Thursday 7 August 2014

မြန်မာမှာ အခြေပြုပြီး အာဆီယံနှင့် ဆက်ဆံရေးတိုးတက်ရန် ကြိုးစားမည့်မြောက်ကိုရီးယား


လာမည့် စနေနေ့၌ နေပြည်တော်တွင် ကျင်းပမည့် အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံ ဒေသ တွင်း အစည်းအဝေးတက်ရောက်ရန် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီဆူရွန် မြန်မာနိုင်ငံသို့ ရောက် ရှိ လာမည်ဖြစ် သည်။
ရီဆူရွန်နှင့် မြောက်ကိုရီး ယားကိုယ်စားလှယ်များသည် ပြုံယမ်းမြို့တော်မှ ဇူလိုင် ၃ ရက် ကတည်းက ထွက်ခွာခဲ့ကြသည်။ သူတို့အဖွဲ့သည် မြန်မာနိုင်ငံနှင့် အခြားအာဆီယံနိုင်ငံလေးနိုင်ငံ ဖြစ်သော လာအို၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံများ သို့ သွားရောက်မည်ဟု တောင်ကို ရီးယားသတင်းအေဂျင်စီ သတင်း မှာ ဖော်ပြထားသည်။

မြောက်ကိုရီးယားဝန်ကြီး သည် ပထမဆုံးလာအိုနှင့် ဗီယက် နမ်နိုင်ငံများသို့ အရင်သွားရောက် မည်ဖြစ်ပြီး အာဆီယံအစည်း အဝေးတက်ရောက်ရန် မြန်မာ နိုင်ငံသို့ လာရောက်မည်ဖြစ် သည်။ အစည်းအဝေးပြီးမှ အင်ဒို နီးရှားနှင့် စင်ကာပူနိုင်ငံသို့သွား ရောက်မည်ဖြစ်သည်။

မြောက်ကိုရီးယားသည် မြန်မာအပါအဝင် အရှေ့တောင် အာရှနိုင်ငံများနှင့် ဆက်ဆံရေး တိုးချဲ့ရန် အပြင်း အထန်ကြိုးစား နေပါသည်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီဆူရွန်၏ ယခုခရီးစဉ်သည် အဆိုပါ ကြိုး ပမ်းမှု ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

၂၀၀၆ နှင့် ၂၀၀၈ ခုနှစ်က ဆိုလျှင် အာဆီယံနိုင်ငံများသည် မြောက်ကိုရီးယားနိုင်ငံကုန်သွယ် ရေး၏ ပမာဏ ၁၂ ရာခိုင်နှုန်းနီး ပါးရှိခဲ့သည်။ မြောက်ကိုရီးယား သည် ပထမဆုံးအကြိမ် နျူကလီး ယားစမ်းသပ် မှုပြုလုပ်ခဲ့ပြီးနောက် ဆက်ဆံရေးများကျဆင်းသွားခဲ့ရ ပါသည်။ ဝန်ကြီးရီ၏ ယခု ခရီးစဉ် က ထိုကျဆင်းမှု များ ကို ပြန်လည် အားကောင်းလာရေး စီးပွားရေး များပူးပေါင်းဆောင်ရွက်ရန် ဦး တည်ထားဖွယ်ရှိသည်။

မြောက်ကိုရီးယားသည် မြန်မာစစ်အစိုးရဗိုလ်ချုပ်များနှင့် ကာလကြာရှည်ဆက်ဆံရေးရှိကြ သည်ကို လူအသိ များသည်။ ယခု အခါ မြန်မာအစိုးရခေါင်းဆောင် များက ပြုပြင်ပြောင်းလဲရေးများ လုပ်လာချိန်တွင် မြန်မာ က မြောက် ကိုရီးယားနှင့်ဆက်ဆံရေးကို သိ သိသာသာ လျှော့ချလာသော် လည်း အကြောင်းကြောင်း များက မြောက်ကိုရီးယားနှင့် မြန်မာဆက် ဆံရေး အားကောင်းဆဲဖြစ်နေ သေးသည်ကို ပြသနေသည်။

မြောက်ကိုရီးယားသည် အင်ဒိုနီးရှားနှင့်လည်း ခိုင်မာသော ဆက်ဆံရေးရှိပါသည်။ နှစ်နိုင်ငံ သံတမန် ဆက် ဆံရေး သည် ၁၉၆၁ ခုနှစ်တွင် အစပြုခဲ့သည်။ မြောက်ကိုရီးယားအာဏာရှင် ကင်အီဆွန်း သည် နောက် ထပ် လေးနှစ်အကြာတွင် ဂျကာတာသို့ သွားရောက်လည်ပတ်ခဲ့သည်။

အာဆီယံဒေသတွင်း အ စည်းအဝေးတွင် မြောက်ကိုရီး ယားပါဝင်လာရန် အင်ဒိုနီး ရှားက ပြင်းပြင်း ထန်ထန်တိုက် တွန်းခဲ့သူဖြစ်၏။ အင်ဒိုနီးရှားနိုင်ငံ ခြားရေးဝန်ကြီး မာတီနာတာလီဂါ ဝါသည် သုံးရက်ကြာ စီးပွားရေးပူး ပေါင်းဆောင်ရွက်ရန် မြောက် ကိုရီးယားသို့သွားရောက်ခဲ့သည်။

ထို့အတူ စင်ကာပူကလည်း မြောက်ကိုရီးယား၏ အကြီးမား ဆုံးကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ် သည်။ ၁၉၇၅ ခုနှစ်ကတည်းက နိုင်ငံရေးရာများတွင် ပူးပေါင်း ဆောင်ရွက်မှုများရှိခဲ့သည်။ အင်ဒို နီးရှားကဲ့သို့ မြောက် ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအမ်လက် ထက်တွင် အထူးစီးပွားရေးဇုန်များ တည်ဆောက်ခွင့် အပါအဝင် စီးပွားရေးအခွင့်အလမ်းများကို စင်ကာပူက ရှာဖွေနေသည်။

အခြားအာဆီယံနိုင်ငံတစ် နိုင်ငံဖြစ်သည့် ဗီယက်နမ်နှင့် မြောက်ကိုရီးယားက စစ်အေး ခေတ်ကတည်းက အဆက်အ သွယ်ရှိနေကြခြင်းဖြစ်သည်။ နှစ် နိုင်ငံ အဆင့်မြင့်အရာရှိအဆင့် များ အပြန်အလှန် သွားရောက် မှု မကြာခဏရှိ၏။

လာအိုနှင့် မြောက်ကိုရီးယား က ၁၉၇၄ ခုနှစ်ကတည်းကပင် သံတမန်ဆက်ဆံရေးစခဲ့သည်။ ၂၀၁၁ ခုနှစ် တွင် လာအိုသမ္မတ ချွန်လေဆရာဆွန်သည် မြောက် ကိုရီးယားသို့ အလည်သွားရောက် ခဲ့သည်။ မြောက် ကိုရီးယား အစိုးရ ကို ဆန့်ကျင်ထွက်ပြေးသူများ သည် လာအိုကို ကြားခံစခန်း အဖြစ်အသုံးချပြီး တောင် ကိုရီး ယားတွင် နိုင်ငံရေးခိုလှုံကြသည်။ ထို့ကြောင့် မြောက်ကိုရီးယားက လာအိုကိုအလေးထားပြီး ဆက် ဆံသည်။

ပုံမှန်အားဖြင့် အာဆီယံ ဒေသတွင်း အစည်းအဝေးသို့ မြောက်ကိုရီးယားက အဆင့်မြင့် သံတမန်များစေ လွှတ် တတ်သော် လည်း ယခုမြောက်ကိုရီးယားနိုင်ငံ ခြားရေးဝန်ကြီးရီ၏ ခရီးစဉ်သည် မြောက်ကိုရီးယား၏ သံတမန် ဆက်ဆံမှုတိုးချဲ့လိုသည့်သဘော ကို အထူးပြသနေသည်။ သူ၏ မဟာမိတ်ဖြစ်သော တရုတ်နိုင်ငံ အပြင် ဒေသတွင်းမှ ဂျပန်၊ ရုရှား ကဲ့သို့နိုင်ငံများနှင့်လည်း သံတမန် ဆက်ဆံရေးတိုးမြှင့်ရန် မြောက် ကိုရီးယားက ကြိုးစားနေသည်။

တောင်ကိုရီးယားနိုင်ငံခြား ရေးဌာနမှ သံတမန်တစ်ဦးကမူ ‘‘ရီ ရဲ့ ခရီးစဉ်က မြောက် ကိုရီးယား နိုင်ငံ က နိုင်ငံ တကာမှာ အထီး ကျန်ဖြစ်နေတာကနေ လွတ် မြောက်လာအောင် ကမ္ဘာတစ်ဝန်း နဲ့ သံတမန်ဆက်သွယ်ဖို့ကြိုးစား တာမှာ အာဆီယံနဲ့ဆက်ဆံရေး အားကောင်းဖို့ရည်ရွယ်ပုံပေါက် တယ်’’ဟု ဆိုသည်။

ရီ၏ ခရီးစဉ်သည် မြောက်ကို ရီးယားတွင် စီးပွားရေးပြုပြင် ပြောင်းလဲရေးအတွက် နောက် တစ်ကြိမ် အားထုတ်မှုကို ပြသခြင်း လည်းဖြစ်သည်။ ပြီးခဲ့သည့် ဆောင်းရာသီတွင် ကင်ဂျုံအမ်က စီးပွားရေးပြုပြ င်ပြောင်း လဲရေး သမားဟုသိကြသည့် ဦးလေးဖြစ် သူ ဂျန်ဆွန်သက်ကိုကွပ်မျက်ခဲ့ပြီး သည့်နောက်တွင် အရှိန်နှေး သွား ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ကျင်းပမည့် အာဆီယံ အစည်းအဝေးတွင် မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီး သည် မြော က် ကိုရီးယား နျူကလီးယားအစီအစဉ်နှင့်ပတ် သက်ပြီး ခြောက်နိုင်ငံဆွေးနွေးပွဲ ကို ပြန်လည် စတင်ဖွယ်ရာ ရှိပါ သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖုမီယိုကီရှီဒါက မြောက် ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးနှင့် အလွတ် သဘောဆွေးနွေးသွားမည်ဟု ဆို ပါသည်။ ထို့အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နှင့် တွေ့ ဆုံဆွေးနွေးဖို့လည်း ဖြစ် ကောင်းဖြစ်လာနိုင်သည်။

တောင်ကိုရီးယားနိုင်ငံခြား ရေးဝန်ကြီး ယွန်ဗျောင်ဆီသည် အစည်းအဝေးသို့ မြောက်ကိုရီး ယားနိုင် ငံခြားရေး ဝန်ကြီးနှင့်အတူ တက်ရောက်ရမည်ဖြစ်သော် လည်း နှစ်ဦးတွေ့ဆုံရန် တရား ဝင်ပြောကြားခြင်း မရှိပေ။ ယခင် အာဆီယံအစည်းအဝေးများတွင် တောင်မြောက်ကိုရီးယားကိုယ် စားလှယ်များသည် လက်ဆွဲနှုတ် ဆက်ကြသော်လည်း စကားပြော ဆိုခြင်းမရှိပေ။

သို့ရာတွင် မြောက်ကိုရီး ယားအာဏာရှင် ကင်ဂျုံအမ်နှင့် ဆွစ်ဇာလန်နိုင်ငံ၌ ကလေးဘဝ ကျောင်းတက်စဉ် ကတည်းက ငယ်သူငယ်ချင်းဖြစ်သည့် မြောက် ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီဆူရွန်က မြောက်ကိုရီးယား ကိုယ်စားပြုပြီး ကောင်းစွာညှိနှိုင်း ဆွေးနွေးနိုင်မည့်ပုံရှိပါသည်။

7 Day Daily

No comments:

Post a Comment