Thursday 7 August 2014

မြန်မာ့ယဉ်ကျေးမှု အနုပညာကောလိပ် ပထမဆုံးအကြိမ် ဖွင့်လှစ်မည်

မြန်မာနိုင်ငံတွင် ပထမဦးဆုံးယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် ကောလိပ်အဖြစ် ယဉ်ကျေးမှုအနုပညာကော လိပ်(ညောင်ရွှေ)ကို ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါကောလိပ်ကို ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် သင်ကြားရေးဆောင်၊ ကျောင်းသား အိပ်ဆောင် စသည့်အဆောင်များ အတွက် တင်ဒါများခေါ်ယူလျက်ရှိသည်။

''ညောင်ရွှေမှာဖွင့်မယ့် ယဉ်ကျေးမှုအနုပညာကောလိပ်က မြန်မာနိုင်ငံမှာ ပထမဦးဆုံးယဉ်ကျေး မှုကောလိပ် ပါ။ ယဉ်ကျေးမှုနဲ့ပတ်သက်လို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်က ရန်ကုန်နဲ့ မန္တလေးမှာနှစ်ခု ရှိ တယ်။ ကောလိပ်တော့ မရှိသေးဘူး။ ဖွင့်ဖို့ကြိုးစားနေတာပါ။ ၂ဝ၁၅ခုနှစ်မှာဖွင့်ဖြစ်မယ် ထင်ပါ တယ်။အခုလောလောဆယ် ကျောင်းဆောင်တွေအတွက် တင်ဒါခေါ်ယူထားပါတယ်'' ဟု အနုပညာဦးစီး ဌာန မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ပထမဦးဆုံးကောလိပ်ကို ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် တောင်ခြေကျေး ရွာအုပ်စု မိုင်းသောက်ကျေးရွာ အနီးတွင်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ထားပြီး လိုအပ် ချက်များလည်းရှိနေကြောင်း သိရသည်။ ''ကျောင်းဖွင့်နိုင်ဖို့ အဆောက်အအုံတွေ၊ ဖွဲ့စည်းပုံစည်းမျဉ်းတွေ၊ ဆရာ၊ ဆရာမ တွေလိုအပ်ပါတယ်။တင်ဒါခေါ်တယ်ဆို တာ ကျောင်းဆောင်တွေဆောက်ဖို့ခေါ် ထားတာပါ''ဟု ယင်းကဆက်လက်ပြောသည်။

ယဉ်ကျေးမှုအနုပညာကောလိပ်(ညောင်ရွှေ)ဖွင့်လှစ်ရန် သင်ကြားရေးဆောင် သုံးလုံး၊ ကျောင်းသား အိပ်ဆောင် တစ်လုံး၊ မီးဖိုနှင့်စားသောက်ခန်းမ တစ်လုံး တည်ဆောက်လိုသူများသည် သြဂုတ် ၂ဝ ရက် နောက် ဆုံးထား၍ တင်ဒါတင် သွင်းရမည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment