Tuesday 23 September 2014

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေးပွဲ ပထမ ရက် တွင် တပ်နေရာချထားရေးအခန်းမှ အချက်တစ်ချို့နှင့် ပတ်သက်ပြီး နှစ်ဖက် ညှိနှိုင်းဆောင်ရွက်ရန် သဘောတူ

အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေး ဖော်ဆောင်ရေးလုပ်ငန်း ကော် မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံ လုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးဆိုင် ရာညှိနှိုင်းရေး အဖွဲ့ (NCCT) တို့၏ ဆွေးနွေးပွဲ ပထမနေ့တွင် တပ်နေရာ ချထားရေးအခန်းမှ အချက်တစ်ချို့ အား နှစ်ဖက်ညှိနှိုင်းပြီးဆောင်ရွက် သွားရန်ဆိုသည့်အချက်ကို သဘော တူညီခဲ့ကြောင်း သိရသည်။
အဆိုပါ အချက်သည် ယခင် ဆွေးနွေးပွဲများတွင် NCCT ဘက်မှ ပြည်ပရန်ကာကွယ်ရေးဆိုသည့် အသုံး အနှုန်း၊ UPWC ဘက်မှ တိုင်း ပြည်ရန်ကာကွယ်ရေးဆိုသည့်အသုံး အနှုန်းတို့ဖြင့်ကွဲလွဲနေခဲ့ခြင်းဖြစ်ပြီး ယခု အစည်းအဝေး စတင်သည့်နေ့တွင် ပွဲဦးထွက်နှစ်ဖက် ညှိနှိုင်းလုပ်ဆောင်ရန်သဘောတူညီခဲ့ကြခြင်း ဖြစ် သည်။

NCCT အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါန်းက ''ဒီနေ့က တော့ နှစ်ခု စလုံး ကျွန်တော်တို့ယူ လိုက်တယ်။ နှစ်ခုစလုံးကို တိုင်းပြည် ရန် ကာကွယ်ရေးဖြစ်စေ၊ ပြည်ပရန် ကာ ကွယ်ရေးဖြစ်စေ၊ နှစ်ဖက်ညှိနှိုင်း ပြီးတော့ ပူးပေါင်းဆောင်ရွက်မယ် ဆိုပြီး သဘောတူလိုက်တယ်'' ဟုပြော သည်။

ထို့ပြင် ယခင် ဆွေးနွေးပွဲက သဘောတူထားသည့်တပ်ပိုင်းဆိုင် ရာကိစ္စများကို အလုပ်အဖွဲ့ခွဲ ကာ ဆွေးနွေး မည် ဆိုသည့်အချက်ကို လည်း အားလုံး ပူးပေါင်းဆွေးနွေး မည်ဟု ပြောင်းလဲသဘောတူညီခဲ့ ကြကြောင်း ယင်းက ဆက်လက်ပြော သည်။

ယနေ့ဆွေးနွေးပွဲတွင် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် တတိယမူကြမ်းပါ အခန်းအား လုံးကို ပြန်လည်ဆွေးနွေးခြင်းဖြစ် ပြီး အခန်း(၁)၊ အခန်း (၂)တို့ပြီးပြတ် ခဲ့ပြီး အခန်း(၃)တပ်ပိုင်းဆိုင်ရာ အ ခန်းအနည်းငယ် ပြီးပြတ်ခဲ့ကြောင်း သိရသည်။

ယခင်ဆွေးနွေးပွဲက ဆွေးနွေး ရာတွင် တစ်ချက်ဖြစ်သည့် တော် လှန်ရေးဆိုသည့် အသုံးအနှုန်းနှင့် ပတ်သက်ပြီး ထပ်မံဆွေးနွေးသလို UPWC ဘက်မှ အထက်သို့ပြန်တင် ပြပေးမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း NCCT အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗိုလ် မှူးကြီးခွန်ဥက္ကာက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက'' တော် လှန်ရေးဆိုတဲ့ စကားလုံးကို လူကြီး တွေက လက်မခံဖို့ပြောတယ်။ ကျွန် တော်တို့က ထည့်ပေးပါ ပြောတယ်။သူတို့ကတော့ထည့်ပေး ပိုင်ခွင့်မရှိ ဘူး လူကြီးတွေကို ပြန်တင်ပြ မယ် ပြောတယ်''ဟုပြောသည်။ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာကလည်း ယခုဆွေးနွေး ပွဲတွင် ပြီးခဲ့သည့် ဆွေးနွေးပွဲတွင် သဘောတူညီထားသော ဖက်ဒရယ် အသုံးနှုန်းနှင့် ပတ်သက်ပြီး တပ်မ တော်ဘက်မှ အနည်းငယ်သဘော ထားတင်းမာနေကြောင်း ပြောကြား သည်။

ဦးနိုင်ဟံသာက ''ကျွန်တော် တို့ တင်ပြထားတဲ့ အချက်အလက် တွေကို ဥပမာပြောမယ်ဆိုရင် တပ် သားသစ် မစုဆောင်းရေးဆိုတာက အစ၊ အပစ်အခတ်ရပ်စဲရေးကာလ မှာ နိုင်ငံရေးအရဆွေးနွေးတဲ့ကာလ သူတို့အခေါ်က ကြားကာလပေါ့။အဲဒီမှာ သက်ဆိုင်ရာအစိုးရဘက်က ရော၊ တပ်ဘက်ကရော နားလည် လက်ခံနိုင်တဲ့အနေအထား အခုထိမသေ ချာသေးဘူး။ မသေချာရင်ဒါကခွကျ တယ်။ တချို့အပိုင်းတွေမှာ ဆက် ညှိရဦးမယ်'' ဟု မီဒီယာများကိုပြော ကြားသည်။

သို့ဖြစ်ရာ ယင်းအချက်နှင့်ပတ် သက်ပြီး တပ်သားသစ် မစုဆောင်း ရေးဆိုသည့် ဝါကျတစ်ကြောင်းလုံး ကို အခြားအပိုဒ်သို့ ရွှေ့ထားကြောင်း၊ သို့သော်လည်း တပ်ဘက်မှ လက် မခံသေးကြောင်း သိရသည်။ ယနေ့ဆွေးနွေးပွဲရလဒ်သဘော တူညီချက်များကို နှစ်ဖက်အဖွဲ့အ စည်းများက အတိအကျ ပြော ကြား ခြင်းမရှိဘဲ ဆွေးနွေးပွဲ နောက်ဆုံး ရက်မှသာ ဖတ်ကြားရှင်းလင်းသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်း ချမ်းရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာနမှ အကြီးတန်း အရာရှိ ဦးညိုအုန်းမြင့်က ပြော သည်။

အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထား သော NCCT အဖွဲ့တို့၏ ပြီးခဲ့ သည့် သြဂုတ်လ ဆွေးနွေးပွဲများ အတွင်း အချက် ၁၂၂ပါ အပစ် ရပ်မူကြမ်းတွင် အချက်ငါးချက်သာ သဘော တူညီမှု ရယူရန် ကျန်ရှိသည် အထိ သဘောတူညီမှုများ ရရှိခဲ့ သည်။

တပ်ပိုင်းဆိုင်ရာနှင့် တပ်နေ ရာချထားရေး ကိစ္စများမှာ ယခင်က သီးခြားကော်မတီ အလိုက် ဆွေးနွေး ရန် သဘောတူခဲ့သော်လည်း ယခု ဆွေးနွေးပွဲတွင်မူ သီးခြားမဆွေး နွေးဘဲ ပြန် လည်ဆွေးနွေးေ နခြင်း ဖြ စ်ကြောင်း သိရသည်။ ဆွေးနွေးပွဲကို စက်တင်ဘာလ ၂၇ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

NTDW
Yangon Media Group

No comments:

Post a Comment