Thursday 7 August 2014

ဦးဆန်းဆင့်ရုံးချိန်းတွင် သက်သေအဖြစ် သာသနာရေးဒုဝန်ကြီးကို စစ်ဆေး

တရားစွဲဆိုခြင်းခံထားရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ ခြောက်ကြိမ်မြောက်ရုံးချိန်း တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် ပတ်သက်၍ တရားလိုပြသက်သေအဖြစ်  သာသနာရေး ဒုဝန်ကြီး ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
 ‘‘ပုဒ်မ ၁၂၄ (က) မှာက တရားလိုပြအဖြစ် သာသနာရေး ဒုဝန်ကြီးဦးမောင်မောင်ဌေးလာတယ်။ ဒီနေ့ အမှုမှာ တက်ရောက်လာတဲ့ သက်သေကိုစစ်တာပြီးတယ်။ အမှုကြီးကတော့ မပြီးသေးဘူး။ သက်သေ မကုန်သေးဘူး’’ဟု ဦးဆန်းဆင့်အမှုအား လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေဦးတင်ထွန်း က ပြော သည်။

ယင်းခြောက်ကြိမ်မြောက်ရုံး ချိန်းကို နံနက် ၁၀ နာရီဝန်းကျင်မှ စ၍ ခြောက်နာရီကျော်ကြာ စစ် ဆေးခဲ့သည်။ ထို့အပြင် နေ့လယ် တစ်နာရီဝန်းကျင်တွင် ဒုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် နှစ်ဦးရောက်ရှိလာပြီး ဒုဝန်ကြီး တစ်ဦးတည်းကိုသာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အခြားပုဒ်မတစ်ခု ဖြစ်သည့် အလွဲသုံးစားမှု (ပုဒ်မ ၄၀၉)အား  စစ်ဆေးရာတွင် ယခင်ရုံးချိန်း၌ စစ်ဆေးရန်ကျန်ရှိနေသေးသော လူသက်သေကို သြဂုတ်၆ ရက် ရုံးချိန်းတွင်စစ်ဆေးရာ ပြီးစီး သွားပြီဖြ စ်ကြော င်း ဦးတင်ထွန်းက ပြောသည်။

 ‘‘၄၀၉ က ဒီနေ့ဆိုစစ်တာ ပြီးသွားပြီ။  စွပ်စွဲခံရသူ ဝန်ကြီး အဟောင်းဘက်က တရားလွှတ် တော်ရှေ့နေက အပြန်အလှန်မေး ခွန်းထုတ်တယ်။ ပြီးသွားပြီဆိုတာ က လူသက်သေစစ်လို့ပြီးတာ။ အမှုပြီးတာမဟုတ်ဘူး’’ ဟု ၎င်းက ပြောသည်။

  နောက်ထပ်စစ်ဆေးမည့် ရုံးချိန်းများကို တစ်ပတ်လျှင် နှစ် ရက်အထိ တိုးမြှင့်၍ စစ်ဆေးသွား မည်ဖြစ်ပြီး ဩဂုတ် ၁၂ ရက်နှင့် ၁၅ ရက်တွင် ဆက်လက်ရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အထက်ပါဝန်ကြီးဟောင်း ဦးဆန်းဆင့်အမှုနှင့်ပတ်သက်၍ အမှုကို သုံးသပ်ပေးရန် မေးမြန်း ရာ ရှေ့နေ ဦးတင်ထွန်း က ‘‘ပြောဖို့တအားစောနေသေးတယ်၊  အချက်အလက်မပြည့်စုံဘဲ သုံးသပ်ရင် မှားသွားနိုင် တယ်’’ ဟု သာ ဖြေကြားသွားခဲ့သည်။

သာသနာရေး ဝန်ကြီး ဟောင်း  ဦးဆန်းဆင့်ကို  အလွဲ သုံးစားမှု (ပုဒ်မ ၄၀၉)နှင့် နိုင်ငံ တော် အကြည်ညို ပျက်စေ မှု (ပုဒ်မ၁၂၄ (က)ဖြင့်တရားစွဲဆိုထားခြင်းဖြစ်သည်။ ယခင်ငါးကြိမ်မြောက်ရုံးချိန်းတွင် ဝန်ကြီးဟောင်း ဦးဆန်းဆင့်သည် ကျန်းမာရေး ချို့ယွင်းလာသောကြောင့် ကျန်းမာရေးအာမခံရရှိ ရန် လျှောက် ထားခဲ့သော်လည်း တရားရုံးကပယ်ချခဲ့သည်။

7Day DAILY

No comments:

Post a Comment