Thursday 7 August 2014

ZMapp ဆေးဖြင့် အီဘိုလာရောဂါကုသရာတွင် လူနာများ အခြေအနေတိုးတက်

Photo: ZMapp ဆေးဖြင့် အီဘိုလာရောဂါကုသရာတွင် လူနာများ အခြေအနေတိုးတက်
Wednesday, August 6, 2014

လိုင်ဘေးရီးယားနိုင်ငံကနေ အီဘိုလာရောဂါ ကူးစက်ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား ၂ ဦးကို အီဘိုလာကုသဆေးတမျိုးနဲ့ စမ်းသပ်ကုသကြည့်တာမှာ တိုးတက်မှု ရှိတယ်လို့ သိရပါတယ်။

ZMapp လို့ခေါ်တဲ့ ဒီစမ်းသပ်ဆေးဟာ ရောဂါကို ဟန့်တားနိုင်တဲ့အစွမ်းရှိပြီး လူသားတွေမှာ ပထမဆုံး စမ်းသပ်တာလည်း ဖြစ်ပါတယ်။ အရင်ကတော့ မျောက်တွေကိုပဲ ဆေးထိုးစမ်းသပ်ခဲ့ဖူးတာ ဖြစ်ပါတယ်။

Ebolaအမေရိကန်ဆရာဝန် ကင်တ် ဘရန်တလေ (Kent Brantly)နဲ့ ဘာသာရေးဆရာမ နန်စီ ၀ှိုက်ဘိုလ် (Nancy Writebol)တို့ဟာ လိုင်ဘေးရီးယားနိုင်ငံမှာ ခရစ်ယာန်ဘာသာရေး လုပ်ငန်းတွေ သွားလုပ်ရင် ရောဂါကူးစက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်ကျန်းမာရေးဌာနက ဒေါက်တာ အန်တိုနီ ဖေယူစီ (Dr. Anthony Fauci)က စပ်သပ်ဆေးဟာ ရောဂါကို ထပ်မတိုးလာအောင် တန့်ထားနိုင်တဲ့အတွက် လူနာတွေ အခြေအနေ တိုးတက်နေတယ်လို့ သိရတယ်။

လူသားတွေပေါ် ပထမဆုံးစမ်းသပ်ကုသမှု ဖြစ်လို့ လုံးဝပျောက်မယ်၊ မပျောက်ဘူးပြောဖို့ အချိန်စောလွန်းသေးတယ်လို့ ပြောဆိုပါတယ်။

ZMapp ဆေးကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Scripps သုတေသန ဓာတ်ခွဲခန်းက ဖော်စပ်ခဲ့တာ ဖြစ်ပါတယ်။

သုတေသနအဖွဲ့ခေါင်းဆောင် ပါမောက္ခက “ဓာတ်ခွဲခန်းမှာ တကမ္ဘာလုံးက အီဘိုလာရောဂါ ကျွမ်းကျင်သူတွေ တနေရာတည်း၊ တချိန်တည်းမှာ အကောင်းဆုံးနဲ့ တခုတည်းသော ဆေးကို ဖော်ထုတ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေကြပါတယ်။ နောက် ၅ နှစ်အကြာမှာတော့ အီဘိုလာကုသဆေး တွေ့ပြီလို့ သေချာပေါက် ပြောနိုင်တော့မှာဖြစ်ပါတယ်” လို့ ပြောဆိုပါတယ်။

ဒေါက်တာ အန်တိုနီ ဖေယူစီကတော့ လောလောဆယ် လုပ်နိုင်တာကတော့ အနောက်အာဖရိကနိုင်ငံတွေမှာ နိမ့်ကျနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်သင့်တယ်လို့ ပြောဆိုပါတယ်။

အမေရိကန်သမ္မတ အိုဘားမားကလည်း အီဘိုလာကုသဆေးနဲ့ ပတ်သက်ပြီး ပြောဆိုဖို့ အချိန် စောနေသေးပြီး အီဘိုလာရောဂါဟာ ထိန်းချုပ်နိုင်တဲ့ရောဂါ ဖြစ်လို့ ရောဂါထိန်းချုပ်နိုင်ရေး၊ လူထုကျန်းမာရေးစောင့်ရှောက်မှုတွေကို အာရုံစိုက်လုပ်ကိုင်ဖို့ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ အခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း အစည်းအဝေး ကျင်းပနေပြီး အီဘိုလာရောဂါကို ကမ္ဘာ့ကပ်ရောဂါဆိုး သတ်မှတ်သင့်၊ မသတ်မှတ်သင့် ဆုံးဖြတ်မယ်လို့ သိရပါတယ်။

ဒီဗွီဘီ
လိုင်ဘေးရီးယားနိုင်ငံကနေ အီဘိုလာရောဂါ ကူးစက်ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား ၂ ဦးကို အီဘိုလာ ကု သဆေး တမျိုးနဲ့ စမ်းသပ်ကုသကြည့်တာမှာ တိုးတက်မှု ရှိတယ်လို့ သိရပါတယ်။
ZMapp လို့ခေါ်တဲ့ ဒီစမ်းသပ်ဆေးဟာ ရောဂါကို ဟန့်တားနိုင်တဲ့အစွမ်းရှိပြီး လူသားတွေမှာ ပထမဆုံး စမ်းသပ်တာလည်း ဖြစ်ပါတယ်။ အရင်ကတော့ မျောက်တွေကိုပဲ ဆေးထိုးစမ်းသပ်ခဲ့ဖူးတာ ဖြစ်ပါတယ်။

Ebolaအမေရိကန်ဆရာဝန် ကင်တ် ဘရန်တလေ (Kent Brantly)နဲ့ ဘာသာရေးဆရာမ နန်စီ ၀ှိုက်ဘိုလ် (Nancy Writebol)တို့ဟာ လိုင်ဘေးရီးယားနိုင်ငံမှာ ခရစ်ယာန်ဘာသာရေး လုပ်ငန်းတွေ သွားလုပ် ရင် ရော ဂါ ကူးစက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်ကျန်းမာရေးဌာနက ဒေါက်တာ အန်တိုနီ ဖေယူစီ (Dr. Anthony Fauci)က စပ်သပ်ဆေး ဟာ ရော ဂါကို ထပ်မတိုးလာအောင် တန့်ထားနိုင်တဲ့အတွက် လူနာတွေ အခြေအနေ တိုးတက်နေတယ်လို့ သိရတယ်။

လူသားတွေပေါ် ပထမဆုံးစမ်းသပ်ကုသမှု ဖြစ်လို့ လုံးဝပျောက်မယ်၊ မပျောက်ဘူးပြောဖို့ အချိန်စော လွန်းသေး တယ်လို့ ပြောဆိုပါတယ်။

ZMapp ဆေးကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Scripps သုတေသန ဓာတ်ခွဲခန်း က ဖော်စပ်ခဲ့တာ ဖြစ်ပါတယ်။

သုတေသနအဖွဲ့ခေါင်းဆောင် ပါမောက္ခက “ဓာတ်ခွဲခန်းမှာ တကမ္ဘာလုံးက အီဘိုလာရောဂါ ကျွမ်းကျင် သူတွေ တနေရာတည်း၊ တချိန်တည်းမှာ အကောင်းဆုံးနဲ့ တခုတည်းသော ဆေးကို ဖော်ထုတ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေကြပါတယ်။ နောက် ၅ နှစ်အကြာမှာတော့ အီဘိုလာကုသဆေး တွေ့ပြီလို့ သေ ချာပေါက် ပြောနိုင်တော့မှာဖြစ်ပါတယ်” လို့ ပြောဆိုပါတယ်။

ဒေါက်တာ အန်တိုနီ ဖေယူစီကတော့ လောလောဆယ် လုပ်နိုင်တာကတော့ အနောက်အာဖရိကနိုင်ငံတွေ မှာ နိမ့်ကျနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်သင့်တယ်လို့ ပြောဆိုပါတယ်။

အမေရိကန်သမ္မတ အိုဘားမားကလည်း အီဘိုလာကုသဆေးနဲ့ ပတ်သက်ပြီး ပြောဆိုဖို့ အချိန် စောနေသေး ပြီး အီဘိုလာရောဂါဟာ ထိန်းချုပ်နိုင်တဲ့ရောဂါ ဖြစ်လို့ ရောဂါထိန်းချုပ်နိုင်ရေး၊ လူထုကျန်းမာရေးစော င့်ရှောက် မှုတွေ ကို အာရုံစိုက်လုပ်ကိုင်ဖို့ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ အခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း အစည်းအဝေး ကျင်းပနေပြီး အီဘိုလာရောဂါကို ကမ္ဘာ့ကပ်ရောဂါဆိုး သတ်မှတ်သင့်၊ မသတ်မှတ်သင့် ဆုံးဖြတ်မယ်လို့ သိရပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment