Tuesday 23 September 2014

ယူကရိန်း ပြဿနာတွင် ရုရှားအစိုးရ ပါဝင်ပတ်သက်နေမှုကို ရုရှားပြည်သူ ထောင်ပေါင်း များစွာ ချီတက်ဆန္ဒပြ

Photo: ယူကရိန်း ပြဿနာတွင် ရုရှားအစိုးရ ပါဝင်ပတ်သက်နေမှုကို ရုရှားပြည်သူ ထောင်ပေါင်း များစွာ ချီတက်ဆန္ဒပြ
Tuesday, September 23, 2014 

ယူကရိန်းနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စစ်မက်ပဋိပက္ခ၌ ရုရှားနိုင်ငံ ပါဝင်ပတ်သက်နေမှုကို ထောင်ပေါင်းများစွာသော ရုရှားပြည်သူများက မြို့တော်မော်စကို အပါအဝင် အထင်ကရမြို့ အသီးသီးတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

ဆန္ဒပြသူများသည် ရုရှားနှင့် ယူကရိန်းနိုင်ငံတော် အလံများ ကိုင်ဆောင်ကာ “စစ်မဖြစ်ရ” နှင့် “လိမ်ညာတာတွေ ရပ်တန်းကရပ်” ဟူသော ကြွေးကြော်သံများဖြင့် မော်စကိုနှင့် စိန့်ပီတာစဘဂ်မြို့ အပါအဝင် အခြားသောမြို့ အသီးသီး၌ စီတန်းလှည့်လည်ကာ ယူကရိန်း စစ်မက် ပဋိပက္ခတွင် ရုရှား ပါဝင်ပတ်သက်နေမှုကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ခဲ့ကြသည်။ 

မော်စကိုမြို့မှ ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ အဆိုပါ စီတန်းလှည့်လည် ဆန္ဒပြမှုတွင် လူပေါင်း ၅၀၀၀ ကျော်ခန့် ပါဝင်ခဲ့ကြသည်ဟု သိရသော်လည်း ရုရှားအခြေစိုက် AP သတင်းဌာနက ဆန္ဒပြသူ ၂၀၀၀၀ ခန့် ရှိသည်ဟု ခန့်မှန်းရေးသားသည်။ 

အဆိုပါ စီတန်းလှည့်လည်မှုကို ဦးဆောင်သူများက ၎င်းတို့သည် ရုရှားနိုင်ငံ၏ ရန်စပြုမူလိုသော နိုင်ငံခြားရေးမူဝါဒကို ဆန့်ကျင်သည့်အနေနှင့် ယခုလို လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ပြောကြားသည်။ 

ဆန္ဒပြသူများသည် ပွတ်ရှ်ကင်ရင်ပြင်မှ မော်စကို မြို့လယ်ကောင်ရှိ ဆာခါရော့ ရိပ်သာလမ်းအထိ စီတန်း ချီတက်ခဲ့ကြကြောင်း၊ အလားတူ ရုရှားအစိုးရနှင့် ယူကရိန်း ခွဲထွက်ရေးဝါဒီများကို ထောက်ခံသူများကလည်း ယှဉ်ပြိုင် ဆန္ဒထုတ်ဖော်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးကို အထူးတင်းကျပ်ခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားသည်။ 

ယခုဖြစ်ရပ်သည် လွန်ခဲ့သည့် ငါးလတာ ကာလ၊ ယူကရိန်းအရှေ့ပိုင်း ဒေသရှိ ဒွန်နီဆတ်နှင့် လူဟန်ဆတ် ပြည်နယ်များတွင် စစ်မက်ပဋိပက္ခ စတင်ခဲ့ချိန် နောက်ပိုင်း ရုရှားနိုင်ငံတွင်း ပထမဆုံး ပြုလုပ်သော စစ်ဆန့်ကျင်ရေး ဆန္ဒပြမှု ဖြစ်သည်။ 

ရုရှား ရေဒီယို အသံလွှင့်ဌာန တစ်ခုဖြစ်သော Ekho Moskvy ၏ အဆိုအရ စစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြသူဦးရေ ၅၀၀၀၀ ခန့်အထိ ရှိသည်ဟု ခန့်မှန်းသည်။ 

VOA သတင်းဌာန၏ ရေးသားဖော်ပြချက်အရ ယခုဆန္ဒပြပွဲတွင် စစ်ဆန့်ကျင်ရေး အင်အားစုများသာမက ရုရှားအစိုးရ အတိုက်အခံများလည်း ပါဝင်ပြီး ၎င်းတို့သည် ယူကရိန်းနိုင်ငံတွင်း ငြိမ်းချမ်းရေး ပေါ်ထွန်းရေး၊ ခွဲထွက်ရေး သူပုန်များအပေါ် ရုရှားနိုင်ငံက စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုများ အဆုံးသတ်ရေးတို့အတွက် ဆန္ဒပြကြခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ယူကရိန်း အစိုးရတပ်ဖွဲ့နှင့် ရုရှားလိုလားသော ခွဲထွက်ရေး သူပုန်များသည် စက်တင်ဘာလ ၅ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြသော်လည်း ထိုအချိန်နောက်ပိုင်း ပစ်ခတ် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ပင် ရှိသည်။ 

ယူကရိန်း စစ်မက်ပဋိပက္ခ စတင်သည့် အချိန်မှစ၍ ယနေ့အချိန်အထိ သေဆုံးသူ ၃၀၀၀ ကျော် ရှိသွားပြီ ဖြစ်သည်။

The Voice Weekly
ယူကရိန်းနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စစ်မက်ပဋိပက္ခ၌ ရုရှားနိုင်ငံ ပါဝင်ပတ်သက်နေမှု ကို ထောင်ပေါင်း များစွာသော ရုရှားပြည်သူများက မြို့တော်မော်စကို အပါအဝင် အထင်ကရမြို့ အသီးသီးတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ဆန္ဒပြသူများသည် ရုရှားနှင့် ယူကရိန်းနိုင်ငံတော် အလံများ ကိုင်ဆောင်ကာ “စစ်မဖြစ်ရ” နှင့် “လိမ်ညာ တာတွေ ရပ်တန်းကရပ်” ဟူသော ကြွေးကြော်သံများဖြင့် မော်စကိုနှင့် စိန့်ပီတာစဘဂ်မြို့ အပါအဝင် အခြားသောမြို့ အသီးသီး၌ စီတန်းလှည့်လည်ကာ ယူကရိန်း စစ်မက် ပဋိပက္ခတွင် ရုရှား ပါဝင် ပတ်သက်နေမှုကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ခဲ့ကြသည်။

မော်စကိုမြို့မှ ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ အဆိုပါ စီတန်းလှည့်လည် ဆန္ဒပြမှုတွင် လူပေါင်း ၅၀၀၀ ကျော်ခန့် ပါဝင်ခဲ့ကြသည်ဟု သိရသော်လည်း ရုရှားအခြေစိုက် AP သတင်းဌာနက ဆန္ဒပြသူ ၂၀၀၀၀ ခန့် ရှိသည်ဟု ခန့်မှန်းရေးသားသည်။

အဆိုပါ စီတန်းလှည့်လည်မှုကို ဦးဆောင်သူများက ၎င်းတို့သည် ရုရှားနိုင်ငံ၏ ရန်စပြုမူလိုသော နိုင် ငံခြားရေး မူဝါဒကို ဆန့်ကျင်သည့်အနေနှင့် ယခုလို လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဆန္ဒပြသူများသည် ပွတ်ရှ်ကင်ရင်ပြင်မှ မော်စကို မြို့လယ်ကောင်ရှိ ဆာခါရော့ ရိပ်သာလမ်းအထိ စီတန်း ချီတက်ခဲ့ကြကြောင်း၊ အလားတူ ရုရှားအစိုးရနှင့် ယူကရိန်း ခွဲထွက်ရေးဝါဒီများကို ထောက်ခံသူများကလည်း ယှဉ်ပြိုင် ဆန္ဒထုတ်ဖော်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးကို အထူးတင်းကျပ်ခဲ့ရကြောင်း အာဏာပိုင် များက ပြောကြားသည်။

ယခုဖြစ်ရပ်သည် လွန်ခဲ့သည့် ငါးလတာ ကာလ၊ ယူကရိန်းအရှေ့ပိုင်း ဒေသရှိ ဒွန်နီဆတ်နှင့် လူဟန် ဆတ် ပြည်နယ်များတွင် စစ်မက်ပဋိပက္ခ စတင်ခဲ့ချိန် နောက်ပိုင်း ရုရှားနိုင်ငံတွင်း ပထမဆုံး ပြု လုပ်သော စစ်ဆန့်ကျင်ရေး ဆန္ဒပြမှု ဖြစ်သည်။

ရုရှား ရေဒီယို အသံလွှင့်ဌာန တစ်ခုဖြစ်သော Ekho Moskvy ၏ အဆိုအရ စစ်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြသူဦးရေ ၅၀၀၀၀ ခန့်အထိ ရှိသည်ဟု ခန့်မှန်းသည်။

VOA သတင်းဌာန၏ ရေးသားဖော်ပြချက်အရ ယခုဆန္ဒပြပွဲတွင် စစ်ဆန့်ကျင်ရေး အင်အားစုများသာမက ရုရှားအစိုးရ အတိုက်အခံများလည်း ပါဝင်ပြီး ၎င်းတို့သည် ယူကရိန်းနိုင်ငံတွင်း ငြိမ်းချမ်းရေး ပေါ်ထွန်းရေး၊ ခွဲထွက်ရေး သူပုန်များအပေါ် ရုရှားနိုင်ငံက စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုများ အဆုံးသတ်ရေးတို့အတွက် ဆန္ဒပြကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ယူကရိန်း အစိုးရတပ်ဖွဲ့နှင့် ရုရှားလိုလားသော ခွဲထွက်ရေး သူပုန်များသည် စက်တင်ဘာလ ၅ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြသော်လည်း ထိုအချိန်နောက်ပိုင်း ပစ်ခတ် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ပင် ရှိသည်။

ယူကရိန်း စစ်မက်ပဋိပက္ခ စတင်သည့် အချိန်မှစ၍ ယနေ့အချိန်အထိ သေဆုံးသူ ၃၀၀၀ ကျော် ရှိသွား ပြီ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment