Tuesday 23 September 2014

ကားများအတွက် ဆိပ်ကမ်းအရောက်တန်ဖိုး အောက်တိုဘာတွင် ထုတ်ပြန်မည်

Photo: ကားများအတွက် ဆိပ်ကမ်းအရောက်တန်ဖိုး အောက်တိုဘာတွင် ထုတ်ပြန်မည်
Tuesday, September 23, 2014

ဆိပ်ကမ်းအရောက် ကားတန်ဖိုး(CIF) နှုန်းထားအသစ် များကို အောက်တိုဘာလတွင် ထုတ်ပြန်သွားမည်ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ဒုတိယ ညွှန်ကြားရေး မှုးချုပ် ဦးမင်းမင်းက ပြောကြားသည်။

 အောက်တိုဘာတွင် ထုတ်ပြန်မည့် (CIF)တန်ဖိုးမှာ ဇန် န၀ါရီ ၁ ရက်တွင် စတင်အသက် ၀င်မည့် နှုန်းထားအသစ်ဖြစ်ပြီးယ ခုနှစ်မှစတင်ပြီး ကြိုတင်ထုတ်ပြန် သွားမည်ဟု ဦးမင်းမင်းကပြော သည်။

 ‘‘လုပ်ငန်းရှင်တွေက တောင်းဆိုကြတယ်။ (CIF)ကို ကပ်ပြီး မထုတ်ပြန်ပါနဲ့ဆိုလို့ ကြိုထုတ်ပြန်သွားမှာပါ’’ ဟု ဦးမင်းမင်းက ဆိုသည်။

CIF နှုန်းထားသစ်တွင် အ များပြည်သူ ကားဝယ်စီး၍ လက် လှမ်းမီနိုင်လောက်သည့်နှုန်းထား များအဖြစ် ပြောင်းလဲလာနိုင်သည့် နှုန်းထားများကို ပြုစုရေးဆွဲထား ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမော်တော် ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူ လုပ်ငန်းရှင်များအ သင်း၏ အကြံပြုချက်များလည်းပါ ၀င်စေရန် စီးပွားကူးသန်းက ရည်ရွယ်ရေးဆွဲထားသည်။

အစိုးရသစ်လက်ထက်တွင် CIF တန်ဖိုးများကို ထုတ်ပြန်ရေး ဆွဲရာ၌ နှစ်ကုန်ခါနီး တစ်လအ လိုတွင်မှသာ ထုတ်ပြန်သတ်မှတ် ပေးနိုင်ခဲ့ပြီး ယခုအကြိမ်တွင် အ စောဆုံး ထုတ်ပြန်ပေးနိုင်တော့ မည်ဟုဆိုသည်။

(CIF)တန်ဖိုးများထွက်ပေါ် လာတော့မည် ဆိုခြင်းကြောင့် ပြည်တွင်းကားဈေးကွက်အတွင်း ဈေးကစားလိုသူ၊ ကားအရောင်းအ၀ယ် ပြုလုပ်သူများမှာ စောင့်ကြည့်လျက်ရှိပြီး နှုန်းထားအသစ်ထွက်လာမှသာ အရောင်းအ၀ယ် ပြန်လည်ပြုလုပ်မည်ဟု ကားဝယ် ရောင်းများက ဆိုသည်။

7Day DAILY 

ဆိပ်ကမ်းရောက်ကားများကို တွေ့ရစဉ် (ဓာတ်ပုံ− ကျော်ဇင်သန်း)
ဆိပ်ကမ်းရောက်ကားများကို တွေ့ရစဉ် (ဓာတ်ပုံ− ကျော်ဇင်သန်း)
ဆိပ်ကမ်းအရောက် ကားတန်ဖိုး(CIF) နှုန်းထားအသစ် များကို အောက်တိုဘာလတွင် ထုတ်ပြန်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးမင်းမင်းက ပြောကြား သည်။

 အောက်တိုဘာတွင် ထုတ်ပြန်မည့် (CIF)တန်ဖိုးမှာ ဇန် န၀ါရီ ၁ ရက်တွင် စတင်အသက် ၀င်မည့် နှုန်းထား အသစ်ဖြစ်ပြီးယ ခုနှစ်မှစတင်ပြီး ကြိုတင်ထုတ်ပြန် သွားမည်ဟု ဦးမင်းမင်းကပြော သည်။

 ‘‘လုပ်ငန်းရှင်တွေက တောင်းဆိုကြတယ်။ (CIF)ကို ကပ်ပြီး မထုတ်ပြန်ပါနဲ့ဆိုလို့ ကြိုထုတ်ပြန်သွားမှာပါ’’ ဟု ဦးမင်းမင်းက ဆိုသည်။

CIF နှုန်းထားသစ်တွင် အများပြည်သူ ကားဝယ်စီး၍ လက် လှမ်းမီနိုင်လောက်သည့်နှုန်းထား များအဖြစ် ပြောင်းလဲလာနိုင်သည့် နှုန်းထားများကို ပြုစုရေးဆွဲထား ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမော်တော် ယာဉ်တင်သွင်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူ လုပ်ငန်းရှင်များအ သင်း၏ အကြံပြုချက်များလည်းပါ ၀င်စေရန် စီးပွား ကူးသန်းက ရည်ရွယ်ရေးဆွဲထားသည်။

အစိုးရသစ်လက်ထက်တွင် CIF တန်ဖိုးများကို ထုတ်ပြန်ရေး ဆွဲရာ၌ နှစ်ကုန်ခါနီး တစ်လအ လိုတွင်မှသာ ထုတ်ပြန်သတ်မှတ် ပေးနိုင်ခဲ့ပြီး ယခုအကြိမ်တွင် အ စောဆုံး ထုတ်ပြန်ပေးနိုင်တော့ မည်ဟုဆိုသည်။

(CIF)တန်ဖိုးများထွက်ပေါ် လာတော့မည် ဆိုခြင်းကြောင့် ပြည်တွင်းကားဈေးကွက်အတွင်း ဈေးကစားလိုသူ၊ ကားအရောင်းအ၀ယ် ပြုလုပ်သူများမှာ စောင့်ကြည့်လျက်ရှိပြီး နှုန်းထားအသစ်ထွက်လာမှသာ အရောင်းအ၀ယ် ပြန်လည်ပြုလုပ်မည်ဟု ကားဝယ် ရောင်းများက ဆိုသည်။

7Day DAILY 

No comments:

Post a Comment