Thursday 7 August 2014

လက်နက်ဖြင့် ဖမ်းမိသူကို ၄လကြာမှ အမှုဖွင့်နိုင်

ရှမ်းမြောက်မူဆယ်မြို့နယ် ဟိုနားကျေးရွာနှင့် နမ့်တောင်းကျေးရွာလမ်းပေါ်၌ ဆိုင်ကယ်မောင်းနှင် လာ သူ နှစ်ဦး ထံမှ လက်နက်ခဲယမ်းများကို မေလ ၇ ရက်၌ ဖမ်းမိခဲ့ခြင်းကို စစ်ဆေးပြီးနောက် သြဂုတ်လ ၅ ရက်၌ အမှုဖွင့်ခဲ့သည်ဟုသိရှိရသည်။
ဖြစ်စဉ်မှာ ကွတ်ခိုင်မြို့တွင် အခြေချသော စစ်ဗျူဟာ ကွပ်ကဲမှုအောက်ရှေ့တန်း အမှတ်(၄၅) ခြေလျှင် တပ်ရင်း မှ ဗိုလ်ကြီးဝင်အောင်မျိုး ဦးစီးသောတပ်ခွဲရုံးနှင့် တပ်စိတ်သည် မူဆယ်မြို့နယ် ဟိုနားကျေးရွာ ဘက်မှ နမ့်တောင်းကျေးရွာဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်အား မသင်္ကာ၍ရပ်တန့်စစ်ဆေး ရှာဖွေ ရာမှ ထိုနှစ်ဦး ထံမှ EV အမျိုးအစား သေနတ်(၁)လက်၊ကျည်အိမ်(၃)ခု၊ ကျည်(၁၀၀)တောင့်တို့အား မေလ ၇ ရက်တွင် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

“အခုမှအမှုဖွင့်ရတာက တပ်ကနေလာပို့တဲ့အချိန် ကျွန်တော်တို့မြို့မရဲစခန်းက အမှုဖွင့်ရတာပါ။ သူတို့ လဲ စစ် ဆေး မှုလုပ်ပြီးမှ လာပို့ရတာနေမှာပါ”ဟု မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ လက်နက်ထဲ ယမ်းများကို အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်စခန်းရုံးသို့ အပ်နှံထားရှိပြီး၊ တရားမ၀င် လက်နက် ခဲယမ်းများ သယ်ဆောင်လာသူ ဇော်လော်(၁၉)နှစ်(ဘ)ဦးဇော်ဂတောင်၊ နမ့်တောင်းကျေး ရွာ၊ နူဆယ်မြို့နေသူနှင့် ဘရန်အောင်(၁၈)နှစ်(ဘ)ဦးဖော်ယုသာ၊ ဖာခမ်းကျေးရွာ၊ မူဆယ်မြို့နေသူနှစ်ဦး အား လားရှိုးမြို့မရဲစခန်းမှ သြဂုတ်လ ၅ရက်နေ့တွင် (ပ)၂၂၉/၂၀၁၄ လက်နက်အက်ဥပဒေ ပုဒ်မ ၁၉(စ) အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသည်ဟု သိရှိရသည်။

မြစ်မခ

No comments:

Post a Comment