Tuesday 23 September 2014

မယ်ဆိုင်တွင် ကျင်းပမည့် ဖိတ်ခေါ်ဖလား ပြိုင်ပွဲ၌ ဟံသာဝတီအသင်း ပြည်တွင်း ကစားသမားများဖြင့်သာ ယှဉ်ပြိုင်မည်

 မြန်မာနေရှင်နယ်လိဂ် -၂ ချန်ပီယံဟံသာဝတီယူနိုက် တက်အသင်းမှာ စက်တင်ဘာလ ကုန်တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ၌ ကျင်းပမည့် ဖိတ်ခေါ်ဖလား ပြိုင်ပွဲကို ပြည်တွင်းကစားသမား များဖြင့်သာ ၀င်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 

အဆိုပါပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည်ဖြစ်ပြီး လိဂ်-၂ ချန်ပီယံ ဟံ သာဝတီ အသင်းကို ၀င်ရောက် ယှဉ်ပြိုင်ရန် ဖိတ်ကြားခဲ့သော် လည်း ပြိုင်ပွဲကျင်းပမည့်ရက်ကို အတိအကျမသိသေး သလို ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်အသင်းအရေအတွက်ကိုလည်း အကြောင်းပြန်ခြင်းမရှိသေးကြောင်း ဟံသာဝတီအသင်း မီဒီယာတာဝန်ခံ ဦးကျော်မိုးက ပြောသည်။

‘‘ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ သူတို့ဘက်က ကမ်းလှမ်းတာပါ။ တာချီလိတ်ဘက်မှာကလည်း ရေ ကြီးနေ တယ်ဆိုတော့ ပြိုင်ပွဲကို ဒီလကုန်လောက်မှာ ကျင်းပမယ်။ ပြိုင်ပွဲဝင်အရေအတွက်ကိုလည်း အတိအကျ မသိရသေးဘူး’’ဟု ဦး ကျော်မိုးကပြောသည်။

ယင်းပြိုင်ပွဲသို့ ယခင်က ကမ္ဘောဇအသင်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး ဟံသာဝတီအသင်းသည် ဒုတိယ ၀င်ရောက်ယှဉ်ပြိုင်သည့် လိဂ်အသင်းဖြစ်လာ မည်ဖြစ်သည်။ လိဂ်-၂ ချန်ပီယံ ဟံသာဝတီအသင်းအနေဖြင့် လိဂ်ပြိုင်ပွဲများပြီးဆုံးသည့်အချိန်တွင်ကစားသမားများကို နေရပ်သို့ ပြန်ခွင့်ပြုခဲ့ကြောင်း၊ လေ့ကျင့် ခန်း ပြန်လည်စတင်မည့်ရက်ကို အောက်တိုဘာ ၁ ရက် သတ်မှတ် ထားခဲ့သော်လည်း ပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင် မည်ဖြစ်သည့် အတွက် စက်တင်ဘာ ၁၆ ရက်မှ ပြန်လည်လေ့ကျင့်မှုပြုလုပ်နေပြီ ဖြစ်ကြောင်း ၎င်းကပြောသည်။

၂၀၁၅ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်သို့ ချန်ပီယံအ ဖြစ်ပြန်လည်တန်းတက်လာခဲ့သည့် ဟံသာဝတီ အသင်းမှာ မြန် မာနေရှင်နယ်လိဂ်စတင်ချိန်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အမှတ် ပေး ဖလားပြိုင်ပွဲတွင် အောင်မြင်မှုမရရှိခဲ့သော်လည်း ရှုံးထွက် ဖလားပြိုင်ပွဲတွင် တစ်ကြိမ်ဗိုလ်စွဲ ထားပြီး ၂၀၁၃ ဘောလုံးရာသီ တွင် ရလဒ်များ ဆိုးရွားခဲ့၍ တန်းဆင်းခဲ့ရသည်။

လာမည့်ဘောလုံးရာသီတွင် ဟံသာဝတီအသင်းအနေဖြင့် အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင်နိုင်ရန် အတွက် ပဲခူးအားကစားကွင်းကို ပြန်လည်ပြုပြင်တည်ဆောက်နေ ပြီး အောက်တိုဘာတွင် ပွဲကြည့် စင်တည်ဆောက် သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment