Tuesday 23 September 2014

စက်ရုံရှိပစ္စည်းများ လေလံတင် ရောင်းချပေးမည့်အချိန်ကို ဥပဒေနှင့်အညီ စောင့်ဆိုင်းရန် မာစတာစပေါ့ဖိနပ်စက်ရုံ လုပ်သားများက စက်ရုံရှေ့၌ တောင်းဆိုနေမှုကို ရုပ်သိမ်း

မာစတာစပေါ့ဖိနပ်စက်ရုံလုပ်သားများ စက်ရုံရှိပစ္စည်းများ လေလံတင် ရောင်းချပေးမည့်အချိန်ကို ဥပဒေ နှင့် အညီစောင့်ဆိုင်းရန် စက်ရုံရှေ့ တွင် တောင်းဆိုသည့်အစီအစဉ်ကို အလုပ်သမားများက ရုပ်သိမ်းခဲ့ ကြောင်း အလုပ်သမားများထံမှ သိရသည်။
လှိုင်သာယာစက်မှုဇုန် ၃၊ ဒီပဲ ယင်းဝန်ထောက် ဦးမြဲလမ်းရှိ Master Sport ဖိနပ်စက်ရုံမှ လုပ်သား ၇ဝဝ ကျော်ကို လုပ်ခလစာဖြေရှင်းဆောင် ရွက်ပေးရန် အလုပ်သမားဝန်ကြီးဌာ နမှ နေရပ်ပြန်သွားသည့် ကိုရီးယား နိုင်ငံသားပိုင် စက်ပစ္စည်းများနှင့် တခြားပစ္စည်းများကို လေလံတင် ရောင်း ချပေးမည်ဖြစ်ကြောင်း၊ ထိုသို့ လေလံတင်နိုင်ရန် စက်တင်ဘာ ၂ဝ ရက်က စက်ရုံသို့ ဝရမ်းကပ်ခဲ့သည့် အတွက် အလုပ်သမားများမှ စက်ရုံ ရှေ့တွင် ထိုင်၍ ဖြေရှင်းပေးရန် တောင်းဆိုနေခြင်းကို ရုပ်သိမ်းပေး ခဲ့ခြင်းဖြစ်သည်။

ယင်းစက်ရုံ၏အလုပ်သမား ခေါင်းဆောင်မကေခိုင်လင်းက ''ဒီလ ကုန်တာနဲ့ လစာရအောင် ဖြေရှင်းပေး မယ်လို့ကြားလို့ ကျွန်မတို့အလုပ်သ မားတွေအားလုံး တောင်းဆိုတာကို ရပ်ပြီး စက်ရုံရှေ့ကနေ ကိုယ့်နေ ရပ် ကိုပြန်ပါပြီ''ဟု ပြောသည်။

စက်တင်ဘာ ၁၆ရက်တွင် အ ဆိုပါစက်ရုံတွင် ဖြစ်ပွားခဲ့သည့်ပြဿ နာနှင့်ပတ်သက်၍ အလုပ်သမားများ ကို သက် ဆိုင်ရာ တာဝန်ရှိသူများက ယခုထက်တိုင် ခေါ်ယူစစ်ဆေးမေး မြန်းခြင်းနှင့် ဖမ်းဆီးခြင်းတစ်စုံတစ် ရာမရှိသေးကြောင်း၊ အလုပ်သမား များအနေဖြင့် အလုပ်သမားဝန်ကြီး ဌာနအပေါ် ထပ်မံယုံကြည် ကာ တောင်းဆိုမှု ရုပ်သိမ်းခဲ့ခြင်းဖြစ် ကြောင်း မကေခိုင်လင်းက တောင်း ဆိုမှုရုပ်သိမ်းရခြင်းနှင့် ပတ်သက် ၍ ပြောသည်။

အလုပ်သမားဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ''ဝရမ်းကို သောကြာနေ့မှာကပ်ပြီးပါပြီ။ လေ လံတင်ဖို့ကိုလဲ ဝရမ်းကပ်ပြီး တစ်ပတ် အတွင်းမှာ နိုင်ငံပိုင်သတင်းစာတွေ ကနေ ကြေညာပါ့ မယ်။ လေလံ တင် ပြီးတာနဲ့ အလုပ်သမားတွေရဲ့လစာကို ဖြေရှင်းပေးနိုင်အောင် ဆောင် ရွက်နေပါတယ်။ ရှေ့လ ထဲမှာ ပေးဖို့ လုပ်ထားပါတယ်''ဟု ဒီမိုကရေစီတူ ဒေးသို့ ပြောသည်။

အလုပ်သမားဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဦးထင်အောင်က ''အလုပ် သမားဝန်ကြီးဌာနအနေဖြင့် ယင်း အလုပ်ရှင်ကို တရားလိုလုပ်ကာ တ ရားစွဲဆိုထားကြောင်း၊ သို့သော် နှစ် နိုင်ငံဥပဒေများကြောင့် ဥပဒေ ပညာ ရှင်အသီးသီးနှင့် ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် အလုပ်ရှင်တရား စီရင်ပြီးချိန် ကြာမြင့်နိုင်သည့် အတွက် အလုပ်သမားများကို ယင်းနိုင်ငံသား ကျန်ခဲ့သည့်ပစ္စည်းများအား လေလံ ဆွဲစေကာ ဖြေရှင်းပေးခြ င်းဖြစ်ကြောင်း စက်တင်ဘာ ၁၈ရက်တွင် အလုပ်သမားဝန်ကြီးဌာန၌ပြုလုပ်သည့် အဆို ပါစက်ရုံနှင့် ပတ်သက်သော သတင်း စာရှင်းလင်းပွဲတွင် ပြောကြားထား သည်။

Yangon Media Group

No comments:

Post a Comment