Thursday 7 August 2014

ပြည်နယ်နှင့်တိုင်း ခုနစ်ခုတွင် ရေဘေးအန္တရာယ်ဆိုးရွားစွာကြုံတွေ့နေ

Photo: ပြည်နယ်နှင့်တိုင်း ခုနစ်ခုတွင် ရေဘေးအန္တရာယ်ဆိုးရွားစွာကြုံတွေ့နေ
Thursday, August 7, 2014

မြစ်ကြီးများ စိုးရိမ်ရေ မှတ်သို့ ရောက်လာခြင်းနှင့် တစ် လနီးပါးဆက်တိုက်ရွာသော မိုး ကြောင့် ဧရာဝတီတိုင်း၊ ပဲခူး တိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည် နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် ရေ ဘေးအန္တရာယ်များ ရင်ဆိုင်နေရ ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သက် ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအစိုးရ ရုံးများမှ သတင်းရရှိသည်။

‘‘ပဲခူးမှာဆိုရင် အခုရင်ဆိုင် နေရတဲ့ ရေဘေးအတွက် အရေး ပေါ်ကော်မတီဖွဲ့ထားပါတယ်။ အခြေအနေဆိုးတဲ့ ရပ်ကွက်တွေ မှာ ရေဘေးကယ်ဆယ်ရေး စခန်း တွေ ဖွင့်ထားတယ်။ ရေက ထပ် တက်လာမယ်ဆိုရင် ကယ်ဆယ် ရေးစခန်းတွေ ထပ်တိုးရမယ်။ ရေ ဘေးကြောင့်တော့ ထိခိုက်ဒဏ် ရာရတာ မရှိသေးပါဘူး’’ ဟု ပဲခူး တိုင်းဒေသကြီးအစိုးရရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ပဲခူးမြို့တွင် ရပ်ကွက်ငါးခု၌ ရေလွှမ်းမိုးမှုများ ရင်ဆိုင်နေရ ပြီး ရေဘေးသင့်သူ ၇၀၀ နီးပါး ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေ ရကာ ဒေသတွင်းရှိ ပဲခူးမြစ်နှင့် ရွှေကျင်မြစ်တို့မှာ စိုးရိမ်ရေမှတ် အနီးသို့ ရောက်ရှိနေကြောင်း မိုး/ဇလဌာနက သတင်းထုတ်ပြန် ထားသည်။

ဧရာဝတီတိုင်း ဒေသကြီး တွင် မြန်အောင်မြို့အနီး ကျေးရွာ များနှင့် ငါးသိုင်းချောင်းမြို့တို့ တွင် လယ်မြေဧက ထောင်နှင့်ချီ ၍ ရေနစ်မြုပ်နေပြီး ဒေသခံလူ ဦးရေ တစ်ထောင်ကျော် ကယ် ဆယ်ရေးစခန်းများသို့ ပို့ဆောင် ထားရကြောင်း တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ယင်းမြို့များအနီးမှ ဖြတ်သွား သည့် င၀န်မြစ်မှာလည်း စိုးရိမ်ရေ မှတ်သို့ ရောက်ရှိနေသည်။

‘‘ရွာထဲမှာ ရေက လေးပေ ကျော်အထိ တက်လာတာ။ ဘယ် လိုမှ နေလို့မရတော့လို့ ကယ် ဆယ်ရေးစခန်းကို မိသားစုလိုက် ပြောင်းနေရတယ်။ အိမ်ကိုလည်း စိတ်မချဘူး။ မိုးတွင်းစာအတွက် ထားတဲ့ စပါးနဲ့ ပဲတွေလည်း အိမ် မှာ အကုန်ရေမြုပ်နေလောက်ပြီ’’ ဟု ကွင်းကောက်(မြောက်)ကျေး ရွာမှ ကိုဝေမင်းက ပြောသည်။

 ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်တွင်လည်း ရေ ကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေ သည်မှာ ရက်သတ္တပတ်ခန့်ရှိပြီဖြစ် ပြီး လူကယ်ပြန်ဌာနမှ တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့နေကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်ရှိ တောင် ကုတ်၊ စစ်တွေနှင့် ဂွမြို့နယ်တို့ တွင် ရေဘေးကျရောက်နေပြီး သြဂုတ် ၅ ရက်က ရခိုင်ကမ်းရိုး တန်းတွင် လေပြင်းကျသော ကြောင့် စစ်တွေမြို့ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းအချို့ ပျက်စီးမှု ရှိခဲ့သည်။ ထို့ပြင် ကျောက်ဖြူမြို့ နယ်အနီး ပင်လယ်ပြင်တွင် မိုး သည်းထန်စွာ ရွာခဲ့ပြီး လေပြင်းကျသောကြောင့်  ငါးဖမ်းစက်လှေ တစ်စီးနစ်မြုပ်ခဲ့ပြီး ရေလုပ်သား ၁၉ ဦးမှာ ပျောက်ဆုံးနေသည်။

ကရင်ပြည်နယ်တွင်လည်း သံလွင်မြစ်ရေမြင့်တက်နေပြီး မြို့ တော် ဘားအံအပြင် လှိုင်းဘွဲ့မြို့ နယ်နှင့် အနီးပတ်ဝန်းကျင်ကျေး ရွာများ၌ ကယ်ဆယ်ရေးစခန်းများ ဖွင့်ထားကြောင်း ပြည်နယ် ထွေ/ အုပ်ရုံးမှ သတင်းရရှိသည်။ ကရင် ပြည်နယ်တွင် ပြီးခဲ့သည့်နှစ် မိုး ရာသီက သောင်ရင်းမြစ်ရေ ရုတ် တရက်မြင့်တက်လာမှုကြောင့် လူ ဦးရေ သောင်းနှင့်ချီ၍ ရေဘေး ရင်ဆိုင်ခဲ့ရသလို လယ်စိုက်ခင်း များစွာ ရေမြုပ်ပျက်စီးခဲ့သည်။ ရေဘေးကြောင့် လူသေဆုံးမှုများ လည်း ဖြစ်ပေါ်ခဲ့သည်။

ရှမ်းပြည်နယ် ကျိုင်းတုံမြို့ တွင် သြဂုတ် ၅ ရက်ညမှစ၍ မြေ နိမ့်ပိုင်းရပ်ကွက်များအတွင်း ရေ ၀င်လာပြီး မိုးလည်းဆက်လက်ရွာ နေကြောင်း ဒေသခံဦးစိုင်းလုံက ပြောသည်။ အလားတူ မွန်ပြည် နယ်ရှိ မိုးကောင်း၊ ကျိုက်ထိုမြို့တွင် မြေပြိုမှုဖြစ်ပေါ်ခဲ့ပြီး ဒေသခံများ ရေဘေးစတင် ရင်ဆိုင်နေ ရကြောင်း သတင်းရရှိသည်။ ရှမ်းပြည်နယ် တာချီလိတ်မြို့၊ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တို့တွင် ဇူလိုင်လလယ်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုခြင်းနှင့် တောင်ကျရေကျခြင်းတို့ ရင်ဆိုင်ခဲ့ရကာ တရားဝင်စာရင်းများအရ ဒေသခံ ၁၂ ဦး သေဆုံးခဲ့သည်။ လူမှုရေးအဖွဲ့အစည်းများကမူ သဘာဝ ဘေးကြောင့် သေဆုံးသူဦးရေမှာ ထို့ထက်ပိုကြောင်း ပြောသည်။

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံ လေ အားကောင်းနေသည်မှာ ဇူလိုင်လဆန်းမှ သြဂုတ်လ ပထမ ပတ်အထိ ဆက်တိုက်ဖြစ်နေသေး သည့်အပြင် နေရာကွက်၍ မိုးကြီး မည့် ဒေသများ များပြားလာနေ ကြောင်း မိုး/ဇလဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

သြဂုတ်လ ပထမပတ်အ တွင်း စစ်ကိုင်းတိုင်းဒေသကြီးအ ထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ ကွက်ပြီး မိုးကြီးနိုင်ကြောင်း ဦး ကျော်မိုးဦးက သတိပေးသည်။ ထို့ပြင် မိုးဆက်တိုက်ရွာသွန်းနေ သည့် ရန်ကုန်မြို့တွင် သြဂုတ် ၉ ရက်မှ ၁၆ ရက်အတွင်း ထူးကဲ ဒီရေတက်ဖွယ်ရှိကြောင်း မြန်မာ ဆိပ်ကမ်းအာဏာပိုင်က သတင်း ထုတ်ပြန်ထားသည်။

7Day DAILY  

ပဲခူးမြို့ရှိ ရပ်ကွက်အချို့တွင် ရေကြီးနေသဖြင့် ဒေသခံအမျိုးသမီး တစ်ဦး ရေထဲ တွင်စမ်း၍လမ်းလျှောက်နေစဉ်(ဓာတ်ပုံ − ခင်မောင်ဝင်း/အေပီ)
ပဲခူးမြို့ရှိ ရပ်ကွက်အချို့တွင် ရေကြီးနေသဖြင့် ဒေသခံအမျိုးသမီးတစ်ဦး ရေထဲတွင် စမ်း၍ လမ်းလျှောက်နေ စဉ်(ဓာတ်ပုံ − ခင်မောင်ဝင်း/အေပီ)
မြစ်ကြီးများ စိုးရိမ်ရေ မှတ်သို့ ရောက်လာခြင်းနှင့် တစ် လနီးပါးဆက်တိုက်ရွာသော မိုး ကြောင့် ဧရာဝတီတိုင်း၊ ပဲခူး တိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည် နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည် နယ်နှင့် မွန်ပြည်နယ် တို့တွင် ရေ ဘေးအန္တရာယ်များ ရင်ဆိုင်နေရ ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သက် ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအစိုးရ ရုံးများမှ သတင်းရရှိသည်။
‘‘ပဲခူးမှာဆိုရင် အခုရင်ဆိုင် နေရတဲ့ ရေဘေးအတွက် အရေး ပေါ်ကော်မတီဖွဲ့ထားပါတယ်။ အခြေအနေ ဆိုးတဲ့ ရပ်ကွက်တွေ မှာ ရေဘေးကယ်ဆယ်ရေး စခန်း တွေ ဖွင့်ထားတယ်။ ရေက ထပ် တက်လာမယ် ဆိုရင် ကယ်ဆယ် ရေးစခန်းတွေ ထပ်တိုးရမယ်။ ရေ ဘေးကြောင့်တော့ ထိခိုက်ဒဏ် ရာရတာ မရှိသေး ပါဘူး’’ ဟု ပဲခူး တိုင်းဒေသကြီးအစိုးရရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ပဲခူးမြို့တွင် ရပ်ကွက်ငါးခု၌ ရေလွှမ်းမိုးမှုများ ရင်ဆိုင်နေရ ပြီး ရေဘေးသင့်သူ ၇၀၀ နီးပါး ကယ်ဆယ်ရေး စခန်း တွင် ခိုလှုံနေ ရကာ ဒေသတွင်းရှိ ပဲခူးမြစ်နှင့် ရွှေကျင်မြစ်တို့မှာ စိုးရိမ်ရေမှတ် အနီး သို့ ရောက်ရှိနေကြောင်း မိုး/ဇလဌာနက သတင်းထုတ်ပြန် ထားသည်။

ဧရာဝတီတိုင်း ဒေသကြီး တွင် မြန်အောင်မြို့အနီး ကျေးရွာ များနှင့် ငါးသိုင်းချောင်းမြို့တို့ တွင် လယ်မြေ ဧက ထောင်နှင့်ချီ ၍ ရေနစ်မြုပ်နေပြီး ဒေသခံလူ ဦးရေ တစ်ထောင်ကျော် ကယ် ဆယ်ရေးစခန်းများသို့ ပို့ဆောင် ထားရကြောင်း တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ယင်းမြို့များအနီးမှ ဖြတ်သွား သည့် င၀န်မြစ်မှာလည်း စိုးရိမ်ရေ မှတ်သို့ ရောက်ရှိနေသည်။

‘‘ရွာထဲမှာ ရေက လေးပေ ကျော်အထိ တက်လာတာ။ ဘယ် လိုမှ နေလို့မရတော့လို့ ကယ် ဆယ်ရေး စခန်း ကို မိသားစုလိုက် ပြောင်းနေရတယ်။ အိမ်ကိုလည်း စိတ်မချဘူး။ မိုးတွင်းစာအတွက် ထားတဲ့ စပါးနဲ့ ပဲတွေ လည်း အိမ် မှာ အကုန်ရေမြုပ်နေလောက်ပြီ’’ ဟု ကွင်းကောက်(မြောက်)ကျေး ရွာမှ ကိုဝေမင်း က ပြော သည်။

 ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်တွင်လည်း ရေ ကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေ သည်မှာ ရက် သတ္တပတ်ခန့် ရှိပြီဖြစ် ပြီး လူကယ်ပြန်ဌာနမှ တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် ကယ်ဆယ်ရေးပစ္စည်း များ ပေးပို့နေကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်ရှိ တောင် ကုတ်၊ စစ်တွေနှင့် ဂွမြို့နယ်တို့ တွင် ရေဘေးကျရောက်နေပြီး သြဂုတ် ၅ ရက်က ရခိုင်ကမ်းရိုး တန်းတွင် လေပြင်းကျသော ကြောင့် စစ်တွေမြို့ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းအချို့ ပျက်စီးမှု ရှိခဲ့သည်။ ထို့ပြင် ကျောက်ဖြူမြို့ နယ်အနီး ပင်လယ်ပြင်တွင် မိုး သည်းထန်စွာ ရွာခဲ့ပြီး လေပြင်း ကျသောကြော င့်  ငါးဖမ်းစက်လှေ တစ်စီးနစ်မြုပ်ခဲ့ပြီး ရေလုပ်သား ၁၉ ဦးမှာ ပျောက်ဆုံးနေသည်။

ကရင်ပြည်နယ်တွင်လည်း သံလွင်မြစ်ရေမြင့်တက်နေပြီး မြို့ တော် ဘားအံအပြင် လှိုင်းဘွဲ့မြို့ နယ်နှင့် အနီးပတ်ဝန်းကျင်ကျေး ရွာများ၌ ကယ်ဆယ်ရေးစခန်းများ ဖွင့်ထားကြောင်း ပြည်နယ် ထွေ/ အုပ်ရုံးမှ သတင်းရရှိသည်။ ကရင် ပြည်နယ်တွင် ပြီးခဲ့သည့်နှစ် မိုး ရာသီက သောင်ရင်းမြစ်ရေ ရုတ် တရက်မြင့်တက် လာမှုကြောင့် လူ ဦးရေ သောင်းနှင့်ချီ၍ ရေဘေး ရင်ဆိုင်ခဲ့ရသလို လယ်စိုက်ခင်း များစွာ ရေမြုပ်ပျက်စီး ခဲ့သည်။ ရေဘေးကြောင့် လူသေဆုံးမှုများ လည်း ဖြစ်ပေါ်ခဲ့သည်။

ရှမ်းပြည်နယ် ကျိုင်းတုံမြို့ တွင် သြဂုတ် ၅ ရက်ညမှစ၍ မြေ နိမ့်ပိုင်းရပ်ကွက်များအတွင်း ရေ ၀င်လာပြီး မိုးလည်းဆက်လက်ရွာ နေကြောင်း ဒေသခံဦးစိုင်းလုံက ပြောသည်။ အလားတူ မွန်ပြည် နယ်ရှိ မိုးကောင်း၊ ကျိုက်ထိုမြို့တွင် မြေပြိုမှုဖြစ်ပေါ်ခဲ့ပြီး ဒေသခံများ ရေဘေးစတင် ရင်ဆိုင်နေ ရကြောင်း သတင်းရရှိသည်။ ရှမ်းပြည်နယ် တာချီလိတ်မြို့၊ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တို့တွင် ဇူလိုင်လလယ်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုခြင်းနှင့် တောင်ကျရေကျခြင်းတို့ ရင်ဆိုင်ခဲ့ရကာ တရားဝင်စာရင်းများအရ ဒေသခံ ၁၂ ဦး သေဆုံးခဲ့သည်။ လူမှုရေးအဖွဲ့အစည်းများကမူ သဘာဝ ဘေးကြောင့် သေဆုံးသူဦးရေမှာ ထို့ထက် ပိုကြောင်း ပြောသည်။

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံ လေ အားကောင်းနေသည်မှာ ဇူလိုင်လဆန်းမှ သြဂုတ်လ ပထမ ပတ်အထိ ဆက်တိုက်ဖြစ်နေသေး သည့်အပြင် နေရာကွက်၍ မိုးကြီး မည့် ဒေသများ များပြားလာနေ ကြောင်း မိုး/ဇလဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

သြဂုတ်လ ပထမပတ်အ တွင်း စစ်ကိုင်းတိုင်းဒေသကြီးအ ထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေ သကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ ကွက်ပြီး မိုးကြီးနိုင်ကြောင်း ဦး ကျော်မိုးဦးက သတိပေးသည်။ ထို့ပြင် မိုးဆက်တိုက်ရွာသွန်းနေ သည့် ရန်ကုန်မြို့တွင် သြဂုတ် ၉ ရက်မှ ၁၆ ရက်အတွင်း ထူးကဲ ဒီရေတက်ဖွယ်ရှိကြောင်း မြန်မာ ဆိပ်ကမ်းအာဏာပိုင်က သတင်း ထုတ်ပြန်ထားသည်။

7Day DAILY

No comments:

Post a Comment