွင် ဥပဒေကြမ်းနှစ်ရပ်အား လွှတ်တော်သို့ တင်သွင်းလျက် ရှိသည်။

Mizzima - News in Burmese
အရှေ့အလယ်ပိုင်းဒေသတွင် စစ်သွေးကြွများနှင့်အတူ ပါဝင်တိုက်ခိုက်နေကြသော သြစတြေးလျနိုင်ငံ သားများ သြစတြေးလျသို့ ပြန်လာမည်ဆိုပါက ထောင်ဒဏ်နှစ်ရှည်ကျခံရလိမ့်မည် ဖြစ်ကြောင်း သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့ထ်က  သတိပေးခဲ့သည်ဟု စက်တင်ဘာ ၂၂ရက် က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သြစတြေးလျတွင် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ဥပဒေများကို အစိုးရက ပိုမိုတင်းကျပ်လာနေသည်။

“အကြမ်းဖက်အဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေကြတဲ့ သြစတြေးလျတွေအားလုံးကို ကျွန်တော်ပြတ်ပြတ် သားသားပြောချင်တာကတော့ ခင်ဗျား တို့ အဖမ်းခံရလိမ့်မယ်၊ တရားစွဲခံရလိမ့်မယ်၊ ပြီးတော့ အလွန်ရှည် လျားတဲ့ ထောင်ဒဏ်ကို ကျခံရလိမ့်မယ် ဆိုတာပါပဲ” ဟု အက်ဘော့ ထ်က နိုင်ငံတော် လုံခြုံရေး နှင့် ပတ်သက်သော ကြေညာချက် တစ်စောင်ထဲတွင် ပြောကြားခဲ့သည်။

သြစတြေးလျသည် နိုင်ငံအတွင်းရှိ အစွန်းရောက်ဝါဒီများကို ပစ်မှတ်ထားလျက် ရှိသလို ဆီးရီးယားနှင့် အီရတ်တို့တွင် အကြမ်းဖက် စစ်သွေးကြွ အဖွဲ့များနှင့် ပူးပေါင်း တိုက်ခိုက်လျက်ရှိသော သြစတြေးလျနိုင်ငံ သားများ နိုင်ငံအတွင်းသို့ ပြန်လာကြမည့် ကိစ္စနှင့် ပတ်သက်၍လည်း စိုးရိမ် ပူပန်နေသည်။

“ကျွန်တော်တို့ရဲ့ လမ်းမတွေ ပေါ်မှာ အကြမ်းဖက်သမားတွေ မရှိအောင် လုပ်ဆောင်တဲ့ နေရာမှာ ပိုပြီး လွယ် ကူအောင်လို့ ကျွန်တော်တို့ရဲ့ ဥ ပဒေတွေကိုလည်း ပြောင်းလဲနေပါတယ်” ဟု အက်ဘော့ထ်က ဆိုခဲ့သည်။ ပြီးခဲ့သည့် ကြာသပတေးနေ့က သြစတြေးလျတွင် ရဲအရာရှိ ၈၀၀ ကျော်သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်မှု တစ်ရပ်အဖြစ် အိမ်ပေါင်း ၃၀ ခန့်ကို ဝင်ရောက်စီးနင်းခဲ့ကြရာ သြစတြေးလျ သမိုင်း တစ်လျှောက်တွင် အကြီးမားဆုံးသော လုံခြုံရေးဆိုင်ရာ စစ်ဆင်မှု တစ်ရပ်ပင် ဖြစ်သည်။ အကြမ်း ဖက်မှု လုပ်ရန် စီစဉ်မှုဖြင့် အသက် ၂၂ နှစ် အရွယ် အမျိုးသား တစ်ဦးကိုလည်း စွဲချက်တင်ထားခဲ့သည်။

သြစတြေးလျ နိုင်ငံအတွင်း စစ်သွေးကြွများက လူများကို ကြုံရာကျပန်းရွေးချယ်ကာ သရုပ်ပြ သတ်ဖြတ် ကွပ်မျက် မှုများ ပြုလုပ်မည်ဆိုသည့် IS စစ်သွေးကြွများ၏ အစီအစဉ်တစ်ရပ်ကိုလည်း သြစတြေးလျ အစိုးရက ဟန့်တားနိုင်ခဲ့ကြောင်း သြစတြေးလျ အစိုးရက ဆိုခဲ့သည်။ “သြ စတြေးလျ IS အဖွဲ့သား တစ်ယောက်ဟာ လမ်းပေါ်က လူတွေကို ကြုံသလို ရွေးချယ်ဆွဲထုတ်ပြီး သူတို့အနေနဲ့ ဘာသာရေး မယုံကြည် သူတွေကို သတ်ဖြတ်နိုင်ကြောင်း သရုပ်ပြဖို့ ညွန်ကြားခဲ့ပါတယ်” ဟုလည်း အက်ဘော့ထ် က  ပြောခဲ့သည်။

အီရတ် နှင့် ဆီးရီးယားတို့တွင် သြစတြေးလျ ၆၀ ခန့် တိုက်ခိုက်လျက် ရှိပြီး ၊၂၀ ကျော်မှာ သြစတြေး လျသို့ ပြန်လာခဲ့ပြီးဖြစ်ကာ ဂျီဟတ်ဝါဒီများကို တက်တက်ကြွကြွ ထောက်ခံသူ နောက်ထပ် အနည်းဆုံး အယောက် ၁၀၀ ခန့် ရှိနေကြောင်း အက်ဘော့ထ်က ဆိုခဲ့သည်။

သြစတြေးလျ၏ လက်ရှိ ဥပဒေများမှာ IS အဖွဲ့ ကဲ့သို့သော အကြမ်းဖက်အဖွဲ့များ၏ အန္တရာယ်ကို တိုက်ဖျက်ရန် မလုံလောက်ဟု သြစတြေးလျ အစိုးရက ယူဆနေပြီး ယခုသီတင်းပတ်တွင် ဥပဒေကြမ်းနှစ် ရပ် အား လွှတ်တော်သို့ တင်သွင်းလျက် ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment