Thursday 7 August 2014

နိုင်ငံတစ်ဝန်း လေဆိပ်များတွင် အီဘိုလာဗိုင်းရပ်စ် စစ်ဆေး

Photo: နိုင်ငံတစ်ဝန်း လေဆိပ်များတွင် အီဘိုလာဗိုင်းရပ်စ် စစ်ဆေး
Thursday, August 7, 2014

နိုင်ငံတကာ ခရီးသွားများ အများဆုံး ဝင်ရောက်သော နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ကိုယ်အပူချိန်တိုင်း ကိရိယာဖြင့် အီဘိုလာ ဗိုင်းရပ်စ်၏ ကနဦး လက္ခဏာအဖျားကို စစ်ဆေးလျက် ရှိကြောင်း ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေး ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက The Voice သို့ ပြောကြားသည်။

အီဘိုလာဗိုင်းရပ်စ် ကနဦးလက္ခဏာ ဖြစ်သော အဖျားလက္ခဏာကို အဓိကထား စစ်ဆေးပြီး ဖျားနာသူ ခရီးသွားများ တွေ့ရှိပါက လေဆိပ်ကျန်းမာရေး ဌာနကို အကြောင်းကြားရမည် ဖြစ်ကြောင်း၊ ယင်းမှတစ်ဆင့် လေဆိပ်ကျန်းမာရေး ဌာနက အခြားအီဘိုလာ လက္ခဏာများကို စစ်ဆေးသွားရန် စီစဉ်ထားကြောင်း ၎င်းက ရှင်းပြသည်။ 

“ဗိုင်းရပ်စ်ပိုး ရှိတဲ့သူတွေ့ရင် လိုအပ်တဲ့ ဆေးကုသမှု လုပ်မယ်။ အတူနေ မိသားစုဝင်တွေကို အသွားအလာ ထိန်းချုပ်မယ်။ အခုထိတော့ သံသယ လူနာတွေကို မတွေ့ရသေးဘူး” ဟု ဒေါက်တာစိုးလွင်ငြိမ်းက ပြောကြားသည်။

အီဘိုလာ ဗိုင်းရပ်စ်ပိုး ရှိသော တိရစ္ဆာန်နှင့် ရောဂါရှိသူများကို ထိတွေ့ဖူးသူများသာ အဆိုပါရောဂါ ခံစားရနိုင်ပြီး နိုင်ငံတကာ ခရီးသွားများမှ တစ်ဆင့် အီဘိုလာရောဂါပိုး ကူးစက်နိုင်ခြေ ပိုများကြောင်း၊ သဘာဝ တိရစ္ဆာန်များမှတစ်ဆင့် အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုသည် မြန်မာနိုင်ငံတွင် မဖြစ်နိုင်ကြောင်း ကျန်းမာရေးဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

နိုင်ငံခြားသား အဝင်များသော လေဆိပ်ကြီး သုံးခုအပြင် ပုဂံညောင်ဦးနှင့် ဟဲဟိုးလေဆိပ်များတွင်လည်း သာမိုမီတာဖြင့် ကိုယ်အပူချိန် စစ်ဆေးရန် လေဆိပ် တာဝန်ရှိသူများနှင့် စတင် ညှိနှိုင်းနေကြောင်း၊ အလားတူ နယ်စပ် ဂိတ်ဝင်ပေါက်၊ ထွက်ပေါက်များတွင် စစ်ဆေးရေး လုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါက်တာစိုးလွင်ငြိမ်းက ဆိုသည်။

အီဘိုလာ ဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်၍ အနောက်အာဖရိက နိုင်ငံများ အပါအဝင် အမေရိကန်နှင့် အာရှနိုင်ငံများတွင်လည်း သတိပေးတင်းကျပ်မှုတို့ ဆောင်ရွက်နေပြီး အမေရိကန် နိုင်ငံသား နှစ်ဦးကို ဆေးရွက်ကြီးမှ ထုတ်သော အီဘိုလာ ကုသဆေးတစ်မျိုးကို စမ်းသပ်ကုရာ အနည်းငယ် တိုးတက်မှု ရှိကြောင်း ယင်းဆေး ထုတ်လုပ်သည့် ကနေဒါအခြေစိုက် Mapp Bio ကုမ္ပဏီက ထုတ်ပြန်ထားသည်။

၂၀၁၄ ခုနှစ် မတ်လမှ သြဂုတ်လ ၄ ရက်နေ့အထိ အနောက်အာဖရိကနိုင်ငံ (ဆီလီရာယွန်၊ နိုင်ဂျီးရီးယား၊ လိုက်ဘေးရီးယား၊ ဂီနီယာ) များတွင် ရောဂါဖြစ်ပွားသူ ၁၆၀၃ ဦးနှင့် သေဆုံးသူ ၈၈၇ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

The Voice Weekly
နိုင်ငံတကာ ခရီးသွားများ အများဆုံး ဝင်ရောက်သော နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်များတွင် ကိုယ်အပူချိန်တိုင်း ကိရိယာဖြင့် အီဘိုလာ ဗိုင်းရပ်စ်၏ ကနဦး လက္ခဏာအဖျားကို စစ်ဆေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက The Voice သို့ ပြောကြားသည်။
အီဘိုလာဗိုင်းရပ်စ် ကနဦးလက္ခဏာ ဖြစ်သော အဖျားလက္ခဏာကို အဓိကထား စစ်ဆေးပြီး ဖျားနာသူ ခရီး သွားများ တွေ့ရှိပါက လေဆိပ်ကျန်းမာရေးဌာနကို အကြောင်းကြားရမည် ဖြစ်ကြောင်း၊ ယင်းမှ တစ် ဆင့် လေဆိပ် ကျန်းမာရေး ဌာနက အခြားအီဘိုလာ လက္ခဏာများကို စစ်ဆေးသွားရန် စီစဉ်ထားကြောင်း ၎င်းက ရှင်းပြသည်။

“ဗိုင်းရပ်စ်ပိုး ရှိတဲ့သူတွေ့ရင် လိုအပ်တဲ့ ဆေးကုသမှု လုပ်မယ်။ အတူနေ မိသားစုဝင်တွေကို အသွားအလာ ထိန်းချုပ်မယ်။ အခုထိတော့ သံသယ လူနာတွေကို မတွေ့ရသေးဘူး” ဟု ဒေါက်တာစိုးလွင်ငြိမ်း က ပြောကြားသည်။

အီဘိုလာ ဗိုင်းရပ်စ်ပိုး ရှိသော တိရစ္ဆာန်နှင့် ရောဂါရှိသူများကို ထိတွေ့ဖူးသူများသာ အဆိုပါရောဂါ ခံစား ရနိုင်ပြီး နိုင်ငံတကာ ခရီးသွားများမှ တစ်ဆင့် အီဘိုလာရောဂါပိုး ကူးစက်နိုင်ခြေ ပိုများကြောင်း၊ သဘာဝ တိရစ္ဆာန်များမှတစ်ဆင့် အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုသည် မြန်မာနိုင်ငံတွင် မဖြစ်နိုင်ကြောင်း ကျန်း မာရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

နိုင်ငံခြားသား အဝင်များသော လေဆိပ်ကြီး သုံးခုအပြင် ပုဂံညောင်ဦးနှင့် ဟဲဟိုးလေဆိပ်များတွင်လည်း သာမိုမီတာဖြင့် ကိုယ်အပူချိန် စစ်ဆေးရန် လေဆိပ် တာဝန်ရှိသူများနှင့် စတင် ညှိနှိုင်းနေကြောင်း၊ အလားတူ နယ်စပ် ဂိတ်ဝင်ပေါက်၊ ထွက်ပေါက်များတွင် စစ်ဆေးရေး လုပ်ငန်းများ လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ဒေါက်တာစိုးလွင်ငြိမ်းက ဆိုသည်။

အီဘိုလာ ဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်၍ အနောက်အာဖရိက နိုင်ငံများ အပါအဝင် အမေရိကန်နှင့် အာရှနိုင်ငံ များတွင်လည်း သတိပေးတင်းကျပ်မှုတို့ ဆောင်ရွက်နေပြီး အမေရိကန် နိုင်ငံ သား နှစ်ဦးကို ဆေးရွက်ကြီးမှ ထုတ်သော အီဘိုလာ ကုသဆေးတစ်မျိုးကို စမ်းသပ်ကုရာ အနည်းငယ် တိုးတက်မှု ရှိကြောင်း ယင်းဆေး ထုတ်လုပ်သည့် ကနေဒါအခြေစိုက် Mapp Bio ကုမ္ပဏီက ထုတ်ပြန်ထားသည်။

၂၀၁၄ ခုနှစ် မတ်လမှ သြဂုတ်လ ၄ ရက်နေ့အထိ အနောက်အာဖရိကနိုင်ငံ (ဆီလီရာယွန်၊ နိုင်ဂျီးရီးယား၊ လိုက်ဘေးရီးယား၊ ဂီနီယာ) များတွင် ရောဂါဖြစ်ပွားသူ ၁၆၀၃ ဦးနှင့် သေဆုံးသူ ၈၈၇ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment