Tuesday 23 September 2014

ကာကွယ်ရေးတက္ကသိုလ်တွင် အမျိုးသမီး အပါအ၀င်နယ်ဘက်အရာရှိများ တက်ရောက်ခွင့်ပြုရန် စီစဉ်နေဟု သတင်းထွက်ပေါ်

Photo: ကာကွယ်ရေးတက္ကသိုလ်တွင် အမျိုးသမီး အပါအ၀င်နယ်ဘက်အရာရှိများ တက်ရောက်ခွင့်ပြုရန် စီစဉ်နေဟု သတင်းထွက်ပေါ်
Tuesday, September 23, 2014

 နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တွင် ပြည်ထဲရေးဝန်ကြီးဌာန အမျိုးသမီးများ အပါအ၀င် နယ်ဘက်အရာရှိများကို ထပ်မံတက်ရောက်ခွင့် ပြုမည်ဖြစ်ကြောင်းတပ်မတော် အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

ကာကွယ်ရေးဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က အင် ဒိုနီးရှားခရီးစဉ်အတွင်း အင်ဒိုရှိ ကာကွယ်ရေးတက္ကသိုလ်သို့သွား ရောက် လေ့လာပြီးနောက် ထိုကဲ့သို့ အရပ်သားများကို လက်ခံသင်ကြားရန်  စီစဉ်ခဲ့ခြင်းဖြစ် ကြောင်း တပ်မတော်အရာရှိကြီး တစ်ဦးကပြောသည်။

‘‘အင်ဒိုကာကွယ်ရေးတက္က သိုလ်မှာက တပ်ရော၊ ရဲရော၊အ ရပ်သားပါ တက်နေကြတယ်။ ဒီ လိုဖြစ်အောင်လို့ ကာကွယ်ရေးဦး စီးချုပ်က သူခရီးစဉ်သွားတုန်းက လေ့လာပြီး လုပ်ဖို့ရည်ရွယ်ချက်ရှိ ပါတယ်။ အခုဒုဝန်ကြီး၊ ၀န်ကြီး အများစုကလည်း ကာကွယ်ရေး တက္ကသိုလ်တက်ပြီးသားတွေ။ ဒီ ကျောင်းက လူတစ်ယောက်ရဲ့ IQ, EQကိုအကုန်သင်ပေးတာ။ အရင် က တိုက်ရည်ခိုက်ရည်နဲ့ ရန်သူကို ချေမှုန်းရေးတွေသင်ခဲ့တာ။အခု ငြိမ်းချမ်းရေးဆွေးနွေးပြီးတဲ့အခါ ကျတော့ သင်ရိုးညွှန်းတမ်းတွေကို  ခေတ်မီတပ်မတော်တစ်ရပ် ဖြစ် အောင် တော်တော်ပြောင်းပစ်လိုက်တာ။ တော်တော်ပြောင်းကုန်ပြီ’’ဟု ၎င်းကဆိုသည်။

နိုင်ငံတော်ကာကွယ်ရေးတ က္ကသိုလ်(National Defence College)တွင် ယခင်က တပ်မမှူး အဆင့်တိုးမြှင့်ပေးမည့် ဗိုလ်မှူး ချုပ်များကိုသာ တက်ရောက်ခွင့် ပေးခဲ့ရာမှာ ၂၀၁၃မှစ၍ ပြည်ထဲ ရေးဝန်ကြီးဌာနတွင် ရဲမှူးချုပ်အ ဆင့်တိုးပေးမည့် ရဲမှူးကြီးများကို တွဲဖက်တက်ရောက်စေခဲ့သည်။

‘‘အရင်က ပြည်ထဲရေးမှာရဲ မှူးချုပ်ခန့်မယ်ဆိုရင် တပ်က  တပ်မမှူးကို ဟိုဘက်ရွှေ့ပစ်လိုက်တာ။ မိုး ကျရွှေကိုယ်ဆိုပြီး အပြောခံရတဲ့သူတွေပေါ့လေ။ အခု တပ်က မပို့တော့ဘူး။ ကာကွယ်ရေးဝန်ကြီးက ပြည်ထဲရေးဝန်ကြီးကို လူစာရင်းတောင်းတယ်။ ဗိုလ်မှူးချုပ်တို့ကိုပေးတဲ့ လူစာရင်းအတိုင်း NDC မှာ လာတက်ရတယ်။ အခု အရပ်ဘက်ကဆို ရဲပြီးရင် မီးသတ် တက်ရဖို့ရှိတယ်’’ဟု အဆိုပါအရာရှိကြီးကဆိုသည်။

NDCမှာ စစ်တိုက်နည်းသင် ကြားခြင်းသက်သက်မဟုတ်ဘဲ နိုင်ငံတော်ကာကွယ်ရေးနှင့်သက် ဆိုင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်လုံခြုံရေးမူဝါဒမများ အကြောင်းသင်ကြားပေးခြင်းဖြစ် ပြီး တစ်နှစ်သင်တန်းတက်ရောက် ရခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်မှူး ကြီးဟောင်းတစ်ဦးကပြောသည်။

အမေရိကန်အပါအ၀င် အ ရှေ့တောင်အာရှနိုင်ငံအချို့ရှိကာ ကွယ်ရေးတက္ကသိုလ်များတွင်အ မျိုးသမီးများနှင့် အရပ်သားပညာ ရှင်များကို တက်ရောက်ခွင့်ပေးခဲ့ ပြီး မြန်မာနိုင်ငံတွင် အရပ်သား သင်တန်းသားကို မည်သည့်စနစ် ဖြင့်ရွေးချယ်မည်ကိုမူမပြောနိုင် သေးကြောင်း၎င်းကပြောသည်။

နိုင်ငံတော်ကာကွယ်ရေးတ က္ကသိုလ်တွင် အမေရိကန်အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာဗိုလ်ချုပ် ကြီးအန်တိုနီချက်ဖီးလ်မှာ ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်း ပထမ ဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ပြီး နိုင်ငံတကာ ဗိုလ်ချုပ်ကြီးများအနက် ၎င်းမှာ ပထမဆုံးအကြိမ်မိန့်ခွန်းပြောကြားခဲ့သူလည်းဖြစ် သည်။

7Day DAILY

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံ အမှာစကားပြောကြားစဉ် (ဓာတ်ပုံ −မင်းအောင်လှိုင် ဖေ့စ်ဘွတ်)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းသားအရာရှိကြီး များ အား တွေ့ဆုံအမှာစကားပြောကြားစဉ် (ဓာတ်ပုံ −မင်းအောင်လှိုင် ဖေ့စ်ဘွတ်)
 နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တွင် ပြည်ထဲရေးဝန်ကြီးဌာန အမျိုးသမီးများ အပါအ၀င် နယ်ဘက် အရာရှိများကို ထပ်မံတက်ရောက် ခွင့် ပြုမည်ဖြစ်ကြောင်းတပ်မတော် အသိုင်းအ၀ိုင်းမှ သတင်း ရရှိသည်။
ကာကွယ်ရေးဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က အင် ဒိုနီးရှားခရီးစဉ်အတွင်း အင်ဒိုရှိ ကာကွယ်ရေး တက္ကသိုလ်သို့ သွား ရောက် လေ့ လာပြီးနောက် ထိုကဲ့သို့ အရပ်သားများကို လက်ခံသင်ကြားရန်  စီစဉ်ခဲ့ခြင်း ဖြစ် ကြောင်း တပ်မတော်အရာရှိကြီး တစ်ဦးကပြောသည်။

‘‘အင်ဒိုကာကွယ်ရေးတက္က သိုလ်မှာက တပ်ရော၊ ရဲရော၊အ ရပ်သားပါ တက်နေကြတယ်။ ဒီ လိုဖြစ်အောင်လို့ ကာကွယ်ရေးဦး စီးချုပ်က သူခရီးစဉ် သွားတုန်းက လေ့လာပြီး လုပ်ဖို့ရည်ရွယ်ချက်ရှိ ပါတယ်။ အခုဒုဝန်ကြီး၊ ၀န်ကြီး အများစုကလည်း ကာကွယ်ရေး တက္ကသိုလ်တက်ပြီး သားတွေ။ ဒီ ကျောင်းက လူတစ်ယောက်ရဲ့ IQ, EQကိုအကုန်သင်ပေးတာ။ အရင် က တိုက်ရည်ခိုက်ရည်နဲ့ ရန်သူကို ချေမှုန်းရေးတွေ သင်ခဲ့တာ။အခု ငြိမ်းချမ်းရေးဆွေးနွေးပြီးတဲ့အခါ ကျတော့ သင်ရိုးညွှန်းတမ်းတွေကို  ခေတ်မီတပ်မတော် တစ်ရပ် ဖြစ် အောင် တော်တော်ပြောင်း ပစ် လိုက်တာ။ တော်တော်ပြောင်းကုန်ပြီ’’ဟု ၎င်းကဆိုသည်။

နိုင်ငံတော်ကာကွယ်ရေးတ က္ကသိုလ်(National Defence College)တွင် ယခင်က တပ်မမှူး အဆင့်တိုးမြှင့်ပေးမည့် ဗိုလ်မှူး ချုပ်များကိုသာ တက်ရောက်ခွင့် ပေးခဲ့ရာမှာ ၂၀၁၃မှစ၍ ပြည်ထဲ ရေးဝန်ကြီးဌာနတွင် ရဲမှူးချုပ်အ ဆင့်တိုးပေးမည့် ရဲမှူးကြီးများကို တွဲဖက်တက်ရောက်စေ ခဲ့သည်။

‘‘အရင်က ပြည်ထဲရေးမှာရဲ မှူးချုပ်ခန့်မယ်ဆိုရင် တပ်က  တပ်မမှူးကို ဟိုဘက်ရွှေ့ပစ်လိုက်တာ။ မိုး ကျရွှေကိုယ်ဆိုပြီး အပြောခံရတဲ့ သူတွေပေါ့လေ။ အခု တပ်က မပို့တော့ဘူး။ ကာကွယ်ရေးဝန်ကြီးက ပြည်ထဲရေးဝန်ကြီးကို လူစာရင်းတောင်းတယ်။ ဗိုလ်မှူးချုပ်တို့ကိုပေးတဲ့ လူစာရင်းအတိုင်း NDC မှာ လာတက်ရတယ်။ အခု အရပ်ဘက်ကဆို ရဲပြီးရင် မီးသတ် တက်ရဖို့ရှိတယ်’’ဟု အဆိုပါအရာရှိကြီးကဆိုသည်။

NDCမှာ စစ်တိုက်နည်းသင် ကြားခြင်းသက်သက်မဟုတ်ဘဲ နိုင်ငံတော်ကာကွယ်ရေးနှင့်သက် ဆိုင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးမူဝါဒမများ အကြောင်းသင်ကြားပေးခြင်းဖြစ်ပြီး တစ်နှစ် သင်တန်းတက်ရောက် ရခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်မှူး ကြီးဟောင်း တစ်ဦးကပြောသည်။

အမေရိကန်အပါအ၀င် အ ရှေ့တောင်အာရှနိုင်ငံအချို့ရှိကာ ကွယ်ရေးတက္ကသိုလ်များတွင်အ မျိုးသမီးများနှင့် အရပ်သားပညာ ရှင်များကို တက်ရောက်ခွင့်ပေးခဲ့ ပြီး မြန်မာနိုင်ငံတွင် အရပ်သား သင်တန်းသားကို မည်သည့်စနစ် ဖြင့်ရွေးချယ်မည်ကိုမူ မပြောနိုင် သေးကြောင်း ၎င်းကပြောသည်။

နိုင်ငံတော်ကာကွယ်ရေးတ က္ကသိုလ်တွင် အမေရိကန်အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာဗိုလ်ချုပ် ကြီးအန်တိုနီချက်ဖီးလ်မှာ ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်း ပထမ ဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ပြီး နိုင်ငံ တကာ ဗိုလ်ချုပ်ကြီးများအနက် ၎င်းမှာ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြား ခဲ့သူလည်းဖြစ် သည်။

7Day DAILY

No comments:

Post a Comment