Monday 25 August 2014

ရခိုင်နှင့် ကုလကြား နှစ်ဖက်နားလည်မှု တည်ဆောက်ရန် ကုလကိုယ်စားလှယ် တိုက်တွန်း

Photo: ရခိုင်နှင့် ကုလကြား နှစ်ဖက်နားလည်မှု တည်ဆောက်ရန် ကုလကိုယ်စားလှယ် တိုက်တွန်း
Monday, August 25, 2014

ရခိုင်တိုင်းရင်းသားများနှင့် ကုလသမဂ္ဂအကြား နှစ်ဖက်နားလည်မှု တည်ဆောက်ရန် လိုအပ်သည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားက ရခိုင်ပြည်နယ် ခရီးစဉ်တွင် ပြောကြားသည်။

ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် နမ်ဘီးယားသည် စစ်တွေမြို့တွင် မြို့မိမြို့ဖများနှင့် သြဂုတ်လ ၂၃ ရက်နေ့က တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကုလသမဂ္ဂအနေနှင့် ဘက်မလိုက်မှု၊ မျှတမှု၊ လူသားချင်းစာနာမှုတို့ကို လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ပြီး ပဋိပက္ခများကို ဖြေရှင်းရန် ရခိုင်နှင့် ဘင်္ဂါလီ နှစ်ဖက်ဆွေးနွေးရန် လိုအပ်သည်ဟု နမ်ဘီးယားက ပြောဆိုခဲ့ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။

၁၉၈၂ ခုနှစ် ဥပဒေအတိုင်း ဘင်္ဂါလီများကို နိုင်ငံသားစိစစ်ရာတွင် ပူးပေါင်း ပါဝင်ရန်လည်း နမ်ဘီးယားက ရခိုင်တိုင်းရင်းသားများကို တိုက်တွန်းခဲ့သည်။

"ရိုဟင်ဂျာဆိုတဲ့ နာမည်ဟာ မြန်မာနိုင်ငံရဲ့ ဥပဒေအတိုင်းပဲ ဖြစ်စေရမယ်လို့ ပြောတယ်" ဟု ဦးသန်းထွန်းက ဆိုသည်။

ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းရန် ကြိုးပမ်းနေသည့် အစိုးရကို ဖိအားပေးခြင်း မလုပ်ဘဲ ထိရောက်သော အကူအညီများပေးရန်၊ နိုင်ငံသားစိစစ်ရာတွင် ပူးပေါင်း ပါဝင်ရန်များကို ရခိုင်တိုင်းရင်းသားများအား မတိုက်တွန်းဘဲ ဘင်္ဂါလီများကို သွားရောက်တိုက်တွန်းရန် နမ်ဘီးယားကို တင်ပြခဲ့ကြောင်း မြို့မိမြို့ဖများထံမှ သိရှိရသည်။

"UN နဲ့ ရခိုင်တို့ကြားမှာ နားလည်မှု တည်ဆောက်ဖို့ UN ဘက်က အမှန်ကို မြင်တတ်ဖို့ ဦးစွာ ကြိုးစားရပါလိမ့်မယ်" ဟု ဦးသန်းထွန်းက ဆိုသည်။

နမ်ဘီးယားသည် ရခိုင်ပြည်နယ်သို့ သြဂုတ်လ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ လာရောက်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် လုပ်ငန်းဆောင်ရွက်နေသည့် ကုလသမဂ္ဂ အပါအဝင် INGO အများစုသည် လူ့အဖွဲ့အစည်း နှစ်ခုကြား မမျှမတ အကူအညီပေးခြင်း၊ ဆက်ဆံခြင်း၊ ပွင့်လင်းမြင်သာမှု မရှိဟုဆိုကာ INGO များကို ရခိုင်တိုင်းရင်းသားများက အကြိမ်ကြိမ် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

The Voice Weekly
ရခိုင်တိုင်းရင်းသားများနှင့် ကုလသမဂ္ဂအကြား နှစ်ဖက်နားလည်မှု တည်ဆောက်ရန် လိုအပ်သည်ဟု ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားက ရခိုင်ပြည် နယ် ခရီးစဉ်တွင် ပြောကြားသည်။
ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် နမ်ဘီးယားသည် စစ်တွေမြို့တွင် မြို့မိမြို့ဖများနှင့် သြဂုတ်လ ၂၃ ရက်နေ့ က တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကုလသမဂ္ဂအနေနှင့် ဘက်မလိုက်မှု၊ မျှတမှု၊ လူသားချင်းစာနာမှုတို့ကို လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြော ဆို ခဲ့ပြီး ပဋိပက္ခများကို ဖြေရှင်းရန် ရခိုင်နှင့် ဘင်္ဂါလီ နှစ်ဖက်ဆွေးနွေးရန် လိုအပ်သည်ဟု နမ်ဘီးယား က ပြောဆိုခဲ့ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။

၁၉၈၂ ခုနှစ် ဥပဒေအတိုင်း ဘင်္ဂါလီများကို နိုင်ငံသားစိစစ်ရာတွင် ပူးပေါင်း ပါဝင်ရန်လည်း နမ်ဘီးယားက ရခိုင်တိုင်းရင်းသားများကို တိုက်တွန်းခဲ့သည်။

"ရိုဟင်ဂျာဆိုတဲ့ နာမည်ဟာ မြန်မာနိုင်ငံရဲ့ ဥပဒေအတိုင်းပဲ ဖြစ်စေရမယ်လို့ ပြောတယ်" ဟု ဦးသန်းထွန်း က ဆိုသည်။

ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းရန် ကြိုးပမ်းနေသည့် အစိုးရကို ဖိအားပေးခြင်း မလုပ်ဘဲ ထိရောက်သော အကူအညီများပေးရန်၊ နိုင်ငံသားစိစစ်ရာတွင် ပူးပေါင်း ပါဝင်ရန်များကို ရခိုင်တိုင်းရင်းသားများအား မတိုက် တွန်းဘဲ ဘင်္ဂါလီများကို သွားရောက်တိုက်တွန်းရန် နမ်ဘီးယားကို တင်ပြခဲ့ကြောင်း မြို့မိမြို့ဖများထံမှ သိရှိရ သည်။

"UN နဲ့ ရခိုင်တို့ကြားမှာ နားလည်မှု တည်ဆောက်ဖို့ UN ဘက်က အမှန်ကို မြင်တတ်ဖို့ ဦးစွာ ကြိုးစားရ ပါလိမ့်မယ်" ဟု ဦးသန်းထွန်းက ဆိုသည်။

နမ်ဘီးယားသည် ရခိုင်ပြည်နယ်သို့ သြဂုတ်လ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ လာရောက်ခြင်း ဖြစ်ေ ကြာင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် လုပ်ငန်းဆောင်ရွက်နေသည့် ကုလသမဂ္ဂ အပါအဝင် INGO အများစုသည် လူ့အဖွဲ့ အစည်း နှစ်ခုကြား မမျှမတ အကူအညီပေးခြင်း၊ ဆက်ဆံခြင်း၊ ပွင့်လင်းမြင်သာမှု မရှိဟုဆိုကာ INGO များ ကို ရခိုင်တိုင်းရင်းသားများက အကြိမ်ကြိမ် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment