Monday 25 August 2014

ထိုင်းစက်ရုံပေါက်ကွဲမှုတွင် သေဆုံးခဲ့သော မြန်မာအမျိုးသမီးလုပ်သားအတွက် ဘတ်တစ်သိန်းခွဲကျော် လျော်ကြေးပေး

Photo: ထိုင်းစက်ရုံပေါက်ကွဲမှုတွင် သေဆုံးခဲ့သော မြန်မာအမျိုးသမီးလုပ်သားအတွက် ဘတ်တစ်သိန်းခွဲကျော် လျော်ကြေးပေး
Monday, August 25, 2014

စက်ရုံပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသော မြန်မာလုပ်သားတစ်ဦး ဘန်ကောက် ဘုရင့်ဆေးရုံတွင် ဆေးကုသမှုခံနေစဉ် (ဓာတ်ပုံ-ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်(MWRN))  ထိုင်းနိုင်ငံ စမွန်ပါကန် မြို့နယ်ရှိ ဆေးဆိုး ပန်းရိုက်စက်ရုံ ပေါက်ကွဲမှုတွင် သေဆုံးသူမြန်မာ အမျိုးသမီးအတွက် ထိုင်း အစိုးရ နှင့် အလုပ်ရှင်က ဘတ်ငွေတစ် သိန်းခွဲကျော် (ကျပ် ၄၅ သိန်းဝန်း ကျင်)လျော်ကြေးပေးခဲ့ပြီး ဒဏ် ရာရသော အလုပ်သမားများကို လည်း လျော်ကြေးပေး ရန် မြန်မာ သံအရာရှိရှေ့တွင် ဒေသဆိုင်ရာ ထိုင်းအစိုးရ တာဝန်ရှိသူများက ကတိပေးခဲ့ကြောင်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမား အခွင့် အရေးကွန်ရက် (MWRN)မှ သတင်းရရှိသည်။

ဩဂုတ် ၁၇ ရက်က စမွန်ပါ ကန်မြို့နယ် ဆေးဆိုးပန်းရိုက် စက်ရုံရှိ ဘွိုင်လာအိုး ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး မြန်မာအလုပ်သမား ၁၈ ဦး ဒဏ်ရာရကာ ဒဏ်ရာပြင်းထန် သည့် အမျိုးသမီးတစ်ဦးမှာ ဩဂုတ် ၁၉ ရက်တွင် ဆေးရုံ၌ သေဆုံးခဲ့သည်။ ၎င်းတို့အားလုံးမှာ MOU စနစ်ဖြင့် သွားရောက် သူများဖြစ်သည့်အပြင် ထိုင်းနိုင်ငံ လူမှုဖူလုံရေးအာမခံရထားသူများ ဖြစ်သောကြောင့် ထိုင်းအစိုးရ၏ ထောက်ပံ့ကြေး ရရှိခြင်းဖြစ် ကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN)မှ ဦးအောင်ကျော်က ပြောသည်။
‘‘အလုပ်ရှင်သူဌေးက အလုပ်သမားတိုင်းကို နစ်နာကြေးများပေးမယ်လို့ ကတိပေးပြီး ပထမဦးဆုံးအနေနဲ့ သေဆုံးသွား သူ အမျိုးသမီးအတွက် ဘတ်ငွေ တစ်သိန်းခွဲကျော်ပေးတာပါ။ ကျန်လုပ်သားတွေကိုလည်း အသေးစိတ်စိစစ်ပြီး ဆက်ပြီးပေးသွားမယ်လို့ ကတိပြုသွားပါတယ်။ မြန်မာအလုပ်သမား သံအရာရှိရှေ့မှာ ကတိပေးတာပါ’’ ဟု ဦးအောင်ကျော်က ပြောသည်။

သေဆုံးသူအမျိုးသမီးမှာ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန် ရွာမှဖြစ်ပြီးအဆိုပါဆေးဆိုးပန်း ရိုက်စက်ရုံတွင် အလုပ်လုပ်နေ သူဖြစ်သည်။ ၎င်း၏ ခင်ပွန်းမှာလည်း ဒဏ်ရာပြင်းထန်ပြီး ထိုင်းဘုရင့်ဆေးရုံတွင် ဆေးကုနေရဆဲဖြစ်ကာ  သား၊ သမီးသုံးဦး  ကျန်ရစ်ခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူအတွက် စုစု ပေါင်းလျော်ကြေး ထိုင်းဘတ်ငွေ ၁၅၁,၇၈၃ ရရှိခဲ့ပြီး ဒဏ်ရာရ အလုပ်သမားရှစ်ဦး ဆေးကုနေရ ဆဲဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ အစိုးရကလည်း ပေါက်ကွဲမှုဖြစ်စဉ်တွင် ထိခိုက်ခဲ့ သည့် မြန်မာအလုပ်သမား ၁၈ ဦးအတွက် ထောက်ပံ့ကြေးထိုင်း ဘတ်ငွေ ၄၆,၀၀၀ ပေးခဲ့ပြီး ပျက် စီးသွားသော တန်းလျားများ ပြန် လည်တည်ဆောက်နေစဉ် နေရာ ထိုင်ခင်း စီစဉ်ပေးထားရန်နှင့် လတ်တလောတွင် အလုပ်သမား များ၏ စားဝတ်နေရေးအတွက် နေစရာ၊ စားစရာများ အခမဲ့ ထောက်ပံ့ထားရန် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှတစ်ဆင့် ညွှန်ကြား ထားသည်။

7Day DAILY 

စက်ရုံပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသော မြန်မာလုပ်သားတစ်ဦး ဘန်ကောက်ဘုရင့်ဆေးရုံတွင် ဆေးကုသမှုခံနေစဉ်
စက်ရုံပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသော မြန်မာလုပ်သားတစ်ဦး ဘန်ကောက်ဘုရင့်ဆေးရုံ တွင် ဆေး ကုသမှု ခံနေစဉ်
စက်ရုံပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသော မြန်မာလုပ်သားတစ်ဦး ဘန်ကောက် ဘုရင့်ဆေးရုံ တွင် ဆေးကု သမှု ခံနေစဉ် (ဓာတ်ပုံ-ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်(MWRN))  ထိုင်းနိုင်ငံ စမွန်ပါကန် မြို့နယ်ရှိ ဆေးဆိုး ပန်းရိုက်စက်ရုံ ပေါက်ကွဲမှုတွင် သေဆုံးသူမြန်မာ အမျိုးသမီးအတွက် ထိုင်း အစိုးရ နှင့် အလုပ်ရှင်က ဘတ်ငွေတစ် သိန်းခွဲကျော် (ကျပ် ၄၅ သိန်းဝန်း ကျင်)လျော်ကြေးပေးခဲ့ပြီး ဒဏ် ရာရသော အလုပ်သမားများကို လည်း လျော်ကြေးပေး ရန် မြန်မာ သံအရာရှိရှေ့တွင် ဒေသဆိုင်ရာ ထိုင်းအစိုးရ တာဝန်ရှိသူများက ကတိပေးခဲ့ကြောင်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမား အခွင့် အရေးကွန်ရက် (MWRN)မှ သတင်းရရှိသည်။
ဩဂုတ် ၁၇ ရက်က စမွန်ပါ ကန်မြို့နယ် ဆေးဆိုးပန်းရိုက် စက်ရုံရှိ ဘွိုင်လာအိုး ပေါက် ကွဲမှု ဖြစ် ခဲ့ပြီး မြန်မာ အလုပ်သမား ၁၈ ဦး ဒဏ်ရာရကာ ဒဏ်ရာပြင်းထန် သည့် အမျိုးသမီးတစ်ဦးမှာ ဩဂုတ် ၁၉ ရက် တွင် ဆေးရုံ၌ သေဆုံးခဲ့သည်။ ၎င်းတို့အားလုံးမှာ MOU စနစ်ဖြင့် သွားရောက် သူများဖြစ်သည့်အပြင် ထိုင်းနိုင်ငံ လူမှုဖူလုံရေးအာမခံရထားသူများ ဖြစ်သောကြောင့် ထိုင်းအစိုးရ၏ ထောက်ပံ့ကြေး ရရှိခြင်းဖြ စ် ကြော င်း ရွှေ့ ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် (MWRN)မှ ဦးအောင်ကျော် က ပြောသည်။
‘‘အလုပ်ရှင်သူဌေးက အလုပ်သမားတိုင်းကို နစ်နာကြေးများပေးမယ်လို့ ကတိပေးပြီး ပထမဦးဆုံးအနေ နဲ့ သေ ဆုံး သွား သူ အမျိုးသမီးအတွက် ဘတ်ငွေ တစ်သိန်းခွဲကျော်ပေးတာပါ။ ကျန်လုပ်သားတွေကိုလည်း အသေးစိတ်စိစစ်ပြီး ဆက်ပြီးပေးသွားမယ်လို့ ကတိပြုသွားပါတယ်။ မြန်မာအလုပ်သမား သံအရာရှိရှေ့မှာ ကတိပေးတာပါ’’ ဟု ဦးအောင်ကျော်က ပြောသည်။

သေဆုံးသူအမျိုးသမီးမှာ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန် ရွာမှဖြစ်ပြီးအဆိုပါဆေးဆိုးပန်း ရိုက်စက်ရုံတွင် အလုပ်လုပ်နေ သူဖြစ်သည်။ ၎င်း၏ ခင်ပွန်းမှာလည်း ဒဏ်ရာပြင်းထန်ပြီး ထိုင်းဘုရင့်ဆေးရုံတွင် ဆေး ကုနေ ရဆဲဖြစ်ကာ  သား၊ သမီးသုံးဦး  ကျန်ရစ်ခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူအတွက် စုစု ပေါင်းလျော်ကြေး ထိုင်းဘတ်ငွေ ၁၅၁,၇၈၃ ရရှိခဲ့ပြီး ဒဏ်ရာရ အလုပ်သမား ရှစ်ဦး ဆေးကုနေရ ဆဲဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ အစိုးရကလည်း ပေါက်ကွဲမှုဖြစ်စဉ်တွင် ထိခိုက်ခဲ့သည့် မြန်မာအလုပ်သမား ၁၈ ဦး အတွက် ထောက် ပံ့ကြေးထိုင်း ဘတ်ငွေ ၄၆,၀၀၀ ပေးခဲ့ပြီး ပျက် စီးသွားသော တန်းလျားများ ပြန် လည်တည်ဆောက်နေစဉ် နေရာ ထိုင်ခင်း စီစဉ်ပေးထားရန်နှင့် လတ်တလောတွင် အလုပ်သမား များ၏ စားဝတ်နေရေးအတွက် နေစရာ၊ စားစရာများ အခမဲ့ ထောက်ပံ့ထားရန် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ တစ်ဆင့် ညွှန်ကြား ထားသည်။

7Day DAILY

No comments:

Post a Comment