Thursday 7 August 2014

" လိုင်ဇာအပြန် - မြစ်ကြီးနားအကြို ညှိနှိုင်းပွဲ "

Photo: " လိုင်ဇာအပြန် - မြစ်ကြီးနားအကြို ညှိနှိုင်းပွဲ "
Thursday, August 7, 2014

၂၀၁၄ခုနှစ် သြဂုတ်လ (၃)ရက်နေ့က မြစ်ကြီးနားမြို့မှာ လိုင်ဇာညီလာခံက အပြန် ဦးနိုင်ဟံသာ၊ ဦးကွယ်ထူးဝင်း ဦးဆောင်တဲ့ NCCT ကိုယ်စားလှယ်(၁၂)ဦး နှင့် အလုပ်အဖွဲ့ TAT ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်း၊ ဒုဥက္ကဌ ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နှင့် Myanmar Peace Center (MPC) အလုပ် အဖွဲ့ဝင်များက တွေ့ဆုံပြီး အလွတ်သဘော ဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဖက်မှ အပြုသဘောဆောင်ပြီး ယုံကြည်မှု ပိုမိုတည်ဆောက်ရေး အတွက်လည်း ပါဝင်ပါတယ်။

နေ့လည် ၁း၃၀ မှ ၅း၀၀ အထိ ဆွေးနွေးခဲ့ကြပြီး၊ ၂၀၁၄ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ရန်ကုန်မြို့ Myanmar Peace Center မှာ ကျင်းပမဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် Single Text အချောသတ်နိုင်ရေးကို NCCT-UPWC တို့ ဆက်လက်ဆွေးနွေးကြရန် သဘောတူခဲ့ကြပါ တယ်။ ( May 2nd Draft အပြီးမှာတော့ ဆက်လက် ညှိနှိုင်းရန် (၃၁)ချက် ကျန်ရှိ နေပါတယ်။)
အလွတ်သဘော ဆွေးနွေးပွဲမှ လိုအပ်ပါက လာမည့်ဆွေးနွေးပွဲအတွက် အလုပ်အဖွဲ့အချင်းချင်း တွေ့ဆုံညှိနှိုင်းနိုင်ရန် နှင့် Nationwide Ceasefire Accord (NCA) ဆွေးနွေးနေသည် နှင့် တပြိုင်တည်း မူဘောင်ဆိုင်ရာဆွေးနွေးပွဲ
( Framework for Political Dialogue) အတွက် ပြင်ဆင်သည့် ပြင်ဆင်ရေး ဆွေးနွေးပွဲများကို ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။ (ဆုံးဖြတ်ချက် ချရန် မဟုတ်ပဲ စတင် ပြင်ဆင်ရန်သာဖြစ်ပါသည်။)

UPWC ဒုဥက္ကဌ ဝန်ကြီးဦးအောင်မင်းအနေဖြင့်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများကို ဖိတ်ကြားရှင်းပြရန် နှင့် အပြန်အလှန်ဆွေးနွေးနိုင်ရန် သြဂုတ်လ ဒုတိယအပတ်အတွင်း Myanmar Peace Center မှာဆောင်ရွက်နိုင်ဘို့ ဖိတ်ကြားရေး အတွက် ပြင်ဆင်လျှက်ရှိပါသည်။
NCCT-UPWC ဆွေးနွေးပွဲအပြီးတွင်လည်း NCCT-UPWC နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်တစ်ချို့ အလွတ်သဘော တွေ့ဆုံပြီး Framework for Political Dialogue ကို စတင် ဆွေးနွေးနိုင်ဖို့ကိုလည်း မျှော်လင့်ရပါတယ်(ဒီဆွေးနွေးပွဲသည်လည်း ပြင်ဆင်ရေးအတွက်သာ ဖြစ်ဖွယ်ရှိပြီး၊ ဆုံးဖြတ်ချက်များချရန် အတွက် မဟုတ်ဘူးကို နားလည်မိပါတယ်။)

အခုအထိ UPWC-NCCT (၂)ဖက် အရေးအကြီးဆုံး သဘောတူညီချက်ကတော့
(က) NCA လက်မှတ်ရေးထိုးပြီး ရက်ပေါင်း (၆၀) အတွင်း Framework Meeting ဆောင်ရွက်ရန်နှင့်
(ခ) NCA လက်မှတ်ရေးထိုးပြီး ရက်ပေါင်း(၉၀) အတွင်း ပါဝင်သင့် ပါဝင်ထိုက်တဲ့ လူများပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲပြီး (Political Dialogue) ကို ဆောင်ရွက်ရန်ဖြစ်ပါတယ်။

ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်များဖက်မှ ပူပန်မှုကို ပြည်ထောင်စုဖက်မှ နားလည် သဘောတူပေးတာဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများအတွက် အာမခံချက် ပေးတာလဲ ဖြစ်ပါတယ်။ အခုဆွေးနွေးရင်း နဲ့ နှစ်ဖက် အတွေ့အကြုံပိုရှိလာပါပြီ၊ Framework Meeting အချိန်မှီ ပြီးစီးနိုင်မှ နိုင်ငံရေးဆွေးနွေးပွဲတွေကို သဘော တူညီချက် အတိုင်း စနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် ပြင်ဆင်ရေး၊ ညှိနှိုင်းရေးဆွေးနွေးပွဲတွေလုပ်ရမယ်ဆိုတာ နှစ်ဖက်လုံးက သဘောတူညီဖြစ်ပါတယ်။ ဒီလို စတင်လာနိုင် မှာ ကိုလည်း နိုင်ငံသားတစ်ဦးအနေဖြင့် ကျနော် ကြိုဆိုပါတယ်။ ခေါင်းဆောင်များ အားလုံးကို ကျေးဇူးတင်ပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲများမှ အများစု ဆွေးနွေးဆုံးဖြတ်နိုင်ကြမည့်၊ နိုင်ငံရေး သဘောတူညီမှုများ ထွက်လာမှာပါ။ ဒါဟာ ရေရှည်ငြိမ်းချမ်းရေး တည်တန့် ခိုင်ခန့်ဖို့ အပြင် အားလုံးလိုချင်တဲ့ တန်းတူ ညီမျှမှု၊ အတူယှဉ်တွဲ နေထိုင် နိုင်ကြမဲ့ ဒီမိုကရေစီနိုင်ငံအတွက် နိုင်ငံရေး ပဋိဥာဉ် (Political Pact) တွေ ဖြစ်လာမယ်လို့ ယုံကြည် ပါတယ်။ ဒီ ပဋိဥာဉ် ကို အောင်မြင်အောင်ဆက်လက် အကောင်အထည် ဖော်နိုင်မှ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်မှာပါ။

ခရီးကတော့ ခရီးရှည်ပါ။ ကျွန်တော်တို့ ခင်ဗျားတို့ နိုင်ငံသားအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြမှ လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မှာပါ။ မြစ်ကြီးနားက အပြန်မှာ ဆန္ဒပြုလိုတာက အားလုံး အပြုသဘောနဲ့ ပါဝင်နိုင်ကြဖို့ပါ။

သတင်းဓါတ်ပုံ - Hla Maung Shwe
၂၀၁၄ခုနှစ် သြဂုတ်လ (၃)ရက်နေ့က မြစ်ကြီးနားမြို့မှာ လိုင်ဇာညီလာခံက အပြန် ဦးနိုင်ဟံသာ၊ ဦးကွယ် ထူးဝင်း ဦးဆောင်တဲ့ NCCT ကိုယ်စားလှယ်(၁၂)ဦး နှင့် အလုပ်အဖွဲ့ TAT ကို ပြည်ထောင်စု ငြိမ်းချမ်းေ ရး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်း၊ ဒုဥက္ကဌ ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ မြောက် ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နှင့် Myanmar Peace Center (MPC) အလုပ် အဖွဲ့ဝင်များက တွေ့ဆုံပြီး အလွတ်သဘော ဆွေးနွေးခဲ့ ပါသည်။ ပြည်ထောင်စု ဖက်မှ အပြုသဘောဆောင်ပြီး ယုံကြည်မှု ပိုမိုတည်ဆောက်ရေး အတွက်လည်း ပါဝင် ပါတယ်။
နေ့လည် ၁း၃၀ မှ ၅း၀၀ အထိ ဆွေးနွေးခဲ့ကြပြီး၊ ၂၀၁၄ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ရန်ကုန်မြို့ Myanmar Peace Center မှာ ကျင်းပမဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေးအတွက် Single Text အချောသတ်နိုင်ရေးကို NCCT-UPWC တို့ ဆက်လက်ဆွေးနွေး ကြ ရန် သဘောတူခဲ့ကြပါ တယ်။ ( May 2nd Draft အပြီးမှာတော့ ဆက်လက် ညှိနှိုင်းရန် (၃၁)ချက် ကျန်ရှိ နေပါတယ်။)

အလွတ်သဘော ဆွေးနွေးပွဲမှ လိုအပ်ပါက လာမည့်ဆွေးနွေးပွဲအတွက် အလုပ်အဖွဲ့ အချင်းချင်း တွေ့ဆုံ ညှိနှိုင်းနိုင် ရန် နှင့် Nationwide Ceasefire Accord (NCA) ဆွေးနွေးနေသည် နှင့် တပြိုင်တည်း မူဘောင်ဆိုင်ရာဆွေးနွေးပွဲ ( Framework for Political Dialogue) အတွက် ပြင်ဆင်သည့် ပြင် ဆင်ရေး ဆွေးနွေးပွဲ များကို ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။ (ဆုံးဖြတ်ချက် ချရန် မဟုတ်ပဲ စတင် ပြင်ဆင်ရန်သာဖြစ်ပါသည်။)

UPWC ဒုဥက္ကဌ ဝန်ကြီးဦးအောင်မင်းအနေဖြင့်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများကို ဖိတ်ကြားရှင်းပြ ရန် နှင့် အပြန်အလှန်ဆွေးနွေးနိုင်ရန် သြဂုတ်လ ဒုတိယအပတ်အတွင်း Myanmar Peace Center မှာဆောင်ရွက်နိုင်ဘို့ ဖိတ်ကြားရေး အတွက် ပြင်ဆင်လျှက်ရှိပါသည်။ 

NCCT-UPWC ဆွေးနွေးပွဲအပြီးတွင်လည်း NCCT-UPWC နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်တစ်ချို့ အလွတ်သဘော တွေ့ဆုံပြီး Framework for Political Dialogue ကို စတင် ဆွေးနွေးနိုင်ဖို့ကို လည်း မျှော်လင့်ရပါတယ်(ဒီဆွေးနွေးပွဲသည်လည်း ပြင်ဆင်ရေးအတွက်သာ ဖြစ်ဖွယ်ရှိပြီး၊ ဆုံးဖြတ်ချက်များ ချ ရန် အတွက် မဟုတ်ဘူးကို နားလည်မိပါတယ်။)

အခုအထိ UPWC-NCCT (၂)ဖက် အရေးအကြီးဆုံး သဘောတူညီချက်ကတော့ (က) NCA လက်မှတ်ရေး ထိုးပြီး ရက်ပေါင်း (၆၀) အတွင်း Framework Meeting ဆောင်ရွက်ရန်နှင့် (ခ) NCA လက်မှတ်ရေး ထိုးပြီး ရက်ပေါင်း(၉၀) အတွင်း ပါဝင်သင့် ပါဝင်ထိုက်တဲ့ လူများပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲပြီး (Political Dialogue) ကို ဆောင်ရွက်ရန်ဖြစ်ပါတယ်။

ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်များဖက်မှ ပူပန်မှုကို ပြည်ထောင်စုဖက်မှ နားလည် သဘောတူပေးတြာ ဖစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများအတွက် အာမခံချက် ပေးတာလဲ ဖြစ်ပါတယ်။ အခုဆွေးနွေးရင်း နဲ့ နှစ်ဖက် အတွေ့အကြုံပိုရှိလာပါပြီ၊ Framework Meeting အချိန်မှီ ပြီးစီးနိုင်မှ နိုင်ငံရေးဆွေးနွေးပွဲတွေကို သဘော တူညီချက် အတိုင်း စနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် ပြင်ဆင်ရေး၊ ညှိနှိုင်းရေးဆွေးနွေးပွဲတွေလုပ်ရ မယ်ဆို တာ နှစ်ဖက်လုံးက သဘောတူညီဖြစ်ပါတယ်။ ဒီလို စတင်လာနိုင် မှာ ကိုလည်း နိုင်ငံသားတစ်ဦး အနေဖြင့် ကျနော် ကြိုဆိုပါတယ်။ ခေါင်းဆောင်များ အားလုံးကို ကျေးဇူးတင်ပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲများမှ အများစု ဆွေးနွေးဆုံးဖြတ်နိုင်ကြမည့်၊ နိုင်ငံရေး သဘောတူညီမှုများ ထွက်လာမှာပါ။ ဒါဟာ ရေရှည်ငြိမ်းချမ်းရေး တည်တန့် ခိုင်ခန့်ဖို့ အပြင် အားလုံးလိုချင်တဲ့ တန်းတူ ညီမျှမှု၊ အတူယှဉ်တွဲ နေထိုင် နိုင်ကြမဲ့ ဒီမိုကရေစီနိုင်ငံအတွက် နိုင်ငံရေး ပဋိဥာဉ် (Political Pact) တွေ ဖြစ်လာ မယ်လို့ ယုံကြည် ပါတယ်။ ဒီ ပဋိဥာဉ် ကို အောင်မြင်အောင်ဆက်လက် အကောင်အထည် ဖော်နိုင်မှ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်မှာပါ။

ခရီးကတော့ ခရီးရှည်ပါ။ ကျွန်တော်တို့ ခင်ဗျားတို့ နိုင်ငံသားအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြမှ လိုချင်တဲ့ ပန်းတိုင် ကို ရောက်နိုင်မှာပါ။ မြစ်ကြီးနားက အပြန်မှာ ဆန္ဒပြုလိုတာက အားလုံး အပြုသဘောနဲ့ ပါဝင်နိုင်ကြ ဖို့ပါ။

သတင်းဓါတ်ပုံ - Hla Maung Shwe

No comments:

Post a Comment