Tuesday 23 September 2014

လူသတ်မှု၊ လက်နက်ကိုင်ရမ်းကားမှုများကို ထိရောက်စွာနှိမ်နင်းရန် ရန်ကုန်အစိုးရ ကို တောင်းဆို

ရန်ကုန်တိုင်းအတွင်း ဖြစ်ပေါ်နေသည့် လူသတ်မှု၊ အုပ်စုဖွဲ့တိုက်ခိုက်မှုနှင့် လက်နက်ကိုင် ရမ်းကားမှုတို့ကို တိုင်းအစိုးရက ထိရောက်စွာ ဆောင်ရွက်ရန် စက်တင်ဘာ ၂၂ ရက်က ပြုလုပ် သည့် တိုင်းလွှတ်တော် အထူးအစည်းအဝေးတွင် လွှတ်တော်အမတ်တစ်ဦးက အရေးဆိုလိုက်သည်။ရန်ကုန်တိုင်းအတွင်း မင်းမဲ့စရိုက်ဆန်ဆန် ကျူးကျော်ဝင်ရောက်မှု၊ လူသတ်မှု၊ အုပ်စုဖွဲ့တိုက်ခိုက်မှု၊ ဝတ္တရားနှောင့် ယှက်မှုနှင့် လက်နက်ကိုင်ရမ်းကားမှုများ ဖြစ်ပေါ်နေသည့်အတွက် တရားဥပဒေစိုးမိုးရေးကို ပိုမိုထိရောက်စွာ လုပ်ဆောင်ရန် ဒဂုံမြို့သစ်(တောင်ပိုင်း) မှ တိုင်းအမတ် ဒေါ်စန်းစန်းဝင်းက ရန်ကုန်တိုင်း အစိုးရကို တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

ဒဂုံမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် ဖြစ်ပေါ်ခဲ့သည့် လူသတ်မှုများနှင့် သာကေတ မြို့နယ်တွင် ဖြစ်ခဲ့သည့် အုပ်စုဖွဲ့ရမ်းကားမှုများကို ဥပမာပေးကာ “ပြည်သူများကိုများစွာ ထိတ်လန့် တုန်လှုပ်စေ ပါတယ်” ဟု ၎င်းက လွှတ်တော်တွင် ပြောသည်။

၂၀၁၄ ခုနှစ်၊ မတ်လ ၁၅ ရက်၊ ည ၁၀ နာရီခွဲခန့်က ရန်ကင်းမြို့နယ်၊ မေတ္တာရိပ်သာလမ်းပေါ်တွင် ပခုံးချင်းတိုက်မိသည်ကို မကျေနပ်၍ ထိုးကြိတ်ရိုက်နှက်ကာ လည်ပင်းကို ဓားဖြင့်ခုတ်ပြီး သတ်ခဲ့သည့် ဖြစ် စဉ် ဖြစ် ပွားခဲ့သည်။

အွန်လိုင်းတွင် ဗီဒီယိုဖိုင်ပြန့်နှံ့ခဲ့သည့် လှိုင်သာယာမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ လက်ဖက်ရည်ဆိုင်တွင် ဇွန်လ ၉ ရက်၊ ည ၁၀ နာရီခွဲခန့်ကဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်တွင်လည်း အမျိုးသားတစ်ဦးမှာ ဓားထိုးခံ၍ သေဆုံးသွားပြီး အမျိုးသားနှစ်ဦး ဒဏ်ရာများရရှိခဲ့သည်။

တရားရုံးများတွင်လည်း ခြစားမှုများ ရှိနေသေးသည်ဟု ဒေါ်စန်းစန်းဝင်းက ဝေဖန်လိုက်ပြီး ထိုသို့ အကျင့် ပျက် ခြစားမှုများကြောင့် တည်ငြိမ်အေးချမ်းမှုကိုပါ ပျက်ပြားစေနိုင်သည်ဟု ၎င်းက ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment