Monday 25 August 2014

ဥပဒေချိုးဖောက်သည့် အလုပ်ရှင်ကို ငွေဒဏ်အပြင် ထောင်ဒဏ်ပါချရန် သမ္မတမှတ်ချက်ပေး

Photo: ဥပဒေချိုးဖောက်သည့် အလုပ်ရှင်ကို ငွေဒဏ်အပြင် ထောင်ဒဏ်ပါချရန် သမ္မတမှတ်ချက်ပေး
Monday, August 25, 2014

အသစ်ပြင်ဆင်ရေးဆွဲ နေသော အငြင်းပွားမှုဖြေရှင်းရေး ဥပဒေတွင် ဥပဒေချိုးဖောက် သည့် အလုပ်ရှင်ကို ငွေဒဏ်ကျပ်ငါးသိန်း အပြင် ထောင်ဒဏ်ပါ ချမှတ်သင့် ကြောင်း သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ သဘောထားမှတ် ချက် ပေးပို့ထားကြောင်း သတင်း ရရှိသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သော အလုပ်သမားရေး ရာ အငြင်းပွားမှုဖြေရှင်းရေး ဥပ ဒေတွင် ဥပဒေ ချိုးဖောက်သည့် အလုပ်ရှင်ကို အရေးယူရာ၌ ဒဏ် ငွေကျပ်တစ်သိန်းသာ ပြဋ္ဌာန်းခဲ့၍ အလုပ်ရှင်အများစုမှာ လေးစား လိုက်နာမှုအားနည်းခဲ့သည်။

ထို့ကြောင့် ယင်းဥပဒေကို ပြန်လည်ပြင်ဆင်ရန် ညှိနှိုင်းဆွေး နွေးခဲ့ပြီးနောက် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့သည်။

ထိုသို့လွှတ်တော်သို့ တင် သွင်း အဆိုပြုရာတွင် ပြည်သူ့ လွှတ်တော်က ထောင်ဒဏ် ထည့် သွင်းဖော်ပြမှုကို ပယ်ချခဲ့၍ နိုင်ငံ တော် သမ္မတက ငွေဒဏ်အပြင် ထောင်ဒဏ်ပါ ထည့်သွင်းပြဋ္ဌာန်း ရန် ပြည်ထောင်စုလွှတ်တော်သို့ သဘောထား မှတ်ချက်ပေးခဲ့ သည်။

‘‘ပြစ်ဒဏ်က အမြင့်ဆုံး ငါး သိန်းထိပဲ ချမှတ်နိုင်လို့ ပြစ်ဒဏ် မှာထောင်ပါ ချသင့်တယ်လို့ သမ္မ တက ပြည်ထောင်စုလွှတ်တော် ကို သဘောထားမှတ်ချက်ပေးပြီး အတည်ပြုခဲ့တယ်။ အမျိုးသား လွှတ်တော်မှာ ပြစ်ဒဏ်ပါတယ်’’ ဟု ပြည်ထောင်စုလွှတ်တော် ဥပ ဒေကြမ်းပူးပေါင်းကော်မတီဝင် တစ်ဦးက ပြောသည်။

‘‘သမ္မတက အခုလို သဘော ထားမှတ်ချက်ပေးတာ ကောင်းပါ တယ်။ ထိထိရောက်ရောက် အ ရေးယူပြီး အကောင်ထည်ဖော်တဲ့ သူတွေလည်း ထိရောက်ဖို့ လိုပါ တယ်။ ပြည်သူ့လွှတ်တော်မှာ ပယ်ချတဲ့အပိုင်း ပြောရရင် အ လုပ်သမားတွေကလည်း  နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုပါ တယ်။ အဲဒါကို စိုးရိမ်ပြီး ပယ်ချ တယ်ဆိုရင် အခုလာမယ့်သူတွေ က ဥပဒေချိုးဖောက်ဖို့ အဆင် သင့်ပြင်လာလို့လား။ အလုပ်သ မားတွေကတော့ ဥပဒေကို ချိုး ဖောက်ဖို့ ၀င်လာတဲ့ အလုပ်ရှင် တော့ အလိုမရှိပါဘူး’’ ဟု တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမား ဒေါ် မိုးဝေက ပြောသည်။

အဆိုပါ အလုပ်ရှင်၊ အလုပ် သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ထွက်ရှိပြီးနောက် အမှု ပေါင်း ၁၅၀၀ ကျော် ဖြေရှင်းခဲ့ သည်။ ယခုနှစ် ဇွန်လအတွင်း အအစိုးရက အလုပ်ရှင် အပါအ၀င် အလုပ်ရှင် ကိုယ်စားလှယ်များအားယဉ်ကျေးသိမ်မွေ့ ရက်တိုသင်တန်းကို အစိုးရက သင်ကြားပို့ချခဲ့သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွား လျက်ရှိသော အလုပ်ရှင်၊ အလုပ် သမား အငြင်းပွားမှုများ၌ လုပ်ခလစာနည်းပါး၍ တိုးမြှင့်တောင်း ခံခြင်း၊ အလုပ်ရှင်က မချေမငံ ပြောဆိုဆက်ဆံခြင်း စသည့် အ ကြောင်းအရာများ အဓိကဖြစ်ပွား လျက်ရှိပြီး ၎င်းတို့အပေါ် မချေမငံ ပြောဆိုဆက်ဆံသော မန်နေဂျာ၊ ကြီးကြပ်ရေးမှူးနှင့်ခေါင်းဆောင် ပိုင်းကို အလုပ်မှ ထုတ်ပယ်ပေး ရန် တောင်းဆိုလျက်ရှိသည်။

7Day DAILY 

ဆန္ဒပြနေသည့် စက်ရုံအလုပ်သမားများကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ဆန္ဒပြနေသည့် စက်ရုံအလုပ်သမားများကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
အသစ်ပြင်ဆင်ရေးဆွဲ နေသော အငြင်းပွားမှုဖြေရှင်းရေး ဥပဒေတွင် ဥပဒေချိုးဖောက်သည့် အလုပ်ရှင် ကို ငွေဒဏ်ကျပ်ငါးသိန်း အပြင် ထောင်ဒဏ်ပါ ချမှတ်သင့် ကြောင်း သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ သဘောထားမှတ် ချက် ပေးပို့ထားကြောင်း သတင်း ရရှိသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သော အလုပ်သမားရေး ရာ အငြင်းပွားမှုဖြေရှင်းရေး ဥပ ဒေတွင် ဥပဒေ ချိုးဖောက်သည့် အလုပ်ရှင်ကို အရေးယူရာ၌ ဒဏ် ငွေကျပ်တစ်သိန်းသာ ပြဋ္ဌာန်းခဲ့၍ အလုပ်ရှင်အများစု မှာ လေးစား လိုက်နာမှုအားနည်းခဲ့သည်။

ထို့ကြောင့် ယင်းဥပဒေကို ပြန်လည်ပြင်ဆင်ရန် ညှိနှိုင်းဆွေး နွေးခဲ့ပြီးနောက် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့ သည်။

ထိုသို့လွှတ်တော်သို့ တင် သွင်း အဆိုပြုရာတွင် ပြည်သူ့ လွှတ်တော်က ထောင်ဒဏ် ထည့် သွင်းဖော်ပြမှုကို ပယ်ချခဲ့၍ နိုင်ငံ တော် သမ္မတက ငွေဒဏ်အပြင် ထောင်ဒဏ်ပါ ထည့်သွင်းပြဋ္ဌာန်း ရန် ပြည်ထောင်စု လွှတ်တော်သို့ သဘောထား မှတ်ချက်ပေးခဲ့ သည်။

‘‘ပြစ်ဒဏ်က အမြင့်ဆုံး ငါး သိန်းထိပဲ ချမှတ်နိုင်လို့ ပြစ်ဒဏ် မှာထောင်ပါ ချသင့်တယ်လို့ သမ္မတက ပြည်ထောင် စု လွှတ်တော် ကို သဘောထားမှတ်ချက်ပေးပြီး အတည်ပြုခဲ့တယ်။ အမျိုးသား လွှတ်တော် မှာ ပြစ်ဒဏ်ပါတယ်’’ ဟု ပြည်ထောင်စုလွှတ်တော် ဥပ ဒေကြမ်းပူးပေါင်းကော်မတီဝင် တစ်ဦးက ပြောသည်။

‘‘သမ္မတက အခုလို သဘော ထားမှတ်ချက်ပေးတာ ကောင်းပါ တယ်။ ထိထိရောက်ရောက် အ ရေးယူပြီး အကောင်ထည်ဖော်တဲ့ သူတွေလည်း ထိရောက်ဖို့ လိုပါ တယ်။ ပြည်သူ့လွှတ်တော်မှာ ပယ်ချတဲ့အပိုင်း ပြောရရင် အ လုပ်သမားတွေကလည်း  နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုပါ တယ်။ အဲဒါကို စိုးရိမ်ပြီး ပယ်ချ တယ်ဆိုရင် အခုလာမယ့်သူတွေ က ဥပဒေချိုးဖောက်ဖို့ အဆင် သင့်ပြင်လာလို့လား။ အလုပ်သ မားတွေကတော့ ဥပဒေကို ချိုး ဖောက်ဖို့ ၀င်လာတဲ့ အလုပ်ရှင် တော့ အလိုမရှိပါဘူး’’ ဟု တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမား ဒေါ် မိုးဝေက ပြောသည်။

အဆိုပါ အလုပ်ရှင်၊ အလုပ် သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ထွက်ရှိပြီးနောက် အမှု ပေါင်း ၁၅၀၀ ကျော် ဖြေရှင်းခဲ့ သည်။ ယခုနှစ် ဇွန်လအတွင်း အအစိုးရက အလုပ်ရှင် အပါအ၀င် အလုပ်ရှင် ကိုယ်စားလှယ်များအားယဉ်ကျေးသိမ်မွေ့ ရက်တိုသင်တန်းကို အစိုးရက သင်ကြားပို့ချခဲ့သည်။ မြန်မာနိုင်ငံ တွင် ဖြစ်ပွား လျက်ရှိသော အလုပ်ရှင်၊ အလုပ် သမား အငြင်းပွားမှုများ၌ လုပ်ခလစာနည်းပါး၍ တိုးမြှင့်တောင်း ခံခြင်း၊ အလုပ်ရှင်က မချေမငံ ပြောဆိုဆက်ဆံခြင်း စသည့် အ ကြောင်းအရာများ အဓိကဖြစ်ပွား လျက်ရှိပြီး ၎င်းတို့အပေါ် မချေမငံ ပြောဆိုဆက်ဆံသော မန်နေဂျာ၊ ကြီးကြပ်ရေး မှူးနှင့်ခေါင်းဆောင် ပိုင်းကို အလုပ်မှ ထုတ်ပယ်ပေး ရန် တောင်းဆိုလျက်ရှိသည်။

7Day DAILY

No comments:

Post a Comment