Thursday 7 August 2014

ရန်ကုန်တွင် သုံးစွဲရအဆင်မပြေသေးသည့် အူရီးဒူးဖုန်းကတ်များ သြဂုတ်လလယ်တွင် မြို့နယ် ၃၄ မြို့နယ်၌ အသုံးပြုနိုင်မည်

အူရီးဒူးဆင်းမ်ကတ်များကို သြဂုတ်လ ဆန်းပိုင်းက စတင်ရောင်းချခဲ့သော်လည်း ရန်ကုန်မြို့တွင် သုံးစွဲရ အဆင်မပြေသော ကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး လာမည့် သြဂုတ် ၁၅ ရက်တွင်မူ မြို့နယ် ၃၄ မြို့နယ်၌ အသုံးပြုနိုင်မည် ဖြစ်သည်ဟု အူရီးဒူးက သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ပေါင်း ၄၅ မြို့နယ်ရှိသည့်အနက် သြဂုတ် လ ၁၅ ရက်တွင် အူးရီး ဒူး၏ ဝန်ဆောင်မှုများကို ၃၄ မြို့နယ်တွင် ပေးအပ်သွားမည် ဖြစ်သည်ဟု အူရီးဒူးက သြဂုတ်လဆန်းပိုင်း တွင် သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။

လက်ရှိအချိန်တွင် အူရီးဒူးဆင်းမ်ကတ် များ စမ်းသပ်အသုံးပြုမှုတွင် ရန်ကုန်တိုင်းအတွင်း ကောင်းမွန်မှုမရှိ ဟု တာမွေမြို့နယ်နေ အူရီးဒူးဆင်းမ်ကတ်ကို အသုံးပြုသူ တစ်ဦးက ဆိုသည်။ ၎င်းက “ဖုန်းခေါ်ဆို မှုက အဆင်မပြေသေးဘူး။ ပြတ်တောင်း ပြတ်တောင်း ဖြစ်တာတွေ၊ လိုင်းမမိတာတွေ ဖြစ်နေတယ်။ အင်တာ နက်အသုံးပြုဖို့ ကလည်း ၁ဝ မိနစ်လောက်ပဲ ရတယ်။ ပြီးရင် မရတော့ဘူး။ ငွေဖြည့်ဖို့လည်း မရသေး တော့ သုံးဖို့ကတော့ အဆင်မပြေသေးဘူး။ စောင့်ကြည့်ရမှာပေါ့”ဟု ဆိုသည်။

အူရီးဒူး၏ ဆင်းမ်ကတ်များကို ဇူလိုင် လကုန်ပိုင်းမှစတင်ပြီး နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်တို့တွင် ချထားပေးခဲ့ ရာ သြဂုတ် လ ၁၅ ရက်အထိ ဖုန်းအခမဲ့ ပြောဆိုခွင့် မိနစ်များနှင့် အင်တာနက် အသုံးပြုခွင့် ကို တစ်နေ့လျှင် 20 MB အသုံးပြုခွင့် ပေးထားသည်။

သြဂုတ် ၁၅ ရက်နောက်ပိုင်း အသုံးပြု နိုင်သော မြို့နယ်များမှာ တိုက်ကြီး၊ မှော်ဘီ၊ ထောက်ကြံ့၊ လှိုင်သာ ယာ၊ ရွေပြည်သာ မြို့နယ်တို့အပါအဝင် မြို့ပြင်၊ မြို့တွင်း ၃၄ မြို့နယ် ပါဝင်မည် ဖြစ်သည်။

အူရီးဒူးဘက်ကလည်း ရန်ကုန်မြို့တွင်း ဖုန်းလိုင်းချိတ်ဆက်မှုများအတွက် ကြိုးစားနေသည်ဟု သြဂုတ် ၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Ross Cormack က ပြောကြားထားသည်။

Ross Cormack က “ရန်ကုန်တိုင်း ဒေသကြီးမှာတော့ အချို့နေရာတွေက ဖုန်းလိုင်းချိတ်ဆက်မှုတွေ မပြီးသေးဘူး။ သြဂုတ်လကုန်မှာတော့ ချိတ်ဆက်မှုတွေ ပြီးစီးသွားမှာပါ”ဟု ပြောထားခဲ့သည်။

အူရီးဒူးဆင်းမ်ကတ်များကို သြဂုတ်လ အတွင်းမြို့ပေါင်း ၆၈ မြို့အထိ ရောင်းချပေးသွားမည်ဟုလည်း ကုမ္ပဏီ က သတင်းထုတ်ပြန်ထားသည်။

အခြား ပြည်ပအော်ပရေတာတစ်ခု ဖြစ်သည့် တယ်လီနောက လာမည့် စက်တင်ဘာလအတွင်း ဆင်းမ် ကတ်များ စတင် ရောင်းချမည်ဖြစ်ပြီး ဆင်းမ်ကတ် ၁ဝ သန်း ရောင်းချရန် အသင့်ဖြစ်နေပြီဟု မဇ္ဈိမကို ပြော ထား သည်။ ပြည်တွင်းအော်ပရေတာ အဖြစ် လုပ်ကိုင်မည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကမူ ဂျပန် ကုမ္ပဏီ များနှင့် ပူးပေါင်း ထားပြီး အော်ပရေတာလိုင်စင် လျှောက် ထားရန် ပြင်ဆင်နေပြီဖြစ်သည်။

Mizzima Daily

No comments:

Post a Comment