Thursday 7 August 2014

အာဆီယံ၏ မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များကို တာဝန်သိ၊ တာဝန်ရှိနိုင်ငံအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ဖော်ဆောင် သွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြောကြား


ရန်ကုန် ဩဂုတ် ၆- မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်းတွင်အာဆီယံ ၏ ဦးဆောင် မှုအခန်းကဏ္ဍကို အ လေးထား ထိန်းသိမ်းပြီး အာဆီယံ ၏ မူဝါဒများ ၊ ရှေ့လုပ်ငန်းစဉ်များကို တာဝန်သိသည့်၊ တာဝန်ရှိသည့် နိုင်ငံတစ်နိုင်ငံ အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ဖော်ဆောင် သွားမည်ဖြစ် ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့ကြောင်း သိရသည်။

 
၂၀၁၄ ခုနှစ် ဩဂုတ် ၈ရက်တွင် ကျရောက်မည့် (၄၇)နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ်အခမ်း အနားကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (MICC II)၌ ကျင်းပရာ နိုင်ငံတော် သမ္မတဦးသိန်းစိန် တက်ရောက်မိန့် ခွန်းပြောကြားရာတွင် ယင်းသို့ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

''မြန်မာနိုင်ငံ၏ အာဆီယံအ ပေါ် မျှော်မှန်းချက်ဖြစ်သည့် ရှေ့သို့ တူညီစွာတက်လှမ်းချီပြီး ငြိမ်းချမ်း သာယာဝပြောသည့် အာဆီယံအ သိုက်အဝန်းကို တည်ထောင်ရန် မျှော်မှန်းချက်ကို အပြည့်အဝအ ကောင် အထည်ဖော် သွားမည်ဖြစ်ပါ တယ်''ဟု နိုင်ငံတော်သမ္မတဦးသိန်း စိန်မှ ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ သည် အာဆီယံဥက္ကဋ္ဌအဖြစ် ဦး ဆောင်တာဝန် ယူလျက်ရှိရာ နှစ် လယ်ကာလသို့ ရောက်ရှိနေပြီဖြစ် ပါကြောင်း၊ ယခုနှစ် နှစ်စမှ စတင်ပြီး အာဆီယံအဖွဲ့ကြီး၏ ချမှတ်ထား သည့်လုပ်ငန်းတာဝန်များကို အပြည့် အဝအကောင် အထည်ဖော်ဆောင် ရွက်လျက်ရှိရာတွင် အာဆီယံဝန်ကြီး များအဆင့် အစည်းအဝေးများ၊ အ ဆင့်မြင့်အရာရှိကြီးများ အစည်းအ ဝေးများကို ကဏ္ဍစုံတွင် အရှိန်အ ဟုန်ဖြင့် ကျင်းပလျက်ရှိပါကြောင်း၊ (၂၄)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကိုလည်း ယခုနှစ် မေလအတွင်း က အောင်မြင် စွာ ကျင်းပပြီးစီးခဲ့ပါကြောင်း၊ ယခုရက် ပိုင်းအတွင်း တွင် နေပြည်တော်၌ (၄၇)ကြိမ်မြောက် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စ ပ်အစည်းအဝေးများ ကျင်းပ တော့မည်ဖြစ်ပါကြောင်း၊ ယင်းဝန် ကြီးအဆင့် အစည်းအဝေးများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် ဆွေး နွေးဘက် နိုင်ငံများ ကျယ်ပြန့်စွာပါဝင် ကြမည်ဖြစ်ပါကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင် ရွက်မှုနှင့် ထိုအစည်းအဝေး များမှ အကျိုးရှိသည့် ရလဒ်များ ကို ဖြစ်ထွန်း စေမည်ဟု မိမိအနေဖြင့် ယုံကြည် ကြောင်း နိုင်ငံတော် သမ္မတက ဆက် လက်ပြောကြား ခဲ့သည်။

ယနေ့ကာလတွင် ဒေသတွင်း ဖြစ်ပေါ်နေသည့် အပြောင်းအလဲ များကို တွေ့ရှိရ မည်ဖြစ် ပါကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေ စီနှင့် ကောင်းမွန်သည့် အုပ်ချုပ်မှု တို့နှင့် ပတ်သက်ပြီး သိရှိနားလည်မှုများ မြင့် မားလာခြင်း၊ ဒေသတွင်း နိုင်ငံ များအကြား အပြန်အလှန် အမှီ သဟဲပြုခြင်းများ တိုးမြင့်လာခြင်း၊ သတင်းနှင့် ဆက်သွယ်ရေးနည်း ပညာများကို ပြည်သူများ လက်လှမ်း မီအသုံးပြုနိုင် လာခြင်း စသည့် အပြောင်းအလဲများ ဖြစ်ပါကြောင်း၊ ယင်းအပြောင်း အလဲများ သည် ပြည်သူများ ၏ နေ့စဉ်ဘဝတွင် အပြု သဘော အကျိုးပြုမှုများ ဖြစ် ထွန်း စေပါကြောင်း၊ ထိုတိုးတက်မှုရလဒ် ကောင်း များ ရေရှည်တည် တံ့နိုင် အောင် အာဆီယံ အသိုက် အဝန်း တည်ထောင်မှုလုပ်ငန်းစဉ်မှ မြှင့် တင်ဆောင် ရွက်ပေးနိုင်မည်ဟု မိမိ အနေဖြင့် ယုံကြည်ပါကြောင်း နိုင်ငံ တော် သမ္မတက ပြောကြားခဲ့သည်။

၂၀၁၅ခုနှစ်တွင် အာဆီယံစီး ပွားရေးအသိုက်အဝန်း ထူထောင် နိုင်ရန် အတွက် ဒေသတစ်ခုလုံး ကို ဈေးကွက် တစ်ခုတည်းနှင့် ထုတ်လုပ် မှုတစ်နေရာ တည်းဖြစ်ပေါ်လာ စေရန် ရည်ရွယ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်း သည် အာဆီယံ၏ အဓိကရည်ရွယ် ချက်ဖြစ်သည့် ဒေ သတွင်းနိုင်ငံများအကြား စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု မျှတစေရန်နှင့် ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေ ရန်အတွက် ထိ ထိရောက်ရောက် အ ထောက်အကူပြုလိမ့်မည်ဟု ယုံကြည် ပါကြောင်း၊ အာဆီယံပေါင်းစည်း ဆက်သွယ်ရေး မဟာစီမံကိန်း အ ကောင် အထည်ဖော် မှုနှင့် ဒေသတွင်း အလုံးစုံစီးပွားရေး ပူးပေါင်းဆောင် ရွက်မှုစီမံကိန်း အကောင် အထည် ဖော်မှုတို့သည် ယင်းရည်မှန်းချက် ကို အထောက်အကူပြုလိမ့် မည်ဟု ယုံကြည်ပါကြောင်း၊ လူမှုယဉ်ကျေးမှု အသိုက်အဝန်းတည်ဆောက် မှုသည် သဘာဝဘေးဒဏ်စီမံခန့်ခွဲမှုနှင့် လူ သားချင်းစာနာထောက်ထားမှု အ ကူအညီများပေးအပ်မှု၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်ရေး၊ အမျိုးသမီး၊ ကလေးသူ ငယ်များနှင့် ရွှေ့ပြောင်း လုပ်သား များ၏ အခွင့်အရေးများကို ကာ ကွယ်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ၊ ကူးစက်ပြန့်ပွား စေ သည့်ရောဂါ များ ကာကွယ်တား ဆီးရေးနှင့် ပညာရေးမြှင့်တင် မှုပူး ပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အာဆီယံဒေသကို တိုးတက်စေရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တွင် ပူးပေါင်းဆောင် ရွက်မှုမြှင့် တင် ရန်အတွက်လည်း လူမှုယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ လမ်းပြမြေပုံ ကိုချမှတ်ပြီး အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ အသိုက်အဝန်း တည်ထောင်ရေးဆိုင်ရာ အာဆီယံ ၏ မျှော်မှန်းချက်ကို ၂၀၁၅ခုနှစ် နှစ်ကုန်တွင် ပြီးစီးရန် ရည်မှန်းချက် ထားရှိပါကြောင်း၊ အာဆီယံအဖွဲ့ ဝင်နိုင်ငံများသည် ယင်းရည်မှန်း ချက်ကို အချိန်မီပြည့်မီစေရန် ကြိုး ပမ်းအားထုတ်လျက်ရှိပါကြောင်း၊ အာဆီယံအနေဖြင့် မတူကွဲပြားမှု များကြားမှ စိန်ခေါ်မှုများကို အာဆီ ယံ၏ စည်းလုံးညီညွတ်မှု အင်အား ဖြင့် အောင်မြင် စွာကျော် လွှားနိုင် လိမ့်မည်ဟု ယုံကြည်ပါကြောင်း နိုင်ငံ တော်သမ္မတဦးသိန်းစိန်က ပြော ကြားခဲ့သည်။

ယင်းအခမ်းအနားတွင် နိုင်ငံ တော်သံစုံ တီးဝိုင်းနှင့် အမျိုးသားယဉ် ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တို့ မှ ကျောင်းသား၊ ကျောင်း သူ များက အာဆီယံသီချင်းဖြင့် အ ခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ သည်။

အာဆီယံနေ့အခမ်း အနားတွင် နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်းပြော ကြားရာတွင်လည်း အာဆီယံ အပေါ် မြန်မာပြည်သူလူထုက ပို၍သတိပြု လာပြီး ပို၍မျှော်လင့် ချက်ထား လာ ကြောင်း ပြောကြားခဲ့သည်။

(၄၇)နှစ်မြောက် အာဆီယံနေ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအ ဝေးကို ဩဂုတ် ၈ရက်တွင် ကျင်းပ မည်ဖြစ် သည်။ ယင်းအစည်းအဝေး တွင် နိုင်ငံရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကိစ္စများကို ဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment