Tuesday 23 September 2014

မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကို ပစ်မှတ်ထားသည့် အယ်လ်ကိုင်ဒါအစီအစဉ် အောင်မြင်နိုင်ရဲ့လား

Photo: မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကို ပစ်မှတ်ထားသည့် အယ်လ်ကိုင်ဒါအစီအစဉ် အောင်မြင်နိုင်ရဲ့လား
Tuesday, September 23, 2014

အိုင်အက်စ်အိုင်အက်စ် ဟု အတိုကောက်ခေါ် ကြ သည့်  အစ္စလာမ် မစ်ကိုယ်ပိုင်နိုင်ငံအဖွဲ့သည် လ အနည်းငယ် အချိန်တိုအတွင်း ၎င်းတို့၏ ကိုယ်ပိုင်နိုင်ငံကို ထူ ထောင်သည်။ ထို့နောက်ဆိုရှယ် မီဒီယာစာမျက်နှာတွေကနေ စည်း ရုံးရေးဆင်းကာ ဥရောပနှင့် အနောက်အာဖရိကမှ လူငယ် နိုင်ငံခြားသား တိုက်ခိုက်သူများ ဈေးကွက်ကို တစ်ဦးတည်းအပိုင်စီးရယူလာနေပါသည်။

အနောက်နိုင်ငံသား သတင်း စာဆရာများ၊ စစ်သားများ၊ ကယ် ဆယ်ရေးလုပ်သားများကို ရက် စက်စွာလူသိထင်ရှားခေါင်းဖြတ် သတ်ခဲ့ပြီး အမေရိကန်သမ္မတအို ဘားမားထံသို့ သူတို့၏ ကြေညာ ချက်ကိုပေးပို့ခြင်းဖြင့် အိုင်အက်စ် အဖွဲ့သည် ကမ္ဘာပေါ်တွင် အဓိက မွတ်စလင်အကြမ်းဖက်အဖွဲ့ ဂျီ ဟတ်အုပ်စုအဖြစ် သူတို့ကိုယ်သူ တို့ စတင်ပုံစံဖော်ထူထောင်လာခဲ့ ပါသည်။ ထိုအချက်ကြောင့် အယ်လ်ကိုင်ဒါအကြမ်းဖက်အုပ်စု အနေဖြင့် အိုင်အက်စ်အဖွဲ့ကို ကြိုးစားအမီလိုက်ရန် ဖြစ်လာစေ သည်။

ထို့ကြောင့် ယခုအခါ အယ်လ်ကိုင်ဒါအဖွဲ့က တိုက်ခိုက်မှုများပြန်လည်ပြုလုပ်လာပြီး သူတို့၏ နာမည်သိက္ခာကိုပြန်လည် ရယူတည်ထောင်လိုသောသဘော တွေ့မြင်နေရသည်။ ပြီးခဲ့သည့် နှစ်ပတ်ကျော်ကထွက်ပေါ်ခဲ့သော ၅၅ မိနစ်ကြာဗီဒီယိုတွင် အယ်လ်ကိုင်ဒါ၏ လက်ရှိခေါင်းဆောင် အေမန်အယ်လ်ဇဝါဟီရီက ဂျီဟတ်အလံကိုလွှင့်ထူပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင် အစ္စလာမ်ဘာသာအရ အုပ်ချုပ်မှုတွေ ပျံ့နှံ့လာစေရမည်ဟု ကြွေးကြော်ခဲ့ပါသည်။

အဆိုပါဗီဒီယိုနှင့်ပတ်သက် ၍ အစိုးရအရာရှိများက အစစ် အမှန်ဟုတ်၊ မဟုတ် ဖော်ထုတ်ရန် ကြိုးစားနေချိန်တွင် အိန္ဒိယနိုင်ငံက ဒေသတွင်း ကြာရှည်စွာခြေကုပ် ယူရန်ပြင်ဆင်လာသည့် အယ်လ် ကိုင်ဒါများ၏ အစီအစဉ်အတွက် စိုးရိမ်မှုများ ကိုဖော်ပြခဲ့ပါသည်။

ကမ္ဘာ့သတင်းအတော်များ များတွင်အိုင်အက်စ်အဖွဲ့က နေရာ ယူစိုးမိုးထားချိန် အယ်လ်ဇဝါဟီရီ ၏ကြေညာချက်က အားလုံးကို အံ့အားသင့်စေခဲ့သည်။ လူများ က အယ်လ်ကိုင်ဒါအကြမ်းဖက် အဖွဲ့သည် တဖြည်းဖြည်းအားပျော့ လာပြီး ခေတ်မီသောလူငယ်အုပ် စုများက သူတို့နေရာအစားထိုး လာပြီဟု ယူဆနေကြသည်။

မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလား

ဒေ့ရှ်နိုင်ငံများသည် အယ်လ်ကိုင် ဒါများအတွက် နယ်မြေသစ်ဖြစ် လာခြင်းမှာ ထိုဒေသများတွင် မွတ် စလင်တွေအပေါ် တရားမျှတမှုမရှိ ခြင်းနှင့် ဖိနှိပ်ခြင်းတို့ကြောင့်ဖြစ် သည်ဟု အယ်လ်ဇဝါဟီရီကဆိုပါ သည်။

မွတ်စလင်ဒေသများ

၎င်း၏ဗီဒီယိုခွေတွင် အယ်လ် ဇဝါဟီရီက အိန္ဒိယနိုင်ငံ ဂူဂျာရတ်၊ အာသံနှင့် ကက်ရှ်မီးယားဒေသ များမှ မွတ်စလင်လူမျိုးများအပေါ် ဖိနှိပ်မှုများနှင့် မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်များက ဘင်္ဂါလီ (ဆောင်းပါးမူရင်းတွင် ရိုဟင်ဂျာ ဟု သုံးနှုန်းထားသည်) မွတ်စလင် များအပေါ် ဖိနှိပ်မှုများကို ကိုးကား ပြောကြားသွားသည်။ ဘင်္ဂလား ဒေ့ရှ်နှင့် မြန်မာသည် တစ်ချိန်က မွတ်စလင်ဒေသများဖြစ်ပြီး ရန်သူ များက သိမ်းပိုက်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။ ရှာရီရာ ဥပေဒဖြင့် မွတ်စလင် နိုင်ငံတော်ကို စတင်ရန်အတွက် ထိုဒေသရှိမွတ်စလင်လူမျိုးများ တိုးတက်ရန်နှင့် လွတ်မြောက်ရန် လိုသည်ဟု သူက ဝါဒဖြန့်ပါသည်။

သို့ရာတွင် အယ်လ်ဇဝါဟီရီ က ထိုဗီဒီယိုခွေကို အချိန်ကိုက် ထုတ်လွှင့်ရခြင်းမှာ ပြိုင်ဘက်အဖွဲ့ဖြစ်သော အိုင်အက်စ်အဖွဲ့ မရောက်ရှိနိုင်သောဒေသကို ဖြန့်ကြက်ကြိုးစားရယူလိုသည့် သဘောသာဖြစ်ပါသည်။ အိုင်အက်စ်အဖွဲ့က ကမ္ဘာနှင့်ချီပြီး လူသိများအောင်မြင်လာသည့်အချိန် အယ်လ်ကိုင်ဒါကလည်းသူနည်း သူ့ဟန်ဖြင့် ပြန်လည်ကြိုးစားမှု တစ်ခုဖြစ်ပါသည်။

အိုင်အက်စ်က အယ်လ်ကိုင် ဒါ မည်သည့်အခါမှမလုပ်နိုင်ခဲ့ သည့်အရာများကို စီမံခန့်ခွဲနိုင်ခဲ့ သည်။ အယ်လ်ကိုင်ဒါတို့က အနောက်နိုင်ငံများကိုသာ တစ်ခု တည်းအာရုံထားတိုက်ခိုက်သည်။  အကြမ်းဖက်အဖွဲ့အစည်းတစ်ခု ထက်မပိုချေ။ အိုင်အက်စ်က တော့ အစ္စလာမ်မစ်နိုင်ငံတစ်ခုအဖြစ်တည်ထောင်ရန် ကြိုးစားသည်။ ထို့အပြင် အယ်လ်ကိုင်ဒါ လုပ်နိုင်ခဲ့သည်ထက် အိုင်အက်စ်အဖွဲ့က နိုင်ငံခြားသားတိုက်ခိုက်သူများကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။

အယ်လ်ကိုင်ဒါများအတွက် ပို၍စိတ်ပူစရာကောင်းလာသည် ကား အိုင်အက်စ်သည် အယ်လ် ကိုင်ဒါလွှမ်းမိုးထားသည်ဆိုသော အုပ်စုအငယ်လေးများကိုပါ သိမ်း သွင်းလာခဲ့ခြင်းဖြစ်သည်။ မြောက် အာဖရိက,က အယ်လ်ကိုင်ဒါ ဂိုဏ်းခွဲဟုယူဆကြသည့် အယ်လ် ဂျီးယားအခြေစိုက်ကာလီဖိတ်ခေါ် အစ္စလာမ်နိုင်ငံ၏ စစ်သားများဆို သည့်အုပ်စုက မကြာသေးမီက သူတို့သည် အိုင်အက်စ်နှင့် မဟာ မိတ်ဟု ကြေညာခဲ့ပါသည်။

ထို့အပြင် အိန္ဒိယတိုက်ဘက် ကို အယ်လ်ကိုင်ဒါများက ရွှေ့ ပြောင်းနယ်ပယ်ချဲ့ထွင်လာရသည်မှာ အခြားမဟာဗျူဟာအရ အလားအလာကောင်းသော အချက်များကြောင့်လည်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံက လူဦးရေ ၈၀ ရာခိုင်နှုန်းကဟိန္ဒူဘာသာဝင်များ ဖြစ်သော်လည်း လူဦးရေသန်း ၁၄၀ က မွတ်စလင်များဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်မှာကလည်း မွတ်စလင် ၁၃၂ သန်းရှိနေသည်။ ထို အရေအတွက်ကပင် ကမ္ဘာ့မွတ်စလင်အရေအတွက်၏ ငါးပုံတစ်ပုံဖြစ်နေပါပြီ။မြန်မာကလည်း မတရားအနှိပ်စက်ခံနေရသော မွတ်စလင်လူနည်းစုရှိသည့်နိုင်ငံ ဖြစ်သည်။

အယ်လ်ကိုင်ဒါ၏ အစီအစဉ်ကျ ဆုံးမှာလား

ပါကစ္စတန်ဘက်မှာလည်း အခြေအနေက အားနည်းလာ သလို အိုင်အက်စ်အဖွဲ့ကလည်း အရှေ့အလယ်ပိုင်းကို လွှမ်းမိုးလာ သည့်အခါ အယ်လ်ကိုင်ဒါအနေ ဖြင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာလိုမထိတွေ့ရသောဒေသ များကို အင်အားစုရုံးရန် ကြိုးစား လာခြင်းဖြစ်သည်။

သို့ရာတွင် ထိုဒေသများက ပါကစ္စတန်လို အရှေ့အလယ်ပိုင်း က နိုင်ငံများအုပ်စု၏ ဩဇာအာ ဏာသက်ရောက်ခြင်းနည်းသည့် အပြင် ကိုယ်ပိုင်ယဉ်ကျေးမှုလည်း ရှိသည်။ ထို့အပြင် အိန္ဒိယလို နိုင်ငံ မျိုးတွင် ဒီမိုကရေစီအားကောင်း သဖြင့် အစ္စလာမ်အုပ်စုများကို အထင်ကြီးသည့် အုပ်စုများသည် အစိုးရကို လွှမ်းမိုးနိုင်ခြင်းမရှိပါ။

ထို့ကြောင့် အယ်လ်ဇဝါဟီရီ ၏ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအပေါ် ထိုးဖောက်ရန်ကြိုး ပမ်းမှုက ကျရှုံးဖို့သာရှိပါသည်။ အယ်လဇဝါဟီရီက ထိုနိုင်ငံတွေ ကို ပါကစ္စတန်ကဲ့သို့ မှားယွင်းစွာ ယူဆနေခြင်းဖြစ်သည်။ ပြီးတော့ သူတို့သည် ဗွေဆော်ဦးအမှားတစ် ခုကိုလည်း လုပ်ခဲ့ပါသေးသည်။ ယင်းမှာ ပြီးခဲ့သောရက်ပိုင်း အတွင်း အမေရိကန်လေယာဉ် တင်သင်္ဘောတစ်စင်းထင်မှတ်ပြီး ပါကစ္စတန်စစ်သင်္ဘောတစ်စင်းကို ဝင်တိုက်ခဲ့သေးသည်။ တိုက်ခိုက် မှုမအောင်မြင်ဘဲ အကြမ်းဖက်သုံး ဦးသေဆုံးပြီး ခုနစ်ဦးအဖမ်းခံခဲ့ရ သည်။

ထို့ကြောင့် အယ်လ်ကိုင်ဒါ သည် အိုင်အက်စ်အဖွဲ့ပေါ်ပေါက် လာမှုကို ကြောက်ရွံ့ပြီး မနာလို နေဟန်ရှိပါသည်။ သို့ရာတွင် အယ်လ်ကိုင်ဒါအဖွဲ့သည် ခေါင်း ဆောင်အိုစမာဘင်လာဒင်ကို သုတ်သင်ပြီးနောက်ပိုင်း ကျရှုံး သွားခဲ့သည့် သူတို့၏အင်အားများ ကို ပြန်လန်ထူထောင်ရန် အတော် အားထုတ်ကြိုးပမ်းရဦးမည်ဖြစ်ပါ သည်။

(တိုင်းမ်မဂ္ဂဇင်းပါ နိုင်ငံရေးပညာ ရှင် ဂါဖာဟူစိန်၏ Why al Qaeda's expansion into India and Bangladesh will fail ဆောင်းပါးကို ကိုးကားရေးသား ထားပါသည်။)

7Day DAILY

အယ်လ်ကိုင်ဒါခေါင်းဆောင် အေမန်အယ်လ်ဇ၀ါဟီရီ (ဓာတ်ပုံ - အီးပီအေ)
အယ်လ်ကိုင်ဒါခေါင်းဆောင် အေမန်အယ်လ်ဇ၀ါဟီရီ (ဓာတ်ပုံ - အီးပီအေ)
အိုင်အက်စ်အိုင်အက်စ် ဟု အတိုကောက်ခေါ် ကြ သည့်  အစ္စလာမ် မစ်ကိုယ်ပိုင်နိုင်ငံအဖွဲ့သည် လ အနည်းငယ် အချိန်တိုအတွင်း ၎င်းတို့၏ ကိုယ်ပိုင်နိုင်ငံကို ထူထောင်သည်။ ထို့နောက်ဆိုရှယ် မီဒီယာ စာမျက်နှာတွေကနေ စည်း ရုံးရေးဆင်းကာ ဥရောပနှင့် အနောက်အာဖရိကမှ လူငယ် နိုင်ငံခြားသား တိုက်ခိုက် သူများ ဈေးကွက်ကို တစ်ဦးတည်းအပိုင်စီးရယူလာနေပါသည်။

အနောက်နိုင်ငံသား သတင်း စာဆရာများ၊ စစ်သားများ၊ ကယ် ဆယ်ရေးလုပ်သားများကို ရက် စက်စွာလူသိထင်ရှားခေါင်းဖြတ် သတ်ခဲ့ပြီး အမေရိကန်သမ္မတအို ဘားမားထံသို့ သူတို့၏ ကြေညာ ချက်ကိုပေးပို့ခြင်းဖြင့် အိုင်အက်စ် အဖွဲ့သည် ကမ္ဘာပေါ်တွင် အဓိက မွတ်စလင်အကြမ်းဖက်အဖွဲ့ ဂျီ ဟတ်အုပ်စုအဖြစ် သူတို့ကိုယ်သူ တို့ စတင်ပုံစံဖော်ထူထောင်လာခဲ့ ပါသည်။ ထိုအချက်ကြောင့် အယ်လ်ကိုင်ဒါအကြမ်းဖက်အုပ်စု အနေဖြင့် အိုင်အက်စ်အဖွဲ့ကို ကြိုးစားအမီလိုက်ရန် ဖြစ်လာစေ သည်။

ထို့ကြောင့် ယခုအခါ အယ်လ်ကိုင်ဒါအဖွဲ့က တိုက်ခိုက်မှုများပြန်လည်ပြုလုပ်လာပြီး သူတို့၏ နာမည်သိက္ခာကိုပြန်လည် ရယူတည်ထောင်လိုသောသဘော တွေ့မြင်နေရသည်။ ပြီးခဲ့သည့် နှစ်ပတ်ကျော်ကထွက်ပေါ်ခဲ့သော ၅၅ မိနစ်ကြာဗီဒီယိုတွင် အယ်လ်ကိုင်ဒါ၏ လက်ရှိခေါင်းဆောင် အေမန်အယ်လ်ဇဝါဟီရီက ဂျီဟတ်အလံကိုလွှင့်ထူပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင် အစ္စလာမ်ဘာသာအရ အုပ်ချုပ်မှုတွေ ပျံ့နှံ့လာစေရမည်ဟု ကြွေးကြော်ခဲ့ပါသည်။

အဆိုပါဗီဒီယိုနှင့်ပတ်သက် ၍ အစိုးရအရာရှိများက အစစ် အမှန်ဟုတ်၊ မဟုတ် ဖော်ထုတ်ရန် ကြိုးစားနေချိန်တွင် အိန္ဒိယနိုင်ငံက ဒေသတွင်း ကြာရှည်စွာခြေကုပ် ယူရန်ပြင်ဆင်လာသည့် အယ်လ် ကိုင်ဒါများ၏ အစီအစဉ်အတွက် စိုးရိမ်မှုများ ကိုဖော်ပြခဲ့ပါသည်။

ကမ္ဘာ့သတင်းအတော်များ များတွင်အိုင်အက်စ်အဖွဲ့က နေရာ ယူစိုးမိုးထားချိန် အယ်လ်ဇဝါဟီရီ ၏ကြေညာ ချက်က အားလုံးကို အံ့အားသင့်စေခဲ့သည်။ လူများ က အယ်လ်ကိုင်ဒါအကြမ်းဖက် အဖွဲ့သည် တဖြည်းဖြည်း အားပျော့ လာပြီး ခေတ်မီသောလူငယ်အုပ် စုများက သူတို့နေရာအစားထိုး လာပြီဟု ယူဆနေကြသည်။

မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလား
ဒေ့ရှ်နိုင်ငံများသည် အယ်လ်ကိုင် ဒါများအတွက် နယ်မြေသစ်ဖြစ် လာခြင်းမှာ ထိုဒေသများတွင် မွတ် စလင်တွေအပေါ် တရားမျှတမှုမရှိ ခြင်းနှင့် ဖိနှိပ်ခြင်းတို့ကြောင့်ဖြစ် သည်ဟု အယ်လ်ဇဝါဟီရီကဆိုပါ သည်။

မွတ်စလင်ဒေသများ
၎င်း၏ဗီဒီယိုခွေတွင် အယ်လ် ဇဝါဟီရီက အိန္ဒိယနိုင်ငံ ဂူဂျာရတ်၊ အာသံနှင့် ကက်ရှ်မီးယားဒေသ များမှ မွတ်စလင်လူမျိုးများအပေါ် ဖိနှိပ်မှုများနှင့် မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်များက ဘင်္ဂါလီ (ဆောင်းပါး မူရင်းတွင် ရိုဟင်ဂျာ ဟု သုံးနှုန်းထားသည်) မွတ်စလင် များအပေါ် ဖိနှိပ်မှုများကို ကိုးကား ပြောကြားသွား သည်။ ဘင်္ဂလား ဒေ့ရှ်နှင့် မြန်မာသည် တစ်ချိန်က မွတ်စလင်ဒေသများဖြစ်ပြီး ရန်သူ များက သိမ်းပိုက်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။ ရှာရီရာ ဥပေဒဖြင့် မွတ်စလင် နိုင်ငံတော်ကို စတင်ရန်အတွက် ထိုဒေသရှိမွတ်စလင်လူမျိုးများ တိုးတက်ရန်နှင့် လွတ်မြောက်ရန် လိုသည်ဟု သူက ဝါဒဖြန့်ပါသည်။

သို့ရာတွင် အယ်လ်ဇဝါဟီရီ က ထိုဗီဒီယိုခွေကို အချိန်ကိုက် ထုတ်လွှင့်ရခြင်းမှာ ပြိုင်ဘက်အဖွဲ့ဖြစ်သော အိုင်အက်စ်အဖွဲ့ မရောက်ရှိနိုင်သောဒေသကို ဖြန့်ကြက်ကြိုးစားရယူလိုသည့် သဘောသာဖြစ်ပါသည်။ အိုင်အက်စ်အဖွဲ့က ကမ္ဘာနှင့်ချီပြီး လူသိများအောင်မြင်လာသည့်အချိန် အယ်လ်ကိုင်ဒါကလည်းသူနည်း သူ့ဟန်ဖြင့် ပြန်လည်ကြိုးစားမှု တစ်ခုဖြစ်ပါသည်။

အိုင်အက်စ်က အယ်လ်ကိုင် ဒါ မည်သည့်အခါမှမလုပ်နိုင်ခဲ့ သည့်အရာများကို စီမံခန့်ခွဲနိုင်ခဲ့ သည်။ အယ်လ်ကိုင်ဒါတို့က အနောက်နိုင်ငံများကိုသာ တစ်ခု တည်းအာရုံထားတိုက်ခိုက်သည်။  အကြမ်း
ဖက် အဖွဲ့အစည်းတစ်ခု ထက်မပိုချေ။ အိုင်အက်စ်က တော့ အစ္စလာမ်မစ်နိုင်ငံတစ်ခုအဖြစ်တည်ထောင်ရန် ကြိုးစားသည်။ ထို့အပြင် အယ်လ်ကိုင်ဒါ လုပ်နိုင်ခဲ့သည်ထက် အိုင်အက်စ်အဖွဲ့က နိုင်ငံခြားသားတိုက်ခိုက်သူများကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။

အယ်လ်ကိုင်ဒါများအတွက် ပို၍စိတ်ပူစရာကောင်းလာသည် ကား အိုင်အက်စ်သည် အယ်လ် ကိုင်ဒါလွှမ်းမိုးထားသည်ဆိုသော အုပ်စုအငယ်လေးများကိုပါ သိမ်း သွင်းလာခဲ့ခြင်းဖြစ်သည်။ မြောက် အာဖရိက,က အယ်လ်ကိုင်ဒါ ဂိုဏ်းခွဲဟုယူဆကြသည့် အယ်လ် ဂျီးယားအခြေစိုက်ကာလီဖိတ်ခေါ် အစ္စလာမ်နိုင်ငံ၏ စစ်သားများဆို သည့်အုပ်စုက မကြာသေးမီက သူတို့သည် အိုင်အက်စ်နှင့် မဟာ မိတ်ဟု ကြေညာခဲ့ပါသည်။

ထို့အပြင် အိန္ဒိယတိုက်ဘက် ကို အယ်လ်ကိုင်ဒါများက ရွှေ့ ပြောင်းနယ်ပယ်ချဲ့ထွင်လာရသည်မှာ အခြားမဟာဗျူဟာအရ အလားအလာကောင်းသော အချက်များကြောင့်လည်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံက လူဦးရေ ၈၀ ရာခိုင်နှုန်းကဟိန္ဒူဘာသာဝင်များ ဖြစ်သော်လည်း လူဦးရေသန်း ၁၄၀ က မွတ်စလင်များဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်မှာကလည်း မွတ်စလင် ၁၃၂ သန်းရှိနေသည်။ ထို အရေအတွက်ကပင် ကမ္ဘာ့မွတ်စလင်အရေအတွက်၏ ငါးပုံတစ်ပုံဖြစ်နေပါပြီ။မြန်မာကလည်း မတရားအနှိပ်စက်ခံနေရသော မွတ်စလင်လူနည်းစုရှိသည့်နိုင်ငံ ဖြစ်သည်။

အယ်လ်ကိုင်ဒါ၏ အစီအစဉ်ကျ ဆုံးမှာလား

ပါကစ္စတန်ဘက်မှာလည်း အခြေအနေက အားနည်းလာ သလို အိုင်အက်စ်အဖွဲ့ကလည်း အရှေ့အလယ်ပိုင်းကို လွှမ်းမိုးလာ သည့်အခါ အယ်လ်ကိုင်ဒါအနေ ဖြင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာလိုမထိတွေ့ရသောဒေသ များကို အင်အားစုရုံးရန် ကြိုးစား လာခြင်းဖြစ်သည်။

သို့ရာတွင် ထိုဒေသများက ပါကစ္စတန်လို အရှေ့အလယ်ပိုင်း က နိုင်ငံများအုပ်စု၏ ဩဇာအာ ဏာသက်ရောက်ခြင်းနည်းသည့် အပြင် ကိုယ်ပိုင်ယဉ်ကျေးမှုလည်း ရှိသည်။ ထို့အပြင် အိန္ဒိယလို နိုင်ငံ မျိုးတွင် ဒီမိုကရေစီအားကောင်း သဖြင့် အစ္စလာမ်အုပ်စုများကို အထင်ကြီးသည့် အုပ်စုများသည် အစိုးရကို လွှမ်းမိုးနိုင်ခြင်းမရှိပါ။

ထို့ကြောင့် အယ်လ်ဇဝါဟီရီ ၏ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအပေါ် ထိုးဖောက်ရန်ကြိုး ပမ်းမှုက ကျရှုံးဖို့သာရှိပါသည်။ အယ်လဇဝါဟီရီက ထိုနိုင်ငံတွေ ကို ပါကစ္စတန်ကဲ့သို့ မှားယွင်းစွာ ယူဆနေခြင်း ဖြစ်သည်။ ပြီးတော့ သူတို့သည် ဗွေဆော်ဦးအမှားတစ် ခုကိုလည်း လုပ်ခဲ့ပါသေးသည်။ ယင်းမှာ ပြီးခဲ့သော ရက်ပိုင်း အတွင်း အမေရိကန်လေယာဉ် တင်သင်္ဘောတစ်စင်းထင်မှတ်ပြီး ပါကစ္စတန် စစ်သင်္ဘော တစ်စင်းကို ဝင်တိုက်ခဲ့သေးသည်။ တိုက်ခိုက် မှုမအောင်မြင်ဘဲ အကြမ်းဖက်သုံး ဦးသေဆုံးပြီး ခုနစ်ဦး အဖမ်းခံခဲ့ရ သည်။

ထို့ကြောင့် အယ်လ်ကိုင်ဒါသည် အိုင်အက်စ်အဖွဲ့ပေါ်ပေါက် လာမှုကို ကြောက်ရွံ့ပြီး မနာလို နေဟန်ရှိပါသည်။ သို့ရာတွင် အယ်လ်ကိုင်ဒါအဖွဲ့သည် ခေါင်း ဆောင်အိုစမာဘင်လာဒင်ကို သုတ်သင်ပြီးနောက်ပိုင်း ကျရှုံး သွားခဲ့သည့် သူတို့၏အင်အားများ ကို ပြန်လန်ထူထောင်ရန် အတော် အားထုတ်ကြိုးပမ်းရဦးမည်ဖြစ်ပါ သည်။

(တိုင်းမ်မဂ္ဂဇင်းပါ နိုင်ငံရေးပညာ ရှင် ဂါဖာဟူစိန်၏ Why al Qaeda's expansion into India and Bangladesh will fail ဆောင်းပါးကို ကိုးကားရေးသား ထားပါသည်။)

7Day DAILY

No comments:

Post a Comment