Monday 25 August 2014

ဝန်ကြီးများ၊ နာမည်ကြီးပုဂ္ဂိုလ်များနှင့် လုပ်ငန်းများ၏ ငွေကြေးခ၀ါချမှုဖြစ်စဉ်များကို စိစစ်သွားမည်ဆို

Photo: ၀န်ကြီးများ၊ နာမည်ကြီးပုဂ္ဂိုလ်များနှင့် လုပ်ငန်းများ၏ ငွေကြေးခ၀ါချမှုဖြစ်စဉ်များကို စိစစ်သွားမည်ဆို
Monday, August 25, 2014

ငွေကြေးခ၀ါချမှု ထိန်းချုပ်ရေးအတွက် ၀န်ကြီးများ၊ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်း တစ်ခုချင်းစီအလိုက် စစ်ဆေးစိစစ်မှုများ ဆောင်ရွက်သွားမည်ဟု ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ FIU တာဝန်ရှိသူများက မီဒီယာများကို ပြောသည်။

ထိုသို့ ထိန်းချုပ်မှု ဆောင်ရွက်ရာတွင် အစိုးရ၀န်ကြီးအဆင့် အပါအ၀င် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ငွေကြေးခ၀ါချမှု ဖြစ်စဉ်များကို တွေ့ရှိရပါက ခိုင်လုံသည့် သက်သေများဖြင့် သတင်းပေးနိုင်ပြီး ယင်းသတင်းများအတိုင်း စိစစ်ဖော်ထုတ် အရေးယူမှုများကိုပါ လုပ်ကိုင်သွားမည်ဟု သြဂုတ် ၂၂ ရက်က မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ် UMFCCI တွင် ကျင်းပသော ငွေကြေးခ၀ါချမှုဥပဒေ ရှင်းလင်းပွဲတွင် ပြောသည်။

ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ ဒုတိယရဲမှူး ကျော်ဝင်းသိန်းက “ငွေကြေးခ၀ါချမှုက ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ငွေမည်းကို ငွေဖြူဖြစ်အောင် လုပ်တာလဲ၊ ငွေပမာဏ ဘယ်လောက်အထိ လုပ်နေကြတာလဲ ဆိုတာတွေကို လေ့လာရတော့မယ်။ သိပ်မကြာမီ နှစ်တွေတုန်းက သာမန်စပယ်ယာတစ်ဦးကနေ အရမ်းကို ကျော်ကြားတဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်သွားတာမျိုးလို အချိန်တိုအတွင်း ကြီးပွားလာတဲ့သူတွေလည်း ရှိနိုင်တယ်။ ဒါတွေကို စုံစမ်းဖို့အတွက် ဒီအဖွဲ့ FIU ကို ဖွဲ့ထားတာပါ။ အဲဒါတွေအတွက် အစီအစဉ်တွေ စီမံမှုတွေ ရှိပြီးသားဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ငွေကြေးခ၀ါချမှုများကို တိုက်ဖျက်နိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI တို့ပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းထားခြင်းဖြစ်ကာ ယင်းတို့မှတစ်ဆင့် သတင်းရယူခြင်းများဖြင့် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ ဒုတိယရဲမှူးမြင့်စိုးက “ အရမ်းချမ်းသာတဲ့ ပုဂ်္ဂိုလ်မှ၊ ပြည်ထောင်စုဝန်ကြီးမှ မဟုတ်ဘူး။ အဲဒီထက်မြင့်တဲ့ အခွင့်အာဏာရှိသူကလည်း ငွေကြေးခ၀ါချမှု ဥပဒေနဲ့ မလွတ်ကင်းတာကိုတွေ့ရင်တော့ ဥပဒေကြောင်းအရ အရေးယူမှုက လုပ်ရမှာပဲ။ စီးပွားရေးလုပ်ငန်း တစ်ခုချင်းစီရဲ့ ငွေကြေးစီးဆင်းမှုကိုလည်း စုံစမ်းပြီး လုပ်သွားမှာပါ။ လောလောဆယ်မှာတော့ သတင်းရယူတဲ့ အပိုင်းကနေ အရင်သွားရမှာပါ ”ဟု ပြောသည်။

အဆိုပါ ဆောင်ရွက်မှုများအတွက် စီးပွားရေးလုပ်ငန်း နယ်ပယ်အလိုက် အသင်းအဖွဲ့များကို သတင်းပေး အဖွဲ့အစည်းများအဖြစ် ထားရှိမည်ဖြစ်ကာ လူပုဂ်္ဂိုလ်တစ်ဦးချင်းစီ၏ သတင်းပေးမှုများကိုလည်း လက်ခံကာ စိစစ်မှုများ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ဒုတိယရဲမှူး ကျော်ဝင်းသိန်းက “ဘယ်အဆင့်ပုဂ်္ဂိုလ်ပဲဖြစ်ဖြစ် သတင်းပေးမှုရှိလာရင် စိစစ်အရေးယူမှု လုပ်သွားမှာပါ။ ခိုင်လုံတဲ့ သတင်းဖြစ်ဖို့နဲ့ သက်သေအထောက်အထား မှန်ကန်မှုတွေတော့ ရှိရမှာပါ ”ဟု ပြောသည်။

နိုင်ငံတကာမှ သုတေသနပြုချက်များအရ ကမ္ဘာ့တစ်ဝန်း နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများ၌ ငွေကြေးခ၀ါချမှု ပါဝင်သည့် ငွေကြေးပမာဏမှာ ၂၅ ရာခိုင်နှုန်းခန့်ရှိသည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင်မူ ၂၀၀၂ခုနှစ်မှ လက်ရှိ အချိန်အထိ ၁၀ နှစ်ကျော်အတွင်း ငွေကြေးခ၀ါချမှုပေါင်း ၇၀ ကျော်မှ ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို သိမ်းဆည်းထားနိုင်ခဲ့သည်။ ထို့အတူ ဆက်လက်စုံစမ်းဆဲအမှု ငါးမှုလည်း ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

Mizzima - News in Burmese 

အစိုးရဝန် ကြီးအဆင့်အပါအဝင် လုပ်ငန်းရှင်များကြီးများ၏ ငွေကြေးခဝါချမှုဖြစ်စဉ် များကို တွေ့ရှိရပါက ခိုင်လုံသည့်သက်သေများဖြင့် သတင်းပေးနိုင်သည်။ ဓာတ်ပုံ- အီပီအေ
အစိုးရဝန် ကြီးအဆင့်အပါအဝင် လုပ်ငန်းရှင်များကြီးများ၏ ငွေကြေးခဝါချမှုဖြစ်စဉ်များကို တွေ့ရှိရပါက ခိုင်လုံသည့်သက်သေများဖြင့် သတင်းပေးနိုင်သည်။ ဓာတ်ပုံ- အီပီအေ
ငွေကြေးခ၀ါချမှု ထိန်းချုပ်ရေးအတွက် ၀န်ကြီးများ၊ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ငန်း တစ်ခုချင်းစီအလိုက် စစ်ဆေးစိစစ်မှုများ ဆောင်ရွက်သွားမည်ဟု ငွေကြေးဆိုင်ရာ စုံစမ်းထောက် လှမ်းရေးတပ်ဖွဲ့ FIU တာဝန်ရှိသူများက မီဒီယာများကို ပြောသည်။
ထိုသို့ ထိန်းချုပ်မှု ဆောင်ရွက်ရာတွင် အစိုးရ၀န်ကြီးအဆင့် အပါအ၀င် စီးပွားရေးလုပ်ငန်းရှင်ကြီး များ၏ ငွေကြေး ခ၀ါချမှု ဖြစ်စဉ်များကို တွေ့ရှိရပါက ခိုင်လုံသည့် သက်သေများဖြင့် သတင်းပေးနိုင်ပြီး ယင်း သတင်းများအတိုင်း စိစစ်ဖော်ထုတ် အရေးယူမှုများကိုပါ လုပ်ကိုင်သွားမည်ဟု သြဂုတ် ၂၂ ရက်က မြန် မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ် UMFCCI တွင် ကျင်းပသော ငွေကြေးခ၀ါချမှုဥပဒေ ရှင်းလင်းပွဲ တွင် ပြောသည်။

ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ ဒုတိယရဲမှူး ကျော်ဝင်းသိန်းက “ငွေကြေးခ၀ါချမှုက ဘယ်နေ ရာမှာ ဘယ်လိုပုံစံနဲ့ ငွေမည်းကို ငွေဖြူဖြစ်အောင် လုပ်တာလဲ၊ ငွေပမာဏ ဘယ်လောက်အထိ လုပ်နေကြ တာလဲ ဆိုတာတွေကို လေ့လာရတော့မယ်။ သိပ်မကြာမီ နှစ်တွေတုန်းက သာမန်စပယ်ယာတစ်ဦးကနေ အရမ်းကို ကျော်ကြားတဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်သွားတာမျိုးလို အချိန်တိုအတွင်း ကြီးပွားလာတဲ့ သူတွေလည်း ရှိနိုင်တယ်။ ဒါတွေကို စုံစမ်းဖို့အတွက် ဒီအဖွဲ့ FIU ကို ဖွဲ့ထားတာပါ။ အဲဒါတွေအတွက် အစီအစဉ်တွေ စီမံမှုတွေ ရှိပြီးသားဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ငွေကြေးခ၀ါချမှုများကို တိုက်ဖျက်နိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI တို့ပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းထားခြင်းဖြစ်ကာ ယင်းတို့မှတစ်ဆင့် သတင်းရယူခြင်းများဖြင့် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ ဒုတိယရဲမှူးမြင့်စိုးက “ အရမ်းချမ်းသာတဲ့ ပုဂ်္ဂိုလ် မှ၊ ပြည်ထောင်စု ၀န်ကြီးမှ မဟုတ်ဘူး။ အဲဒီထက်မြင့်တဲ့ အခွင့်အာဏာရှိသူကလည်း ငွေကြေးခ၀ါချမှု ဥပဒေနဲ့ မလွတ်ကင်းတာကိုတွေ့ရင်တော့ ဥပဒေကြောင်းအရ အရေးယူမှုက လုပ်ရမှာပဲ။ စီးပွားရေး လုပ်ငန်း တစ်ခုချင်းစီရဲ့ ငွေကြေးစီးဆင်းမှုကိုလည်း စုံစမ်းပြီး လုပ်သွားမှာပါ။ လောလောဆယ်မှာတော့ သတင်းရယူတဲ့ အပိုင်းကနေ အရင်သွားရမှာပါ ”ဟု ပြောသည်။

အဆိုပါ ဆောင်ရွက်မှုများအတွက် စီးပွားရေးလုပ်ငန်း နယ်ပယ်အလိုက် အသင်းအဖွဲ့များကို သတင်းပေး အဖွဲ့အစည်းများအဖြစ် ထားရှိမည်ဖြစ်ကာ လူပုဂ်္ဂိုလ်တစ်ဦးချင်းစီ၏ သတင်းပေးမှုများကိုလည်း လက်ခံကာ စိစစ်မှုများ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ဒုတိယရဲမှူး ကျော်ဝင်းသိန်းက “ဘယ်အဆင့်ပုဂ်္ဂိုလ်ပဲဖြစ်ဖြစ် သတင်းပေးမှုရှိလာရင် စိစစ်အရေးယူမှု လုပ်သွားမှာပါ။ ခိုင်လုံတဲ့ သတင်းဖြစ်ဖို့နဲ့ သက်သေအထောက်အထား မှန်ကန်မှုတွေတော့ ရှိရမှာပါ ”ဟု ပြောသည်။

နိုင်ငံတကာမှ သုတေသနပြုချက်များအရ ကမ္ဘာ့တစ်ဝန်း နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများ၌ ငွေကြေးခ၀ါချမှု ပါဝင်သည့် ငွေကြေးပမာဏမှာ ၂၅ ရာခိုင်နှုန်းခန့်ရှိသည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင်မူ ၂၀၀၂ခုနှစ်မှ လက်ရှိ အချိန်အထိ ၁၀ နှစ်ကျော်အတွင်း ငွေကြေးခ၀ါချမှုပေါင်း ၇၀ ကျော်မှ ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို သိမ်းဆည်းထားနိုင်ခဲ့သည်။ ထို့အတူ ဆက်လက်စုံစမ်းဆဲအမှု ငါးမှုလည်း ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment