Tuesday 23 September 2014

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအဖွဲ့ ရွှေနှစ်ခုဆွတ်ခူး

Photo: အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအဖွဲ့ ရွှေနှစ်ခုဆွတ်ခူး
Tuesday, September 23, 2014

 တောင်ကိုရီးယား နိုင်ငံတွင်ကျင်းပလျက်ရှိသည့် (၁၇)ကြိမ်မြောက် အင်ချွန်း အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအဖွဲ့က ရွှေတံဆိပ်နှစ် ခုဆွတ်ခူးရရှိခဲ့ကြောင်းသတင်းရရှိသည်။

စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့သည့် ပိုက်ကျော်ခြင်းနှစ်ယောက်တွဲပြိုင်ပွဲ (အမျိုးသား)ဗိုလ်လုပွဲစဉ်တွင် မြန်မာအသင်းက အိမ်ရှင်တောင်ကိုရီးယား အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်း ကောင်း၊ (အမျိုးသမီး)ဗိုလ်လုပွဲ စဉ်တွင် မြန်မာအသင်းက လာအို အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်း ကောင်း အနိုင်ရရှိကာ ရွှေတံဆိပ် ဆုများ ရယူခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသားပိုက်ကျော် ခြင်းအသင်းသည် အကြိုဗိုလ်လုပွဲစဉ်တွင် ဂျပန်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မြန်မာအမျိုးသမီး ပိုက်ကျော်ခြင်း အသင်းသည်လည်း အကြိုဗိုလ်လုပွဲစဉ်တွင် ဂျပန်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ယူကာ ဗိုလ်လုပွဲသို့တက်ရောက်ခဲ့ ခြင်းဖြစ်သည်။

၂၀၁၄ အာရှအားကစားပြိုင်ပွဲ၏ အားကစားနည်းများကို (ဘောလုံးမှလွဲ၍) စက်တင်ဘာ ၂၀ ရက်မှ စတင်ကျင်းပနေခြင်းဖြစ်ပြီး မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့ ရယူပေးသည့် ရွှေတံဆိပ်နှစ်ခုမှာ မြန်မာအားကစားအဖွဲ့အတွက် ပထမဆုံးရယူခဲ့သည့် ရွှေတံဆိပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် မြန်မာပိုက်ကျော်ခြင်းအဖွဲ့သည် ပြီးခဲ့သည့် (၁၆)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲတွင်လည်း နှစ်ယောက်တွဲ (အမျိုးသား၊အမျိုးသမီး)ပြိုင်ပွဲများတွင် ရွှေတံဆိပ်များရယူပေးခဲ့ ပြီး နှစ်ကြိမ်ဆက်ရွှေတံဆိပ်ရယူ ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့သည် အင်ချွန်းအာရှအားကစားပြိုင်ပွဲတွင် အသင်းလိုက်နှင့် သုံးယောက်တွဲပြိုင်ပွဲတို့တွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၄ အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အနေဖြင့် အားကစားနည်း ၁၀ မျိုးတွင် အားကစားသမား ၆၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိ သည်။

7Day DAILY

မြန်မာနိုင်ငံအတွက် အာရှရွှေတံဆိပ်ရယူပေးခဲ့သော အမျိုးသားပိုက်ကျော်ခြင်း အဖွဲ့ (ဓာတ်ပုံ - အေအက်ဖ်ပီ)
မြန်မာနိုင်ငံအတွက် အာရှရွှေတံဆိပ်ရယူပေးခဲ့သော အမျိုးသားပိုက်ကျော်ခြင်းအဖွဲ့(ဓာတ်ပုံ - အေအက်ဖ်ပီ)
 တောင်ကိုရီးယား နိုင်ငံတွင်ကျင်းပလျက်ရှိသည့် (၁၇)ကြိမ်မြောက် အင်ချွန်း အာရှအားကစားပြိုင်ပွဲ တွင် မြန်မာပိုက်ကျော်ခြင်းအဖွဲ့က ရွှေတံဆိပ်နှစ် ခုဆွတ်ခူးရရှိခဲ့ကြောင်းသတင်းရရှိသည်။
စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့သည့် ပိုက်ကျော်ခြင်းနှစ်ယောက်တွဲပြိုင်ပွဲ (အမျိုးသား)ဗိုလ်လုပွဲစဉ် တွင် မြန်မာအသင်းက အိမ်ရှင်တောင်ကိုရီးယား အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်း ကောင်း၊ (အမျိုးသမီး) ဗိုလ်လုပွဲ စဉ်တွင် မြန်မာအသင်းက လာအို အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်း ကောင်း အနိုင်ရရှိကာ ရွှေ တံဆိပ် ဆုများ ရယူခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသားပိုက်ကျော် ခြင်းအသင်းသည် အကြိုဗိုလ်လုပွဲစဉ်တွင် ဂျပန်အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ မြန်မာအမျိုးသမီး ပိုက်ကျော်ခြင်း အသင်းသည်လည်း အကြိုဗိုလ်လုပွဲစဉ်တွင် ဂျပန် အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ယူကာ ဗိုလ်လုပွဲသို့တက်ရောက်ခဲ့ ခြင်းဖြစ်သည်။

၂၀၁၄ အာရှအားကစားပြိုင်ပွဲ၏ အားကစားနည်းများကို (ဘောလုံးမှလွဲ၍) စက်တင်ဘာ ၂၀ ရက်မှ စတင်ကျင်း ပနေခြင်းဖြစ်ပြီး မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့ ရယူပေးသည့် ရွှေတံဆိပ်နှစ်ခု မှာ မြန်မာအားကစားအဖွဲ့အတွက် ပထမဆုံးရယူခဲ့သည့် ရွှေတံဆိပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် မြန်မာပိုက်ကျော်ခြင်းအဖွဲ့သည် ပြီးခဲ့သည့် (၁၆)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲတွင် လည်း နှစ်ယောက်တွဲ (အမျိုးသား၊အမျိုးသမီး)ပြိုင်ပွဲများတွင် ရွှေတံဆိပ်များရယူပေးခဲ့ ပြီး နှစ်ကြိမ် ဆက်ရွှေတံဆိပ်ရယူ ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့သည် အင်ချွန်းအာရှအားကစားပြိုင်ပွဲတွင် အသင်းလိုက်နှင့် သုံးယောက် တွဲပြိုင်ပွဲတို့တွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၄ အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အနေဖြင့် အားကစားနည်း ၁၀ မျိုးတွင် အား ကစားသမား ၆၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိ သည်။

7Day DAILY

No comments:

Post a Comment