Tuesday 23 September 2014

အာဖဂန်သမ္မတသစ်မှာ ဂါနီအာမက်ဇိုင်ဖြစ်ဟု ကော်မရှင် ကြေညာ၊ ရွေးကောက် ပွဲ အငြင်းပွားမှု အဆုံးသတ်

Photo: အာဖဂန်သမ္မတသစ်မှာ ဂါနီအာမက်ဇိုင်ဖြစ်ဟု ကော်မရှင် ကြေညာ၊ ရွေးကောက် ပွဲ အငြင်းပွားမှု အဆုံးသတ်
Tuesday, September 23, 2014

ပြီးခဲ့သည့် အာဖဂန်နစ္စတန် ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ ပြိုင်ဘက် သမ္မတလောင်း နှစ်ဦးအကြား ကာလအတန်ကြာ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ အာဖဂန် ရွေးကောက်ပွဲ ကော်မရှင်က သမ္မတသစ် ဖြစ်သူမှာ အာရဖ်ဂါနီအာမက်ဇိုင် ဖြစ်သည်ဟု ကြေညာလိုက်ပြီ ဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အာဖဂန်နစ္စတန်နိုင်ငံ၏ လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင် IEC ဥက္ကဋ္ဌဖြစ်သူ အာမက်ယူဆွတ်နူရီ စတန်နီက စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဂါနီအာမက်ဇိုင်ကို အာဖဂန်နစ္စတန် သမ္မတသစ်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်ဟု ကြေညာသည်။ 

ပြီးခဲ့သည့် ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ထိပ်တန်း ပြိုင်ဘက်နှစ်ဦး ဖြစ်သော ဂါနီအာမက်ဇိုင်နှင့် အပ္ပဒူလာ အပ္ပဒလာတို့ နှစ်ဦးသည် သူနိုင်သည်၊ ကိုယ်နိုင်သည် ဟူ၍ အငြင်းပွားခဲ့ကြသော်လည်း ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်း ညီညွတ်သော အစိုးရ ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။

ထိုသို့ သဘောတူညီမှု ရရှိပြီး ရက်ပိုင်းအကြာတွင် ရွေးကောက်ပွဲကော်မရှင်က ဂါနီအာမက်ဇိုင်ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ 

“အာဖဂန်ပြည်သူတွေမှာ ကွန်ပျူတာနဲ့ လုပ်ထားတဲ့ မှတ်ပုံတင်ကတ်ပြား မရှိတဲ့အတွက် မဲပေးပိုင်ခွင့်ရှိသူ စာရင်းဆိုတာ ကျွန်တော်တို့မှာ မရှိပါဘူး။ ကျွန်တော်တို့ဆီမှာ လုံခြုံရေး ပြဿနာ ယခုထက်ထိ ရှိနေဆဲ ဖြစ်တာမို့ လွတ်လပ်မျှတမှု ရှိတဲ့ ရွေးကောက်ပွဲတစ်ရပ် ပေါ်ထွန်းဖို့ အခက်အခဲတွေ ရှိပါတယ်” ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

ရွေးကောက်ပွဲ မဲရေတွက်မှု လုပ်ငန်းစဉ်ကို IEC နှင့် ကုလသမဂ္ဂတို့က ကြီးကြပ်ခဲ့ပြီး မဲရုံပေါင်း ၁၁၉၄၅ ရုံမှ ရလဒ်များသည် တရားဝင် ဖြစ်ကြောင်း၊ မဲရုံပေါင်း ၁၂၆၀ မှ ရလဒ်များမှာ တရားဝင်မှု မရှိဘဲ မဲပုံးပေါင်း ၉၆၇၇ ပုံးကို ပြန်လည်ရေတွက်ခဲ့ရကြောင်း IEC က ထုတ်ပြန်ကြေညာသည်။ 

ထို့နောက် ပြိုင်ဘက်သမ္မတလောင်း နှစ်ဦးအကြား သဘောတူညီမှုတစ်ရပ် ရယူကာ ညီညွတ်သည့် အာဖဂန် အစိုးရတစ်ရပ် ဖွဲ့စည်းပြီး ဂါနီအာမက်ဇိုင်က သမ္မတရာထူး ရယူလိုက်ခြင်း ဖြစ်သည်။ 

အဆိုပါ သဘောတူညီချက်အရ ညီညွတ်သော အစိုးရအဖွဲ့တွင် အပ္ပဒူလာ အပ္ပဒလာက ဝန်ကြီးချုပ်ရာထူးနှင့် တန်းတူဖြစ်သော အုပ်ချုပ်ရေး အကြီးအကဲ ရာထူးကို ရယူမည် ဖြစ်သည်။ 

“ယခုဆိုလျှင် အာဖဂန်နစ္စတန် နိုင်ငံရဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်ကြီးတစ်ခုလုံး အဆုံးသတ်သွားပြီ ဖြစ်ပါတယ်” ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောကြားသည်။ 

အာဖဂန်နစ္စတန်၏ အဆိုပါ ရွေးကောက်ပွဲကို ဧပြီလ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းရွေးကောက်ပွဲသည် အမေရိကန် ဦးဆောင်သောတပ်ဖွဲ့များ တာလီဘန်အစိုးရကို ဖြုတ်ချကာ ဟာမစ်ကာဇိုင်း အစိုးရ တက်လာသည့် နောက်ပိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အလွန်အရေးကြီးသော နိုင်ငံရေးဖြစ်စဉ် ဖြစ်သည်။

The Voice Weekly
ပြီးခဲ့သည့် အာဖဂန်နစ္စတန် ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ ပြိုင်ဘက် သမ္မတလောင်း နှစ်ဦးအကြား ကာလအတန်ကြာ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ အာဖဂန် ရွေးကောက်ပွဲ ကော်မရှင်က သမ္မတ သစ် ဖြစ်သူမှာ အာရဖ်ဂါနီအာမက်ဇိုင် ဖြစ်သည်ဟု ကြေညာလိုက်ပြီ ဖြစ်ကြောင်း BBC သတင်း ဌာန က ရေးသားဖော်ပြသည်။
အာဖဂန်နစ္စတန်နိုင်ငံ၏ လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင် IEC ဥက္ကဋ္ဌဖြစ်သူ အာမက်ယူဆွတ်နူရီ စတန်နီက စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဂါနီအာမက်ဇိုင်ကို အာဖဂန်နစ္စတန် သမ္မတသစ်အဖြစ် သတ်မှတ် လိုက်ပြီ ဖြစ်သည်ဟု ကြေညာသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ထိပ်တန်း ပြိုင်ဘက်နှစ်ဦး ဖြစ်သော ဂါနီအာမက်ဇိုင်နှင့် အပ္ပဒူလာ အပ္ပဒလာတို့ နှစ်ဦးသည် သူနိုင်သည်၊ ကိုယ်နိုင်သည် ဟူ၍ အငြင်းပွားခဲ့ကြသော်လည်း ပြီးခဲ့ သည့် ရက်သတ္တတစ်ပတ် အတွင်း ညီညွတ်သော အစိုးရ ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။

ထိုသို့ သဘောတူညီမှု ရရှိပြီး ရက်ပိုင်းအကြာတွင် ရွေးကောက်ပွဲကော်မရှင်က ဂါနီအာမက်ဇိုင် ကို ရွေးချယ် လိုက်ခြင်း ဖြစ်သည်။

“အာဖဂန်ပြည်သူတွေမှာ ကွန်ပျူတာနဲ့ လုပ်ထားတဲ့ မှတ်ပုံတင်ကတ်ပြား မရှိတဲ့အတွက် မဲပေးပိုင်ခွင့်ရှိသူ စာရင်းဆိုတာ ကျွန်တော်တို့မှာ မရှိပါဘူး။ ကျွန်တော်တို့ဆီမှာ လုံခြုံရေး ပြဿနာ ယခုထက်ထိ ရှိနေဆဲ ဖြစ် တာမို့ လွတ်လပ်မျှတမှု ရှိတဲ့ ရွေးကောက်ပွဲတစ်ရပ် ပေါ်ထွန်းဖို့ အခက်အခဲတွေ ရှိပါတယ်” ဟု ကော်မရှင် ဥက္ကဋ္ဌက ပြောကြားသည်။

ရွေးကောက်ပွဲ မဲရေတွက်မှု လုပ်ငန်းစဉ်ကို IEC နှင့် ကုလသမဂ္ဂတို့က ကြီးကြပ်ခဲ့ပြီး မဲရုံပေါင်း ၁၁၉၄၅ ရုံမှ ရလဒ်များသည် တရားဝင် ဖြစ်ကြောင်း၊ မဲရုံပေါင်း ၁၂၆၀ မှ ရလဒ်များမှာ တရားဝင်မှု မရှိဘဲ မဲပုံးပေါင်း ၉၆၇၇ ပုံးကို ပြန်လည်ရေတွက်ခဲ့ရကြောင်း IEC က ထုတ်ပြန်ကြေညာသည်။

ထို့နောက် ပြိုင်ဘက်သမ္မတလောင်း နှစ်ဦးအကြား သဘောတူညီမှုတစ်ရပ် ရယူကာ ညီညွတ်သည့် အာဖဂန် အစိုးရတစ်ရပ် ဖွဲ့စည်းပြီး ဂါနီအာမက်ဇိုင်က သမ္မတရာထူး ရယူလိုက်ခြင်း ဖြစ်သည်။

အဆိုပါ သဘောတူညီချက်အရ ညီညွတ်သော အစိုးရအဖွဲ့တွင် အပ္ပဒူလာ အပ္ပဒလာက ဝန်ကြီးချုပ် ရာထူးနှင့် တန်းတူဖြစ်သော အုပ်ချုပ်ရေး အကြီးအကဲ ရာထူးကို ရယူမည် ဖြစ်သည်။

“ယခုဆိုလျှင် အာဖဂန်နစ္စတန် နိုင်ငံရဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်ကြီးတစ်ခုလုံး အဆုံးသတ်သွားပြီ ဖြစ်ပါတယ်” ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောကြားသည်။

အာဖဂန်နစ္စတန်၏ အဆိုပါ ရွေးကောက်ပွဲကို ဧပြီလ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းရွေးကောက်ပွဲသည် အမေရိကန် ဦးဆောင်သောတပ်ဖွဲ့များ တာလီဘန်အစိုးရကို ဖြုတ်ချကာ ဟာမစ်ကာ ဇိုင်း အစိုးရ တက်လာသည့် နောက်ပိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အလွန် အရေးကြီးသော နိုင်ငံရေးဖြစ်စဉ် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment