Thursday 7 August 2014

Telenor က ဖုန်းခေါ်ခကို တစ်မိနစ်လျှင် ၂၅ ကျပ်သာသတ်မှတ်

Photo: Telenor က ဖုန်းခေါ်ခကို တစ်မိနစ်လျှင် ၂၅ ကျပ်သာသတ်မှတ်
Thursday, August 7, 2014

Telenor ဆင်းမ်ကတ်ဖြင့် တခြား မိုဘိုင်းဆက်သွယ်ရေးလိုင်းများသို့ ဖုန်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်သာ သတ်မှတ်ထားပြီး ယင်းဈေးနှုန်း ထက်ပို မည်မဟုတ်ကြောင်း Telenor Myanmar ၏ စီအီးအိုဖြစ်သူက သြဂုတ် 
၎ ရက်တွင် ကျင်းပသော NetMonday အစီအစဉ် ၌ အတည်ပြုပြောသည်။

''တယ်လီနောအနေနဲ့ ဆင်းမ်ကတ် တွေကို ကျပ် ၁၅ဝဝ တည်းနဲ့သာ ရောင်းချ ပေးသွားမှာဖြစ်ပြီး ဖုန်းခေါ်ဆိုခအနေနဲ့ အများဆုံး ၂၅ ကျပ်ပဲ သတ်မှတ်ထား ပါတယ်။ ဘယ်ကွန်ရက်ကိုပဲခေါ်ခေါ် ၂၅ကျပ်ကို အမြင့်ဆုံးသတ်မှတ်ထားပါ တယ်''ဟု ယင်းကပြောသည်။

တယ်လီနောဆင်းမ်ကတ်များကို ရောင်းချရန် စက်တင်ဘာလအစတွင် သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များ တွင်သာ ဆင်းမ်ကတ်များ စတင်ရောင်း ချသွားမည်ဖြစ်ကြောင်းသိရသည်။

တယ်လီနောဆင်းမ်ကတ်အသုံး ပြုသူအနေဖြင့် 2G နှင့် 3G Network နှစ်မျိုးစလုံးကို အသုံးပြုနိုင်မည်ဖြစ် သည့်အတွက် ဟန်းဆက်ရွေးချယ်ဝယ် ယူရာတွင် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း တယ်လီ နော မြန်မာမှသိရသည်။

အင်တာနက်မြန်နှုန်းမှာ အမြင့်ဆုံး 7Mbp အထိရရှိနိုင်မည်ဖြစ်ပြီး အသုံး ပြုခကောက်ခံရာတွင်လည်း Package အမျိုးအစား ခွဲခြားသတ်မှတ်၍အသုံး ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

တယ်လီနော၏ဆက်သွယ်ရေး နည်းပညာသည် 4G Network အထိ အလုပ်လုပ်နိုင်သော်လည်း မြန်မာနိုင်ငံ တွင် 4G နည်းပညာသုံး LTE ဖုန်းအ မျိုးအစားများကို ကိုင်ဆောင်နိုင်သူနည်း ပါးနေသည့်အတွက် နည်းပညာမြင့်ဟန်း ဆက်များကို တစ်နိုင်ငံလုံးအတိုင်းအတာနီးပါး အထိ အသုံးပြုလာနိုင်ပါက ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ထပ်မံသိ ရသည်။

လာမည့်စက်တင်ဘာလအတွင်း တယ်လီနောဆင်းမ်ကတ်များကို ဈေး ကွက်အတွင်း ဖြန့်ဝေသွားမည်ဖြစ်ပြီး ငါးနှစ်အတွင်း လူဦးရေ၏ ရာခိုင်နှုန်း ၉ဝ ခန့် မိုဘိုင်းဖုန်း ကိုင်ဆောင်အသုံးပြု နိုင်ရန်စီစဉ်ထားကြောင်း တယ်လီနော မြန်မာမှ သိရသည်။

Yangon Media Group
Telenor ဆင်းမ်ကတ်ဖြင့် တခြား မိုဘိုင်းဆက်သွယ်ရေးလိုင်းများသို့ ဖုန်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်သာ သတ်မှတ်ထားပြီး ယင်းဈေးနှုန်း ထက်ပို မည်မဟုတ်ကြောင်း Telenor Myanmar ၏ စီအီးအိုဖြစ် သူက သြဂုတ် ၄ ရက်တွင် ကျင်းပသော NetMonday အစီအစဉ် ၌ အတည်ပြုပြောသည်။
''တယ်လီနောအနေနဲ့ ဆင်းမ်ကတ် တွေကို ကျပ် ၁၅ဝဝ တည်းနဲ့သာ ရောင်းချ ပေးသွားမှာဖြစ်ပြီး ဖုန်းခေါ် ဆိုခ အနေနဲ့ အများဆုံး ၂၅ ကျပ်ပဲ သတ်မှတ်ထား ပါတယ်။ ဘယ်ကွန်ရက်ကိုပဲခေါ်ခေါ် ၂၅ ကျပ်ကို အမြင့်ဆုံး သတ်မှတ်ထားပါ တယ်''ဟု ယင်းကပြောသည်။

တယ်လီနောဆင်းမ်ကတ်များကို ရောင်းချရန် စက်တင်ဘာလအစတွင် သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များ တွင်သာ ဆင်းမ်ကတ်များ စတင်ရောင်း ချသွားမည်ဖြစ်ကြောင်း သိရသည်။

တယ်လီနောဆင်းမ်ကတ်အသုံး ပြုသူအနေဖြင့် 2G နှင့် 3G Network နှစ်မျိုးစလုံးကို အသုံးပြုနိုင်မည်ဖြစ် သည့်အတွက် ဟန်းဆက်ရွေးချယ်ဝယ် ယူရာတွင် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ကြော င်း တယ်လီ နော မြန်မာမှသိရသည်။

အင်တာနက်မြန်နှုန်းမှာ အမြင့်ဆုံး 7Mbp အထိရရှိနိုင်မည်ဖြစ်ပြီး အသုံး ပြုခကောက်ခံရာတွင်လည်း Package အမျိုးအစား ခွဲခြားသတ်မှတ်၍အသုံး ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

တယ်လီနော၏ဆက်သွယ်ရေး နည်းပညာသည် 4G Network အထိ အလုပ်လုပ်နိုင်သော် လည်း မြန် မာနိုင်ငံ တွင် 4G နည်းပညာသုံး LTE ဖုန်းအ မျိုးအစားများကို ကိုင်ဆောင်နိုင်သူနည်း ပါးနေသည့်အတွက် နည်းပညာမြင့်ဟန်း ဆက်များကို တစ်နိုင်ငံလုံးအတိုင်းအတာနီးပါး အထိ အသုံးပြုလာနိုင်ပါ က ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း ထပ်မံသိ ရသည်။

လာမည့်စက်တင်ဘာလအတွင်း တယ်လီနောဆင်းမ်ကတ်များကို ဈေး ကွက်အတွင်း ဖြန့်ဝေသွားမည်ဖြစ်ပြီး ငါးနှစ်အတွင်း လူဦးရေ၏ ရာခိုင်နှုန်း ၉ဝ ခန့် မိုဘိုင်းဖုန်း ကိုင်ဆောင်အသုံးပြု နိုင်ရန်စီစဉ်ထားကြောင်း တယ်လီနော မြန်မာမှ သိရသည်။

Yangon Media Group

No comments:

Post a Comment