Monday 25 August 2014

စိတ်ဖိစီးမှုလျော့ကျစေမည့် လေ့ကျင့်ခန်းများ

စိတ်ဖိစီးမှုလျော့ကျစေနိုင်သည့် လေ့ကျင့်ခန်းလုပ်ရန်နည်း လမ်းများကို ဖော်ပြပေး လိုက်ပါ သည်။ ယောဂ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းကြောင့် နှလုံးခုန်နှုန်းနှေးကွေးသွားစေပြီး ခေါင်းကို ကြည်လင်စေသည်။ မတ်တတ်ရပ်ပြီး ခန္ဓာကိုယ်ကိုဖြောင့်ဖြောင့်စင်းစင်းထားပါ။ ခြေထောက်ကို ပခုံး အကျယ်အတိုင်းကားထား ပါ။ လက်နှစ်ဖက်လုံးကွေး၍ ဘေးသို့ထုတ်ပါ။ ညာဘက်တံတောင်ဆီသို့ ဘယ် ဘက် ဒူးကိုမတင်စဉ် အသက်ရှူသွင်းပြီး ခြေထောက်ကိုပြန်ချစဉ် အသက်ရှူထုတ်ပါ။ ကျန်တစ်ဖက်ကိုလည်း ယင်းနည်း အတိုင်း ထပ်၍လုပ်ပါ။
လက်ဝှေ့ထိုးခြင်း (သို့မဟုတ်)ကစ်ဘောက်ဆင်ကဲ့သို့ ကြမ်းကြမ်းတမ်းတမ်းကစားရသော လေ့ကျင့်ခန်း များပြု လုပ်ခြင်းဖြင့်  ကျန်းမာရေးညံ့ဖျင်းမှုကို အနိုင်ယူရန်ကူညီနိုင်ပြီး စိတ်ဖိစီးမှုခံစားနေရသူများအတွက် သင့်လျော်သည်။

ထိုက်ကျိကစားနည်းနှင့်ဆင်တူသည့် ကျီကုံးကစားနည်းမှာ သွေးလည်ပတ်မှုကိုအားကောင်းစေသည်။ လက် များကို လှုပ်ခါပြီးလှုပ်၍ရသော ခန္ဓာကိုယ်အပေါ်ပိုင်းအားလုံးလှုပ်ပါ။ ယင်းနောက်ကျောကုန်းမှ ခြေ ဖနော င့်ခြေ ဖျား အထိလှုပ်ပါ။ နှာခေါင်းမှ အသက်ရှူသွင်းပြီး ပါးစပ်မှ အသက်ရှူထုတ်ပါ။ နေပူဆာလှုံရင်း လမ်းလျှောက်ခြင်း (သို့မဟုတ်) ပြေးခြင်းကဲ့သို့ ပေါ့ပေါ့ပါးပါးလုပ်ရသော မည်သည့်လေ့ကျင့်ခန်းမဆို တစ်နေ့လျှင် မိနစ် ၂၀ ခန့် သီတင်းတစ်ပတ်လျှင် သုံးကြိမ်ခန့်လုပ်ပေးခြ င်းဖြင့် နှလုံးအားကောင်းစေ ပြီး ကောင်း စွာ အိပ်စက်နိုင်မည်ဖြစ်သည်။ ပုံမှန်အချိန်အတိုင်း အိပ်စက်ခြင်းမှာလည်း စိုးရိမ်စိတ်ကိုလျော့ ကျစေနိုင်သည်။

ခြေထောက်ကို ရှေ့တွင်ထားပြီးထိုင်ကာ ဘယ်ဘက်ခြေထောက်ကို ညာဘက်ခြေထောက်ပေါ်တင်၍ အနည်းငယ်ကွေးပြီး ခန္ဓာကိုယ်ကို ညာဘက်သို့လှည့်၍လည်းကောင်း ထိုနည်းအတိုင်း အခြားတစ်ဖက်သို့ လှည့်၍ လေ့ကျင့်ခန်းလုပ်ခြင်းကလည်း စိတ်ဖိစီးမှုကိုလျော့ကျစေပြီး အကြောအခြင်ပြေစေသည်။

ထိုက်ကျိကစားခြင်းမှာ စိတ်ရောကိုယ်ပါကျန်းမာရေးအတွက် အကျိုးကျေးဇူးများပေးစွမ်းနိုင်သည်။ ထိုက် ကျိကစားနည်းများအနက် စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်သောနည်းမှာ ခန္ဓာကိုယ်တစ်စောင်းရပ် လျက်ခြေေ ထာက် ကားထားသည့်အနေအထားဖြင့် ညာဘက်လက်ကို ဆန့်ထုတ်ပြီး လက်ဖဝါးကို ကိုယ်နှင့်ဝေး ရာသို့ မျက်နှာမူပါ။ ညာလက်ကို ပြန်ရုပ်ချိန် ဘယ်လက်ကိုဆန့်ထုတ်ပြီး ယင်းနည်းအတိုင်း ဆက် လုပ်ပါ။

7Day DAILY

No comments:

Post a Comment