Thursday 7 August 2014

ကျန်းမာရေးကောင်းရန် ကြက်သွန်ဖြူ နေ့စဉ် စားပါ

ကြက်သွန်ဖြူတွင်ပါဝင်သော ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားများကာကွယ်နိုင်သော အာနိသင်များသည် ကိုယ်ခံအားကိုတိုးမြှင့်ပေးနိုင်ပြီး ကျန်းမာလန်းဆန်းစေနိုင်သည်။ ကြက်သွန်ဖြူဖြင့်ဖော်စပ် ထားသော ဆေး ဝါး များ ကို သာမန်အအေးမိတုပ်ကွေးရောဂါများကာကွယ်ရန် ဆရာဝန်များ အသုံးပြုသည်။ အနံ့အသက် အလွန်မထွက်ဘဲ ကြက်သွန်ဖြူစားနိုင်သော နည်းလမ်းများကိုဖော်ပြလိုက်ပါသည်။
ဟင်းချိုရည်များတွင် ကြက်သွန်ဖြူထည့်၍ စားသုံးနိုင်သည်။ အိမ်တွင်ချက်ပြုတ်သော ဟင်းသီးဟင်းရွက်၊ ဟင်းချို (သို့မဟုတ်)ကြက် စွပ်ပြုတ်များတွင် ကြက်သွန်ဖြူထည့်ခြင်းဖြင့် အနံ့အရသာအတွက် သာမက ပိုးသတ်နိုင်သောအကျိုးကျေးဇူးပါရရှိနိုင်သည်။

ကြက်သွန်ဖြူကို ဖျော်ရည်အဖြစ်ပြုလုပ်သောက်နိုင်သည်။ ရေသုံး ခွက်ခန့်ကို ဒယ်အိုးထဲထည့်၍ ကြက်သွန်ဖြူ အမြွှာ ငါးမြွှာကိုပါ တစ်ပါတည်းထည့်ပြီးနောက် အဖုံးပိတ်၍ ရေဆူအောင်တည်ပါ။ ထို့နောက် မီးလျှော့ လိုက်ပြီး ပျားရည်နှစ်ဇွန်းနှင့် သံပရာသီးတစ်လုံးစာ အချဉ်ရည်ထည့်ပြီး သမအောင်မွှေလိုက်ပါက ကျန်းမာရေး အတွက် အလွန်ကောင်းသော ကြက်သွန်ဖြူဖျော်ရည်ကိုရနိုင်ပါသည်။

အအေးမိခြင်းတာရှည်နေပါကလည်း ကြက်သွန်ဖြူတစ်လုံးကို ရှလကာရည် (Vinegar)ထဲ စိမ်ထား ပြီးသောက် သုံးပါက ချက်ချင်းသက်သာသည်။ ကြက်သွန်ဖြူဥကြီးတစ်လုံး (၁၅ မြွှာခန့်)ကို နုပ်နုပ်စဉ်း၍ အနေတော်ပန်းကန်လုံးထဲတွင် ထက်ဝက်ခန့်ထည့်ထားသော ရှလကာရည်ထဲထည့်ကာ တစ်နာရီခန့် အဖုံးအုပ် ထားလိုက်ပါ။  ကြက်သွန်ဖြူ၏ အာနိသင်များကို ရှလကာရည်က စုပ်ယူထားလိုက်ပြီဖြစ်၍ တာ ရှည်နေသော  အအေးမိခြင်း ချက်ချင်းသက်သာရန် ရေစစ်ဖြင့်ကြက်သွန်ဖြူဖတ်များ ဖယ်ရှားပြီးကျန်ရှိသော အရသာပြင်းသည့် အရည်ကို သောက်သုံးနိုင်သည်။ သို့မဟုတ်ပါကလည်း ရှလကာရည် အသုံးပြုသော အခြားဟင်းအမည်များတွင်ထည့်သွင်းအသုံးပြုနိုင်သည်။ အချဉ်ရည်အဖြစ်လည်း စားသုံးနိုင်သည်။

7Day DAILY

No comments:

Post a Comment