Monday 25 August 2014

ဘီယာသောက်သုံးမှုနှုန်း လီတာသန်း ၃၃၀ ရှိပြီး ပြည်တွင်း ထုတ်လုပ်နိုင် စွမ်း၏ နှစ်ဆခန့်ရှိနေ

Photo: ဘီယာသောက်သုံးမှုနှုန်း လီတာသန်း ၃၃၀ ရှိပြီး ပြည်တွင်း ထုတ်လုပ်နိုင် စွမ်း၏ နှစ်ဆခန့်ရှိနေ
Monday, August 25, 2014

ပြည်တွင်း ဘီယာထုတ်လုပ်နိုင်စွမ်းသည် လီတာသန်း ၁၇၀ သာရှိပြီး ပြည်ပမှ လီတာသန်း ၁၆၀ ခန့် ဝင်ရောက်နေသည်။ 

မြန်မာနိုင်ငံတွင် ဘီယာသောက်သုံးမှုနှုန်း လီတာသန်း ၃၃၀ ရှိပြီး ပြည်တွင်း ထုတ်လုပ်နိုင်စွမ်း၏ နှစ်ဆခန့်ရှိနေသည်ဟု Carlsberg ဘီယာနှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်နေသူ ဦးသိန်းထွန်း(ဥက္ကဋ္ဌ- MGS ကုမ္ပဏီအုပ်စု) က ပြောသည်။

“ထုတ်နိုင်တာက သန်း ၁၇၀ လီတာ။ ဒါပေမဲ့ ရောင်းနေတာက သန်း ၃၃၀ လီတာ။ လီတာ သန်း ၁၆၀ က နိုင်ငံခြားကနေ မှောင်ခိုဝင်တယ်။ ဒီမှာ အပြည့်အ၀ ထုတ်နိုင်ရင် နိုင်ငံခြားကို ငွေတွေ စီးမထွက်နိုင်တော့ဘူး”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဘီယာသောက်သုံးမှု နှစ်စဉ်မြင့်တက်လျက်ရှိသည်ဟု ဘီယာထုတ်လုပ် ရောင်းချသူများက ပြောကြားခဲ့ပြီး နိုင်ငံအတွင်း ရောင်းအားအမြင့်ဆုံးဖြစ်သော မြန်မာစည်ဘီယာရောင်းချမှုသည် ၁၀ လအတွင်း ခွက်ပေါင်း သန်းလေးရာကျော်အထိရှိခဲ့ပြီး နှစ်စဉ် စံချိန်တင်ရောင်းချနေရသည်ဟု ဆိုသည်။

မြန်မာဘရူဝါရီလီမိတက်မှ အရောင်းညွှန်ကြားရေးမှူး ဒေါ်မြစိမ်းရီက “ဘီယာသောက်သုံးတဲ့ နှုန်းတွေက များလာပါတယ်။ လူဦးရေ များလာတာနဲ့အမျှ၊ ယောက်ျားလေး ဦးရေများလာတာနဲ့အမျှ ဘီယာသောက်လာတာတွေ များလာပါတယ်။ နှစ်တိုင်း ကျွန်မတို့မှာ အကျဆိုတာ မရှိဘူး။ ဈေးကွက်မှာ ယှဉ်ပြိုင်မှုမရှိတာလည်း ဖြစ်ရင်ဖြစ်နိုင်ပါတယ်”ဟု ဆိုသည်။

Myanmar Carlsberg ကုမ္ပဏီသည် လာမည့်အောက်တိုဘာလတွင် ဘီယာအမျိုးအစား သုံးမျိုးနှင့် စည်ဘီယာကိုပါ ထုတ်လုပ်ရောင်းချသွားမည်ဟု ဦးသိန်းထွန်းက ပြောသည်။

ယင်းကုမ္ပဏီ၏ လေ့လာချက်အရ မြန်မာနိုင်ငံတွင် လူတစ်ဦးချင်း ဘီယာသောက်သုံးမှုသည် တစ်နှစ်အတွင်း ပျမ်းမျှ လေးလီတာသာရှိနေပြီး အာရှတိုက်၏ အနိမ့်ဆုံး သောက်သုံးမှုနှုန်းတွင်သာရှိနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အရက်ပြင်းထက် ဘီယာသောက်သုံးမှု အလေ့အထ ပိုမိုထွန်းကားလာပြီး အရောင်းဆိုင်များ၏ စာရင်းများအရ စည်ဘီယာသောက်သုံးမှုနှုန်း ၆၀ ရာခိုင်နှုန်းရှိပြီး ပုလင်းနှင့် သံဘူး သောက်သုံးမှု ၄၀ ရာခိုင်နှုန်း ရှိနေသည်။

လက်ရှိပြည်တွင်းထုတ် ဘီယာများမှာ မြန်မာ၊ ဒဂုံနှင့် မန္တလေးဘီယာ တို့ဖြစ်သည်။ မကြာမီကာလအတွင်း Carlsberg ဘီယာနှင့် Heineken ဘီယာတို့ ပြည်တွင်းတွင် ထုတ်လုပ်မှု စတင်မည်ဖြစ်သည်။

Mizzima - News in Burmese
ပြည်တွင်း ဘီယာထုတ်လုပ်နိုင်စွမ်းသည် လီတာသန်း ၁၇၀ သာရှိပြီး ပြည်ပမှ လီတာသန်း ၁၆၀ ခန့် ဝင်ရောက်နေသည်။
မြန်မာနိုင်ငံတွင် ဘီယာသောက်သုံးမှုနှုန်း လီတာသန်း ၃၃၀ ရှိပြီး ပြည်တွင်း ထုတ်လုပ်နိုင်စွမ်း ၏ နှစ်ဆခန့် ရှိနေသည်ဟု Carlsberg ဘီယာနှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်နေသူ ဦးသိန်းထွန်း(ဥက္ကဋ္ဌ- MGS ကုမ္ပဏီအုပ်စု) က ပြောသည်။

“ထုတ်နိုင်တာက သန်း ၁၇၀ လီတာ။ ဒါပေမဲ့ ရောင်းနေတာက သန်း ၃၃၀ လီတာ။ လီတာ သန်း ၁၆၀ က နိုင်ငံခြားကနေ မှောင်ခိုဝင်တယ်။ ဒီမှာ အပြည့်အ၀ ထုတ်နိုင်ရင် နိုင်ငံခြားကို ငွေတွေ စီးမထွက်နို င်တော့ ဘူး”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဘီယာသောက်သုံးမှု နှစ်စဉ်မြင့်တက်လျက်ရှိသည်ဟု ဘီယာထုတ်လုပ် ရောင်းချသူ များက ပြော ကြားခဲ့ပြီး နိုင်ငံအတွင်း ရောင်းအားအမြင့်ဆုံးဖြစ်သော မြန်မာစည်ဘီယာရောင်းချမှုသည် ၁၀ လအတွင်း ခွက်ပေါင်း သန်းလေးရာကျော်အထိရှိခဲ့ပြီး နှစ်စဉ် စံချိန်တင်ရောင်းချနေရသည်ဟု ဆိုသည်။

မြန်မာဘရူဝါရီလီမိတက်မှ အရောင်းညွှန်ကြားရေးမှူး ဒေါ်မြစိမ်းရီက “ဘီယာသောက်သုံးတဲ့ နှုန်းတွေက များလာ ပါတယ်။ လူဦးရေ များလာတာနဲ့အမျှ၊ ယောက်ျားလေး ဦးရေများလာတာနဲ့အမျှ ဘီယာသောက် လာတာတွေ များလာပါတယ်။ နှစ်တိုင်း ကျွန်မတို့မှာ အကျဆိုတာ မရှိဘူး။ ဈေးကွက်မှာ ယှဉ်ပြိုင်မှု မရှိတာ လည်း ဖြစ်ရင်ဖြစ်နိုင်ပါတယ်”ဟု ဆိုသည်။

Myanmar Carlsberg ကုမ္ပဏီသည် လာမည့်အောက်တိုဘာလတွင် ဘီယာအမျိုးအစား သုံးမျိုးနှင့် စည် ဘီယာကိုပါ ထုတ်လုပ်ရောင်းချသွားမည်ဟု ဦးသိန်းထွန်းက ပြောသည်။

ယင်းကုမ္ပဏီ၏ လေ့လာချက်အရ မြန်မာနိုင်ငံတွင် လူတစ်ဦးချင်း ဘီယာသောက်သုံးမှုသည် တစ်နှစ် အတွင်း ပျမ်းမျှ လေးလီတာသာရှိနေပြီး အာရှတိုက်၏ အနိမ့်ဆုံး သောက်သုံးမှုနှုန်းတွင်သာရှိနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အရက်ပြင်းထက် ဘီယာသောက်သုံးမှု အလေ့အထ ပိုမိုထွန်းကားလာပြီး အရောင်းဆိုင် များ၏ စာရင်းများအရ စည်ဘီယာသောက်သုံးမှုနှုန်း ၆၀ ရာခိုင်နှုန်းရှိပြီး ပုလင်းနှင့် သံဘူး သောက်သုံးမှု ၄၀ ရာခိုင်နှုန်း ရှိနေသည်။

လက်ရှိပြည်တွင်းထုတ် ဘီယာများမှာ မြန်မာ၊ ဒဂုံနှင့် မန္တလေးဘီယာ တို့ဖြစ်သည်။ မကြာမီကာလအတွင်း Carlsberg ဘီယာနှင့် Heineken ဘီယာတို့ ပြည်တွင်းတွင် ထုတ်လုပ်မှု စတင်မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment