Thursday 7 August 2014

မိဘများကို သတ်ဖြတ်ပြီး အလောင်းဖျက် မီးကင်ခဲ့ကြောင်း ဟောင်ကောင် အမျိုးသားတစ်ဦး ဝန်ခံ

Photo: မိဘများကို သတ်ဖြတ်ပြီး အလောင်းဖျက် မီးကင်ခဲ့ကြောင်း ဟောင်ကောင် အမျိုးသားတစ်ဦး ဝန်ခံ
Thursday, August 7, 2014

မိဘနှစ်ပါးကို သတ်ဖြတ်ပစ်ပြီး အလောင်းများကို ဖြတ်တောက်ခုတ်ထစ် မီးကင်ကာ အစဖျောက်ရန် ကြိုးစားခဲ့မှုအတွက် စွဲချက်တင် ခံထားရသည့် ဟောင်ကောင် အမျိုးသား တစ်ဦးသည် တရားရုံးတွင် ၎င်း၏ ပြစ်မှုကို ဝန်ခံချက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

အသက်(၃၀)အရွယ်ရှိ ဟင်နရီချောင်သည် ဩဂုတ်(၆)ရက်၊ တရားရုံး ကြားနာ စစ်ဆေးမှုအတွင်း စွဲချက်များကို ဝန်ခံခဲ့ခြင်း ဖြစ်သည်။ ချောင်သည် သူငယ်ချင်းဖြစ်သူ ဇီချွန်ကိုင်နှင့်အတူ မိဘနှစ်ပါးကို သတ်ဖြတ်ပြီး အလောင်းများကို ခုတ်ထစ် ဖြတ်တောက်ကာ မီးကင်ခဲ့ကြောင်း တရားလို ရှေ့နေများက ပြောကြားခဲ့သည်။ 

ချောင်သည် ပြီးခဲ့သည့်နှစ်၊ မတ်လက မိဘနှစ်ပါးဖြစ်သည့် အသက်(၆၅)နှစ်အရွယ် ချောင်ဝင်ကီနှင့် ဆူယွတ်ယီတို့ ပျောက်ဆုံးနေကြောင်း ရဲထံ တိုင်ကြားခဲ့သည်။ ရဲများက အဆိုပါ ဇနီးမောင်နှံကို နောက်ဆုံးတွေ့မြင်လိုက်ရသည့် တိုက်ခန်းတစ်ခုကို သတင်းအရ ရှာဖွေရင်း ရေခဲသေတ္တာထဲတွင် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို တွေ့ရှိခဲ့သည်။ ယင်းတို့ကို DNA ဖြင့် တိုက်ဆိုင်စစ်ဆေးရာ ချောင်၏ မိဘနှစ်ပါးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ချောင်က မိမိသည် စိတ်ဓာတ်ရေးရာ ချွတ်ခြုံကျလုနီးပါး ဆိုးရွားခဲ့ပြီး မိဘနှစ်ပါးနှင့် ပတ်သက်၍ ၎င်း၏ စိတ်ခံစားချက်သည်လည်း တစ်နေ့ထက်တစ်နေ့ အခြေအနေ ဆိုးလာခဲ့ကြောင်း ထွက်ဆိုသည်။ ၎င်း၏ အမြင်တွင် မိဘနှစ်ပါးသည် အသုံးမဝင်သူများသဖွယ် ဖြစ်ခဲ့ကြောင်း ချောင်က ပြောကြားခဲ့သည်။ ချောင်နှင့် ဇီတို့သည် လူနှစ်ဦးကို သတ်ဖြတ်မည့် အစီအစဉ်အတွက် (၃)လမျှ အချိန်ယူ အကောင်အထည် ဖော်ခဲ့ကြသည်။ ထိုအတောအတွင်း သူငယ်ချင်း နှစ်ဦးသည် ဓားများ၊ ရေခဲသေတ္တာများ၊ မိုက်ခရိုဝေ့ မီးဖိုများကို ဝယ်ယူထားခဲ့သည်။
ချောင်သည် မိဘများကို သတ်ဖြတ်ပြီးနောက် အလောင်းများကို ခုတ်ထစ်ပိုင်းဖြတ်ကာ ဦးခေါင်းနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ရေခဲသေတ္တာထဲတွင် အေးခဲထားစေခဲ့သည်။ ရေခဲသေတ္တာ မဆံ့တော့သည့်အခါ ကျန်အစိတ်အပိုင်းများကို အသားကင်သဖွယ် ပြုလုပ်ပြီး ထမင်းဘူးများထဲ ပုံဖျက်ထည့်သွင်းကာ လွှင့်ပစ်ခဲ့ကြသည်။ ဟောင်ကောင် ဗဟိုတရားရုံးတွင် အဆိုပါအမှုအတွက် သက်သေ အထောက်အထားများကို တင်သွင်း ဖတ်ကြားခဲ့ရာတွင် ချောင်က မနှစ်မြို့ဖွယ် ရာဇဝတ်မှုကို လုပ်ဆောင်ပြီးချိန်၌ ရဲများကို လှည့်စားရန် စီစဉ်ထားခဲ့ကြောင်းလည်း ဖော်ပြပါရှိသည်။

“ငါ့မိဘတွေကို သတ်ပြီးချိန်မှာ လူပျောက်မှုနဲ့ ရဲတိုင်ထားမယ်၊ ပြီးရင် အလောင်းတွေရဲ့ အစိတ်အပိုင်းတွေကို နည်းနည်းချင်းစီ လွှင့်ပစ်မယ်”ဟု ၎င်းက အင်တာနက်တွင် ဇီနှင့် တိုင်ပင်ဆွေးနွေးရာ၌ ရေးသားထားကြောင်း သက်သေထွက်ချက်များက ဆိုသည်။ ၎င်းက Message တစ်ခုတွင် “ငါငယ်ငယ်တုန်းကနဲ့ လူပျိုဖော်ဝင်စ အချိန်တွေမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေအရ လူတွေရဲ့ နာကျင်မှုကို မစာနာနိုင်ဘူး”ဟုလည်း ရေးသားထားကြောင်း သိရသည်။
South China Morning Post သတင်းစာက ချောင်သည် လူသတ်မှုနှင့် အလောင်းဖျောက်ဖျက်မှုများအတွက် ဝန်ခံချက် ပေးထားပြီး ဇီကမူ ယင်းအမှုများ ကျူးလွန်ခြင်းမရှိဟု ငြင်းဆိုထားကြောင်း ဖော်ပြခဲ့သည်။ အဆိုပါအမှုကို ယခုလကုန်ပိုင်းတွင် အပြီးသတ် စီရင်ချက် ချမှတ်ဖြစ်ဖွယ် ရှိကြောင်းလည်း သတင်းရရှိသည်။

Ref: Channenlnewsasia3
7Day DAILY

ဟောင်ကောင်မြို့ကောင်းကင်ယံကို တွေ့ရစဉ်
ဟောင်ကောင်မြို့ကောင်းကင်ယံကို တွေ့ရစဉ်
မိဘနှစ်ပါးကို သတ်ဖြတ်ပစ်ပြီး အလောင်းများကို ဖြတ်တောက်ခုတ်ထစ် မီးကင်ကာ အစဖျောက်ရန် ကြိုးစား ခဲ့မှု အတွက် စွဲချက်တင် ခံထားရသည့် ဟောင်ကောင် အမျိုးသား တစ်ဦးသည် တရားရုံးတွင် ၎င်း၏ ပြစ်မှုကို ဝန်ခံချက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
အသက်(၃၀)အရွယ်ရှိ ဟင်နရီချောင်သည် ဩဂုတ်(၆)ရက်၊ တရားရုံး ကြားနာ စစ်ဆေးမှုအတွင်း စွဲချက် များကို ဝန်ခံခဲ့ခြင်း ဖြစ်သည်။ ချောင်သည် သူငယ်ချင်းဖြစ်သူ ဇီချွန်ကိုင်နှင့်အတူ မိဘနှစ်ပါးကို သတ်ဖြတ်ပြီး အလောင်းများကို ခုတ်ထစ် ဖြတ်တောက်ကာ မီးကင်ခဲ့ကြောင်း တရားလို ရှေ့နေများက ပြောကြားခဲ့သည်။

ချောင်သည် ပြီးခဲ့သည့်နှစ်၊ မတ်လက မိဘနှစ်ပါးဖြစ်သည့် အသက်(၆၅)နှစ်အရွယ် ချောင်ဝင်ကီနှင့် ဆူယွတ်ယီ တို့ ပျောက်ဆုံးနေကြောင်း ရဲထံ တိုင်ကြားခဲ့သည်။ ရဲများက အဆိုပါ ဇနီးမောင်နှံ ကို နောက် ဆုံးတွေ့မြင်လိုက်ရသည့် တိုက်ခန်းတစ်ခုကို သတင်းအရ ရှာဖွေရင်း ရေခဲသေတ္တာထဲတွင် လူ့ခန္ဓာကိုယ် အစိတ် အပိုင်းများကို တွေ့ရှိခဲ့သည်။ ယင်းတို့ကို DNA ဖြင့် တိုက်ဆိုင်စစ်ဆေးရာ ချောင်၏ မိဘနှစ် ပါးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ချောင်က မိမိသည် စိတ်ဓာတ်ရေးရာ ချွတ်ခြုံကျလုနီးပါး ဆိုးရွားခဲ့ပြီး မိဘနှစ်ပါးနှင့် ပတ်သက်၍ ၎င်း၏ စိတ်ခံစားချက်သည်လည်း တစ်နေ့ထက်တစ်နေ့ အခြေအနေ ဆိုးလာခဲ့ကြောင်း ထွက်ဆိုသည်။ ၎င်း၏ အမြင်တွင် မိဘနှစ်ပါးသည် အသုံးမဝင်သူများသဖွယ် ဖြစ်ခဲ့ကြောင်း ချောင်က ပြောကြားခဲ့သည်။ ချောင်နှင့် ဇီတို့သည် လူနှစ်ဦးကို သတ်ဖြတ်မည့် အစီအစဉ်အတွက် (၃)လမျှ အချိန်ယူ အကောင်အထည် ဖော် ခဲ့ကြသည်။ ထိုအတောအတွင်း သူငယ်ချင်း နှစ်ဦးသည် ဓားများ၊ ရေခဲသေတ္တာများ၊ မိုက်ခရိုဝေ့ မီးဖိုများကို ဝယ်ယူထားခဲ့သည်။

ချောင်သည် မိဘများကို သတ်ဖြတ်ပြီးနောက် အလောင်းများကို ခုတ်ထစ်ပိုင်းဖြတ်ကာ ဦးခေါင်းနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ရေခဲသေတ္တာထဲတွင် အေးခဲထားစေခဲ့သည်။ ရေခဲသေတ္တာ မဆံ့တော့ သည့်အခါ ကျန်အစိတ်အပိုင်းများကို အသားကင်သဖွယ် ပြုလုပ်ပြီး ထမင်းဘူးများထဲ ပုံဖျက်ထည့်သွင်းကာ လွှင့်ပစ်ခဲ့ကြသည်။ ဟောင်ကောင် ဗဟိုတရားရုံးတွင် အဆိုပါအမှုအတွက် သက်သေ အထောက်အထား များကို တင်သွင်း ဖတ်ကြားခဲ့ရာတွင် ချောင်က မနှစ်မြို့ဖွယ် ရာဇဝတ်မှုကို လုပ်ဆောင်ပြီးချိန်၌ ရဲများကို လှည့်စားရန် စီစဉ်ထားခဲ့ကြောင်းလည်း ဖော်ပြပါရှိသည်။

“ငါ့မိဘတွေကို သတ်ပြီးချိန်မှာ လူပျောက်မှုနဲ့ ရဲတိုင်ထားမယ်၊ ပြီးရင် အလောင်းတွေရဲ့ အစိတ်အပိုင်းတွေ ကို နည်းနည်းချင်းစီ လွှင့်ပစ်မယ်”ဟု ၎င်းက အင်တာနက်တွင် ဇီနှင့် တိုင်ပင်ဆွေးနွေးရာ ၌ ရေးသား ထားကြောင်း သက်သေထွက်ချက်များက ဆိုသည်။ ၎င်းက Message တစ်ခုတွင် “ငါငယ်ငယ်တုန်းကနဲ့ လူပျိုဖော်ဝင်စ အချိန်တွေမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေအရ လူတွေရဲ့ နာကျင်မှုကို မစာနာနိုင်ဘူး”ဟု လည်း ရေးသားထားကြောင်း သိရသည်။

South China Morning Post သတင်းစာက ချောင်သည် လူသတ်မှုနှင့် အလောင်းဖျောက်ဖျက်မှု များအတွက် ဝန်ခံချက် ပေးထားပြီး ဇီကမူ ယင်းအမှုများ ကျူးလွန်ခြင်းမရှိဟု ငြင်းဆို ထားကြောင်း ဖော်ပြ ခဲ့သည်။ အဆိုပါအမှုကို ယခုလကုန်ပိုင်းတွင် အပြီးသတ် စီရင်ချက် ချမှတ်ဖြစ်ဖွယ် ရှိကြောင်းလည်း သတင်းရရှိသည်။

Ref: Channenlnewsasia3
7Day DAILY

No comments:

Post a Comment