Monday 25 August 2014

တပ်မတော်အစိုးရ လက်ထက် MoU ထိုးထားသည့် ရေအားလျှပ်စစ် စီမံကိန်းအချို့ အပြီးရပ်ဆိုင်း

ယခင်တပ်မတော်အစိုးရ လက်ထက်က တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရှိ ကုမ္ပဏီများနှင့် MoU (နားလည်မှု စာချွန်လွှာ) ရေးထိုးထားသည့် ရေအားလျှပ်စစ် စီမံကိန်းများအနက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့် မကိုက်ညီသော စီမံကိန်းအချို့ကို အပြီးရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးက ပြောကြားသည်။
လက်ရှိတွင် ယခင်အစိုးရ လက်ထက်က လက်မှတ်ရေးထိုးခဲ့သည့် ရေအားလျှပ်စစ် စီမံကိန်း ၄၀ နီးပါး အနက် ရခိုင်ပြည် နယ် လေးမြို့ ၁ စီမံကိန်း၊ လေးမြို့ ၂ စီမံကိန်း၊ မိုးမိတ်နှင့် ဘီးလင်းမြို့နယ် တို့ရှိ ရေအား လျှပ်စစ် စီမံကိန်းတို့အပြင် တနင်္သာရီမြစ် ရေအားလျှပ်စစ် စီမံကိန်းကိုလည်း အပြီးရပ်ဆိုင်း လိုက်ပြီ ဖြစ်ေ ကြာင်း၊ အခြား စီမံကိန်းများကိုလည်း ဆက်လက် ညှိနှိုင်းနေကြောင်း ၎င်းက ပြောဆိုသည်။

လတ်တလောတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက နော်ဝေ၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့ကို ဖိတ်ခေါ်ေ ဆွးနွေးနေ ပြီး အိန္ဒိယနိုင်ငံနှင့် ချုပ်ဆိုထားသည့် တမံသီ ရေအားလျှပ်စစ် စီမံကိန်းကို အပြီးရပ်ဆိုင်း ထားကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

ရှမ်းပြည်နယ် ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းရှိရာ အထက်ပေါင်းလောင်းနှင့် အောက်ပေါင်းလောင်း စီမံကိန်းများအနီးရှိ အလယ်ပေါင်းလောင်း စီမံကိန်းနှင့် ရှမ်းပြည်နယ် ကျောက်မဲမြို့အနီးရှိ အလယ်ရဲရွာ ရေ အား လျှပ်စစ် စီမံကိန်းတို့ကို နော်ဝေနိုင်ငံပိုင် ကုမ္ပဏီတစ်ခုနှင့် ဆက်လက် လုပ်ဆောင်ရန် ရှိကြောင်း လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနထံမှ သိရသည်။

"ကျွန်တော်တို့ ပေါင်းလောင်း ဒေသမှာ လုပ်ဆောင်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းကတော့ ဒေသခံတွေ ကိုတောင် မီးမပေးနိုင်သေးပါဘူး" ဟု ရှမ်းပြည်နယ် ပင်လောင်းမြို့ ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက် မှုကြောင့် ကျေး ရွာပေါင်း ၂၃ ခု ရေဝင်နစ်မြုပ်ခံခဲ့ရ သည့် ဒေသခံ တစ်ဦး ဖြစ်သည့် ဦးဝင်းဆွေက ဆိုသည်။

The Voice Weekly

No comments:

Post a Comment