Tuesday 23 September 2014

မရမ်းချောင်းဆေးရုံနှင့် အနာကြီးရောဂါဂေဟာအတွက် အရေးပေါ် လူနာတင်ကားလိုအပ်နေ

Photo: မရမ်းချောင်းဆေးရုံနှင့် အနာကြီးရောဂါဂေဟာအတွက် အရေးပေါ် လူနာတင်ကားလိုအပ်နေ
Tuesday, September 23, 2014

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ (၁၆)ခုတင်ဆံ့ မရမ်းချောင်းတိုက် နယ် ဆေးရုံဟာ အနာကြီးရောဂါသည်တွေ ကို ပြောင်းရွှေ့ထားရှိရာ မရမ်းချောင်းကျေးရွာ စတင် တည် ထောင်စဉ် ကတည်းက တည်ရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သာမန်လူတွေ အပါအ၀င် အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါချို့တဲ့နေသူတွေအတွက်ပါ အရေးပေါ်သုံးစွဲဖို့ လူနာတင်ယာဉ် မရှိတဲ့အတွက် ဆေးရုံ၊ ဆေးခန်း ပို့ဆောင်ရေးတွေ မှာ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။
 
 မရမ်းချောင်းတိုက်နယ်ဆေးရုံဟာ အနာကြီးရောဂါကုသရေးအတွက် ရည်ရွယ်တည်ဆောက် ခဲ့တာဖြစ်ပြီး အနာကြီးရောဂါဂေဟာရှိ ဘိုးဘွားတွေ အပါအ၀င် ရပ်ရွာအိမ်ထောင်စုပေါင်း(၄) ထောင်ကျော် မှီခိုအားထားရာ ဆေးရုံလည်းဖြစ်ပါတယ်။ ဒီဆေးရုံမှာတော့ လက်ရှိအချိန်မှာ ဆေးရုံအတွက် ဆေးဝါးတွေလုံလောက်နေပေမယ့် ခွဲစိတ်ခန်းအသုံးပြုဖို့ အခက်အခဲရှိနေသေးတဲ့ အပြင် အရေးပေါ် လူနာတင်ယာဉ်လည်း လိုအပ်နေတယ်လို့ သိရပါတယ်။
 
ဒီဆေးရုံအနီးမှာရှိတဲ့ အနာကြီးရောဂါဂေဟာရှိ ဘိုးဘွားတွေဟာ အရေးပေါ်ခွဲစိတ်ဖို့ လိုအပ် လာပြီဆိုရင် ရန်ကုန်နဲ့မော်လမြိုင်ဆေးရုံတွေကို လိုင်းကားနဲ့ သွားရတယ်လို့ ဂေဟာမှူးက ပြောပါတယ်။မရမ်းချောင်းကျေးရွာဟာ (၁၉၉၄)ခုနှစ်က ထောက်ကြံ့အနာကြီးဆေးရုံက လူနာတွေကို ပြောင်းရွှေ့ထားဖို့ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဆိုပါ ကျေးရွာမှာ အနာကြီး ရောဂါကြောင့် ဆေးသောက်နေရသူ(၅)ဦးသာရှိတော့တယ်လို့ သိရပါတယ်။

MRTV-4
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ (၁၆)ခုတင်ဆံ့ မရမ်းချောင်းတိုက် နယ် ဆေးရုံဟာ အနာကြီးရောဂါသည်တွေ ကို ပြောင်းရွှေ့ထားရှိရာ မရမ်းချောင်းကျေးရွာ စတင်တည် ထောင်စဉ် ကတည်း က တည်ရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သာမန်လူတွေ အပါအ၀င် အနာကြီးရောဂါကြောင့် ကိုယ် အင်္ဂါ ချို့တဲ့နေသူတွေအတွက်ပါ အရေးပေါ်သုံးစွဲဖို့ လူနာတင်ယာဉ် မရှိတဲ့အတွက် ဆေးရုံ၊ ဆေးခန်း ပို့ဆောင်ရေးတွေ မှာ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။
 မရမ်းချောင်းတိုက်နယ်ဆေးရုံဟာ အနာကြီးရောဂါကုသရေးအတွက် ရည်ရွယ်တည်ဆောက် ခဲ့တာဖြစ်ပြီး အနာကြီးရောဂါဂေဟာရှိ ဘိုးဘွားတွေ အပါအ၀င် ရပ်ရွာအိမ်ထောင်စုပေါင်း(၄) ထောင်ကျော် မှီခို အားထားရာ ဆေးရုံလည်းဖြစ်ပါတယ်။ ဒီဆေးရုံမှာတော့ လက်ရှိအချိန်မှာ ဆေးရုံ အတွက် ဆေး ၀ါးတွေလုံလောက်နေပေမယ့် ခွဲစိတ်ခန်းအသုံးပြုဖို့ အခက်အခဲရှိနေသေးတဲ့အပြင် အရေးပေါ် လူနာတင် ယာဉ်လည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ဒီဆေးရုံအနီးမှာရှိတဲ့ အနာကြီးရောဂါဂေဟာရှိ ဘိုးဘွားတွေဟာ အရေးပေါ်ခွဲစိတ်ဖို့ လိုအပ် လာပြီဆိုရင် ရန်ကုန်နဲ့မော်လမြိုင်ဆေးရုံတွေကို လိုင်းကားနဲ့ သွားရတယ်လို့ ဂေဟာမှူးက ပြောပါတယ်။ မရမ်းချောင်းကျေးရွာဟာ (၁၉၉၄)ခုနှစ်က ထောက်ကြံ့အနာကြီးဆေးရုံက လူနာတွေကို ပြောင်းရွှေ့ထားဖို့ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဆိုပါ ကျေးရွာမှာ အနာကြီး ရောဂါကြောင့် ဆေးေ သာက်နေ ရသူ(၅)ဦးသာရှိတော့တယ်လို့ သိရပါတယ်။

MRTV-4

No comments:

Post a Comment